Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဗင်နီဇွဲလားမှာ အင်အားပြင်း ငလျင်ကြီးနှစ်ခု အတွဲလိုက်လှုပ်ခတ်၊ သေကြေပျက်စီးမှု များပြားနိုင်

အင်အားပြင်းထန်လှတဲ့ ငလျင်ကြီးနှစ်ခု အတွဲလိုက် လှုပ်ခတ်သွားတဲ့နောက် ဗင်နီဇွဲလား နိုင်ငံမှာ ထိခိုက်ပျက်စီးမှုတွေ အများအပြား ဖြစ်ပေါ်ခဲ့ပါတယ်။

ဓာတ်ပုံ - Getty Images

အင်အားပြင်းထန်လှတဲ့ ငလျင်ကြီးနှစ်ခု အတွဲလိုက် လှုပ်ခတ်သွားတဲ့နောက် ဗင်နီဇွဲလား နိုင်ငံမှာ ထိခိုက်ပျက်စီးမှုတွေ အများအပြား ဖြစ်ပေါ်ခဲ့ပါတယ်။

ဇွန်လ ၂၄ ရက်နေ့ ညနေပိုင်းတုန်းက ဗင်နီဇွဲလား မြောက်ပိုင်းမှာရှိတဲ့ ကာရာဘိုဘို ပြည်နယ်ထဲက မိုရိုဧရိယာ အနောက်ပိုင်းကို ဦးတည်ပြီး မဂ္ဂနီကျု ၇.၂ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပါတယ်။ ငလျင်ရဲ့ ဗဟိုချက်ဟာ မြို့တော် ကရာဆက်စ်နဲ့ ၁၀၄ မိုင်လောက် အကွာမှာ တည်ရှိပါတယ်။ အစောပိုင်းမှာ ငလျင်ပြင်းအားကို မဂ္ဂနီကျု ၇.၁ အဆင့်လို့ ဖော်ပြခဲ့ပေမယ့် နောက်တော့ ၇.၂ လို့ အမေရိကန် ငလျင် တိုင်းတာရေး အေဂျင်စီ (USGS)က ပြင်ဆင် ထုတ်ပြန်ခဲ့ပါတယ်။ မြေအနက် ၁၃ ကီလိုမီတာလောက်ကို ဦးတည်တဲ့ ငလျင်ကြောင့် ကရာဆက်စ် မြို့တော်မှာ အဆောက်အအုံတွေ ယိမ်းယိုင်ကုန်ပါတယ်။

တစ်မိနစ် မပြည့်ခင်မှာပဲ ဒုတိယမြောက်နဲ့ ပိုပြီး အားပြင်းတဲ့ ငလျင်ကြီးတစ်ခုက တူညီတဲ့ ဧရိယာနားမှာပဲ ထပ်လှုပ်ခဲ့ပါတယ်။ အဲဒီငလျင်ဟာ မဂ္ဂနီကျု ၇.၅ ထိ ပြင်းထန်ပြီး မြေအနက် ၁၀ ကီလိုမီတာလောက် မြေတိမ်ပိုင်းကို ဗဟိုပြုခဲ့ပါတယ်။ မြေတိမ်ငလျင်တွေဟာ မြေမျက်နှာပြင်ပေါ်မှာ ပိုပြီး ပြင်းထန်တဲ့ ထိခိုက် သက်ရောက်မှုတွေ ဖြစ်ပေါ်စေပါတယ်။

လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာတဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေထဲမှာတော့ ဆိုးဆိုးရွားရွား ပျက်စီးပြိုကျနေတဲ့ အဆောက်အအုံတွေ၊ အပျက်အစီးပုံတွေထဲကနေ လူတွေကို ကယ်ဆယ်ရေးတွေက ရှာဖွေ ကယ်ထုတ်နေပုံတွေကို တွေ့ခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

ငလျင်တွေဟာ ကမ်းလွန်ပင်လယ်ပြင်မှာ လှုပ်ခတ်ခဲ့တာ မဟုတ်ပေမယ့် ကမ်းရိုးတန်းနဲ့ အရမ်းနီးနီး ဗဟိုပြုခဲ့တာကြောင့် ရေအောက်မှာ ဆင့်ကဲ ရိုက်ခတ်မှုတွေ ဖြစ်ပေါ်နိုင်တာကြောင့် ကာရေဘီယန် ဒေသတွင်း နိုင်ငံတချို့မှာလည်း ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အသီးသီး ပြန်လည် ပယ်ဖျက်ခဲ့ပါတယ်။

ငလျင်ကြောင့် ထိခိုက်သေဆုံးမှု ဘယ်လောက်ရှိသလဲ ဆိုတာကို လောလောဆယ် မသိရသေးပါဘူး။ USGSကတော့ နှစ်ခုတွဲ ငလျင်ကြောင့် သေဆုံးသူ အရေအတွက်ဟာ များပြားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ စပိန်ဆီကနေ လွတ်လပ်ရေး ရယူနိုင်ခဲ့တဲ့ စစ်ရေး အောင်မြင်မှု တစ်ခုကို ဂုဏ်ပြုထားတဲ့ အများပြည်သူ ရုံးပိတ်ရက် ဖြစ်တာကြောင့် ဇွန်လ ၂၄ ရက်နေ့ ငလျင်ကြီး လှုပ်ခတ်ချိန်တုန်းက လူအများစုဟာ အိမ်တွေမှာပဲ စုစုဝေးဝေး ရှိနေခဲ့ကြပါတယ်။

