Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပါကစ္စတန်မှာ ကျူရှင် အဆောက်အအုံ ခေါင်မိုးပြိုကျမှုကြောင့် ကလေး ၁၄ ဦး သေဆုံး

ပါကစ္စတန်က အလွတ်စာသင်ကျောင်း (ကျူရှင်)တစ်ခုမှာ အမိုးပြိုကျမှု ဖြစ်ပွားပြီး ကလေး ၁၄ ဦး သေဆုံးခဲ့ပါတယ်။

ဓာတ်ပုံ- Reuters

ပါကစ္စတန်က အလွတ်စာသင်ကျောင်း (ကျူရှင်)တစ်ခုမှာ အမိုးပြိုကျမှု ဖြစ်ပွားပြီး ကလေး ၁၄ ဦး သေဆုံးခဲ့ပါတယ်။

ဇွန်လ ၃၀ ရက်နေ့က လာဟိုးမြို့ရဲ့ ခါနား ဆင်ခြေဖုံးရပ်ကွက်မှာရှိတဲ့ ပုဂ္ဂလိက ကျူရှင်တစ်ခုမှာ အဲဒီဖြစ်ရပ် ပေါ်ပေါက်ခဲ့တာပါ။ သေဆုံးသွားတဲ့ထဲမှာ အသက် ၇ နှစ်လောက်ထိ ငယ်ရွယ်တဲ့ ကလေးတွေ ပါဝင်ကြောင်း ကယ်ဆယ်ရေးတွေက ပြောပါတယ်။

အမိုးပြိုကျရတဲ့ အကြောင်းရင်းကိုတော့ လတ်တလော မသိရသေးပါဘူး။ အာဏာပိုင်တွေက ဖြစ်စဉ်ကို ဆက်လက် စုံစမ်းနေဆဲလို့ ပြောကြားခဲ့ပြီး လူ ၂ ဦးကို ဖမ်းဆီး ထိန်းသိမ်းထားပါတယ်။

ကယ်ဆယ်ရေး ယူနစ် ၁၁၂၂ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဖာရွတ် အာမက်က အပျက်အစီးပုံအောက်မှာ ရှိနေသူတွေကို ရှာဖွေတဲ့ မစ်ရှင်ဟာ တစ်နာရီလောက်အတွင်း အပြီးသတ်ခဲ့ကြောင်း ပြောပါတယ်။ အလောင်းပြန်ရတဲ့ ကလေးတွေက အသက် ၇ နှစ်နဲ့ ၁၁ နှစ်ကြား အရွယ်တွေလို့ သူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အပျက်အစီးတွေအောက်မှာ ဒဏ်ရာရပြီး ပိတ်မိနေသူ ၅ ဦးကိုလည်း ကယ်ဆယ်ရေး အဖွဲ့တွေက ကယ်ထုတ်နိုင်ခဲ့ပါတယ်။ အဲဒီကျူရှင်မှာ ကျောင်းတက်နေတဲ့ ကလေးမလေး တစ်ဦးရဲ့ ဦးလေးကတော့ အဆောက်အအုံရဲ့ အမိုးဟာ ပြိုကျမှု မဖြစ်ခင် ကတည်းက အတော်လေး ယိုယွင်းပျက်စီးနေခဲ့ကြောင်း ပြောပါတယ်။

ကလေးတချို့ ရှိနေချိန်မှာ အဆောက်အအုံ အမိုးက ပြိုကျခဲ့ကြောင်း၊ ပိမိတဲ့ အလေးချိန်က များလွန်းတာကြောင့်လည်း ကလေးတွေ အများအပြား သေကြေခဲ့ရတာဖြစ်ကြောင်း အဲဒီ သတင်းရင်းမြစ်က ဆိုပါတယ်။

ပါကစ္စတန် ဝန်ကြီးချုပ် ရှာဘက်ဇ် ရှရစ်ဖ်က အခုဖြစ်စဉ်မှာ ထိခိုက်သေဆုံးရသူတွေ၊ မိသားစုတွေကို စာနာဝမ်းနည်းကြောင်း၊ ဒဏ်ရာရသူတွေ အမြန်ဆုံး သက်သာလာဖို့ ဆုတောင်းပေးကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

လာဟိုးမြို့ ဖွဲ့စည်းပါဝင်ရာ ပန်ဂျပ်ပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူး မာယမ်နာဝက်ဇ် ရှရစ်ဖ်ကလည်း နုနယ် အပြစ်ကင်းလှတဲ့ အသက် ၁၄ ချောင်း ဆုံးရှုံးမှုအတွက် ပြောမပြနိုင်လောက်အောင် ဝမ်းနည်းမိကြောင်း၊ ပူဆွေးနေတဲ့ မိသားစုတွေနဲ့ထပ်တူ ခံစားရကြောင်း၊ ဒီဖြစ်ရပ်မှာ တာဝန်ရှိတဲ့သူ တစ်ဦးမကျန် ဥပဒေနဲ့အညီ အရေးယူ တုံ့ပြန်မှုတွေကို ရင်ဆိုင်ရမှာဖြစ်ကြောင်း လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကလေးမလေး တစ်ဦးရဲ့ ခေါင်းကို အသာအယာ ပုတ်ခဲ့တဲ့ အဖိုးအိုတစ်ဦး အကြမ်းနည်းနဲ့ ရန်လို တုံ့ပြန်ခံခဲ့ရတဲ့ ဖြစ်ရပ်အပေါ် စုံစမ်းစစ်ဆေးနေကြောင်း စင်ကာပူ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဆော်ဒီအာရေးဘီးယား၊ တူရကီနဲ့ ပါကစ္စတန်တို့ဟာ ကာကွယ်ရေးဆိုင်ရာ သဘောတူ ကတိစာချုပ် တစ်ခုကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ မုဒိမ်းမှု စွပ်စွဲချက် တစ်ခုနဲ့ ဆက်စပ်ပြီး ရဲစခန်းတစ်ခုက ရဲဝန်ထမ်းနဲ့ တခြားအမှုထမ်း ၇၈ ဦးစလုံးကို လုပ်ငန်းတာဝန်ကနေ ဆိုင်းငံ့ထားလိုက်ပါတယ်။

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ ဆန္ဒပြနေတဲ့ လူစုလူဝေးကို ပစ်မှတ်ထားတဲ့ အသေခံ ဗုံးခွဲမှုကြောင့် ၁၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

Facebook