၁၉၆၇ ခုနှစ်တုန်းက ဆိုးရွားလှတဲ့ ငလျင်ကြီးတစ်ခု ကြုံဖူးတဲ့ ကရာဆက်စ်မှာတော့ ဒေသခံတွေဟာ အဆောက်အအုံတွေ စတင် လှုပ်ယိမ်းလာကတည်းက လမ်းတွေပေါ် အသည်းအသန် ပြေးထွက်ခဲ့ကြပါတယ်။ ငလျင်ကြီးအပြီး ကရာဆက်စ်နဲ့ နေရာအတော်များများမှာ ဓာတ်အားတွေ ပြတ်တောက်ကုန်ပေမယ့် နာရီပိုင်း အကြာမှာတော့ တချို့နေရာတွေမှာ မီးပြန်လာနေပြီ ဖြစ်ပါတယ်။

ဗင်နီဇွဲလား ပြည်ထဲရေးဝန်ကြီး ဒီယော့စ်ဒါဒို ကာဘယ်လိုကတော့ ပြည်သူတွေ အနေနဲ့ အိမ်တွေထဲမှာ လောလောဆယ် ပြန်ဝင်မနေကြဖို့ သတိပေးထားပါတယ်။ ငလျင်ကြောင့် အဆောက်အအုံ ထိခိုက်ပျက်စီးမှုတွေ ရှိနေပြီး ဓာတ်ငွေ့ ယိုစိမ့်မှု ပြဿနာတွေလည်း ဖြစ်ပေါ်နေနိုင်ကြောင်း သူက ပြောပါတယ်။

လောလောဆယ်မှာတော့ အပျက်အစီးတွေကြား ပိတ်မိနေသူတွေကို ရှာဖွေကယ်ထုတ်ဖို့ ကယ်ဆယ်ရေး မစ်ရှင်တွေကို အပူတပြင်း ဆောင်ရွက်နေပါတယ်။ ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု ပမာဏ ဘယ်လောက်ထိ များပြားသလဲ ဆိုတာကိုလည်း ဆန်းစစ်သွားမယ်လို့ ဗင်နီဇွဲလား အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။

ဗင်နီဇွဲလားမှာ ငလျင်ကြီး နှစ်ခု အတွဲလိုက် လှုပ်ခတ်ခဲ့ပြီး သိပ်မကြာခင် ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်း ကမ်းလွန်ရေပြင်မှာလည်း မဂ္ဂနီကျု ၆.၉ အဆင့် အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်သွားပါသေးတယ်။ ငလျင်ကြောင့် ကြီးကြီးမားမား ထိခိုက်ပျက်စီးမှု သတင်းတွေတော့ မကြားရပါဘူး။ ပြီးတော့ ဆူနာမီ ရေလှိုင်းအန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေလည်း မရှိဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ငလျင်ဟာ ကူဂျီ အရှေ့မြောက်ဖက် ၃၅ ကီလိုမီတာအကွာ ရေအနက် ၅၂ ကီလိုမီတာ နီးပါးကို ဗဟိုပြုခဲ့ကြောင်းလည်း သိရပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကိုလံဘီယာ နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၄ အဆင့် ဖျက်အားပြင်း ငလျင်ကြီးကြောင့် သေဆုံးသူ အရေအတွက်ဟာ ၁၃၀ ကျော်ထိ ဆက်တိုက် မြင့်တက်လာနေသလို ထိခိုက်ပျက်စီးမှု အများအပြားလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

နိုင်ငံတကာ

မဂ္ဂနီကျု့ ၇.၄ အဆင့်ရှိတဲ့ဖျက်အားပြင်းငလျင်ကြီးဒီနေ့ (သြဂုတ်လ ၁၀ ရက်)မနက်ပိုင်းကကိုလံဘီယာနိုင်ငံအနောက်ပိုင်းမှာလှုပ်ခတ်ရာ အနည်း ဆုံး လူ ၂၉ ဦးသေဆုံးထားပါတယ်။

သတင်း

မန္တလေး‌‌မြို့ ၊ဈေးချိုတော်က ငလျင်ကြောင့်ပျက်စီးသွားတဲ့ တိုက်တန်းဖြိုချနေတုန်းမှာ ပြိုကျသွားပြီး လူနဲ့ ကျန်အဆောက်အဦးတွေထိခိုက်မှုမရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့အနီးကို ဗဟိုပြုပြီး အင်အားအတော်အသင့်ရှိတဲ့ငလျင် လှုပ်ခတ်သွားပြီး ရှေးဟောင်းမြို့တော် ပုဂံဒေသအထိ သိသိသာသာ လှုပ်ခတ်သွားကြောင်း သတင်းရရှိပါတယ်။