Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဒရုန်းပစ်စက်သေနတ်လေ့ကျင့်ပစ်ခတ်ရင်းအမှားကြုံတဲ့ ရုရှားတပ်ဖွဲ့

ရုရှားရဲ့ လေကြောင်း ကာကွယ်ရေး စက်သေနတ် တစ်လက်ကို ကိုင်တွယ်ပစ်ခတ်သူက မနိုင်မနင်းဖြစ်ပြီး ကျည်ဆန်တွေ မွှေ့ပြီး ပစ်သလို ဖြစ်သွားတဲ့ မှတ်တမ်း ဗီဒီယို တစ်ခုကို ယူကရိန်း မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

Screenshot

ဇူလိုင် – ၁၃ ၊၂၀၂၆

ရုရှားရဲ့ လေကြောင်း ကာကွယ်ရေး စက်သေနတ် တစ်လက်ကို ကိုင်တွယ်ပစ်ခတ်သူက မနိုင်မနင်းဖြစ်ပြီး ကျည်ဆန်တွေ မွှေ့ပြီး ပစ်သလို ဖြစ်သွားတဲ့ မှတ်တမ်း ဗီဒီယို တစ်ခုကို ယူကရိန်း မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ယူကရိန်းရဲ့ ဒရုန်းတွေဟာ ခရိုင်းမီးယား ကျွန်းဆွယ်နဲ့ ရုရှားထိန်းချုပ်ထားရာ တခြား ယူကရိန်း နယ်မြေတွေထဲက ရုရှားရဲ့ စွမ်းအင်၊ ထောက်ပံ့ပို့ဆောင်ရေးနဲ့ တခြား အခြေခံ အဆောက်အအုံတွေကို တိုက်ခိုက်မှုတွေ သိသိသာသာ အရှိန်မြှင့်လာခဲ့ပါတယ်။

အဲဒီ တိုက်ခိုက်မှုတွေကို တန်ပြန်တဲ့ အနေနဲ့ ရုရှားဟာ ရွေ့လျားနိုင်တဲ့ ဒရုန်းဖျက် ခုခံရေး ယူနစ်တွေကို နည်းလမ်း အမျိုးမျိုးနဲ့ ကြံဆပြီး တီထွင် အသုံးပြုလာပါတယ်။ အဲဒီယူနစ်တွေဟာ ဒရုန်းတွေကို ကြားဖြတ် ပစ်ချနိုင်တဲ့ သေနတ်တွေကို ထရပ်ကားတွေနဲ့ စစ်သုံးယာဉ်တွေမှာ တပ်ဆင်ပြီး ယူကရိန်းက တိုက်ခိုက်လာချိန်မှာ မြေပြင်ကနေ တုံ့ပြန်ပစ်ခတ်ဖို့ ရည်ရွယ်ထားတာပါ။

Public Service Announcement

Public Service Announcement

ဇူလိုင် ၁၂ ရက်နေ့မှာ စတင် ပျံ့နှံ့လာခဲ့တဲ့ ဗီဒီယိုထဲက နေ့ရက်နဲ့ နေရာကို အတိအကျ မသိရတဲ့ ဖြစ်စဉ်မှာတော့ ရုရှားစစ်သား တစ်ဦးဟာ Yak-B 12.7 အမျိုးအစား အကြီးစား စက်သေနတ် တစ်လက်ကို ကိုင်တွယ်ပစ်ခတ်တဲ့ လေ့ကျင့်ရေး အစီအစဉ်မှာ အမှားအယွင်း ကြုံသွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီ စက်သေနတ်ကြီးတွေကို ပုံမှန်ဆိုရင် Mi-24 တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေမှာ တပ်ဆင် အသုံးပြုလေ့ ရှိပါတယ်။ ဗီဒီယိုထဲမှာတော့ သေနတ်ကြီးကို ထရပ်ကားတစ်စီးပေါ်မှာ တပ်ဆင်ထားပြီး တပ်သားတစ်ဦးက ကိုင်တွယ်ပစ်ခတ် လေ့ကျင့်နေခဲ့တာပါ။

ဒါပေမဲ့ သေနတ်ကို စပြီး ပစ်ခတ်တဲ့ အချိန်မှာ ခါရမ်းတဲ့ အားကြောင့် ရုရှားစစ်သားဟာ ထရပ်ကားပေါ်ကနေ ခြေကားယား လက်ကားယား ပြုတ်ကျသွားခဲ့ပြီး သေနတ်ကလည်း အရှိန်မကုန်သေးဘဲ ကျည်ဆန်တွေ ဆက်ထွက်ရင်း တစ်ပတ်လည်သွားခဲ့တာကို တွေ့ရပါတယ်။

ထရပ်ကားပေါ်မှာ ရှိနေတဲ့ လေ့ကျင့်ရေး သင်တန်းမှူးက သတိကောင်းလွန်းပြီး သူ့ဆီကို တည့်တည့်ကြီး ဦးတည်လာတဲ့ သေနတ်ပြောင်းဆီက ကျည်ဆန်တွေ ရောက်မလာခင် အချိန်မီ ငုံ့ရှောင်လိုက်လို့သာ အသက်နဲ့ကိုယ် အိုးစား မကွဲခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို အန္တရာယ် များလှတဲ့ လွဲချော်မှုမျိုး ဖြစ်ခဲ့တာက သေနတ်ကိုင်တွယ်သူရဲ့ လိုအပ်ချက်ကြောင့်လား၊ သေနတ်ကို တပ်ဆင်ထားတဲ့ ဆုံလည်စနစ်မှာ ပြဿနာ ရှိလို့လား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ သေနတ်ဟာ ပစ်ခတ်သူ လွင့်ထွက်သွားချိန်မှာ ကျည်ဆက် မထွက်တော့ပေမယ့် ဝင်ရိုးပေါ်မှာ အပြင်းအထန် ဆက်ပြီး ချာချာလည်နေခဲ့သေးတာကို တွေ့ရပါတယ်။

ဒီဗီဒီယိုကို ရုရှား စစ်ရေး blogger တချို့က စတင်မျှဝေခဲ့ပြီး အဲဒီနောက် ယူကရိန်း မီဒီယာတွေက ဖော်ပြလာတာ ဖြစ်ပါတယ်။ ရုရှားစစ်တပ်ကတော့ ဒီဗီဒီယိုနဲ့ ပတ်သက်လို့ ဘာမှတ်ချက်မှ မပေးခဲ့ပါဘူး။

စစ်ရေး သုတေသီ တချို့ကတော့ တိုက်ခိုက်ရေး ရဟတ်ယာဉ်ရဲ့ တောင့်တင်းတဲ့ ကိုယ်ထည်က စက်သေနတ်ရဲ့ ခါရမ်းမှုကို ကောင်းကောင်း ခံနိုင်ရည် ရှိပေမယ့် ထရပ်ကားပေါ်မှာ ဝင်ရိုးတစ်ချောင်းတည်းနဲ့ အဲဒီလက်နက်ကို တပ်ဆင်ထားတဲ့ အခါမှာတော့ အဲဒီလို ဒဏ်ခံနိုင်စွမ်း မရှိလို့ ဒီပြဿနာမျိုး ကြုံရတာ ဖြစ်နိုင်ကြောင်း သုံးသပ်ထားပါတယ်။

ကိုးကား – Kyiv Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

Patriot လေကြောင်းကာကွယ်ရေး ဒုံးကျည်တွေကို ယူကရိန်းကိုယ်တိုင် ထုတ်လုပ်ဖို့ ခွင့်ပြုပေးသွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ ဒုတိယ အကြီးဆုံးမြို့မှာ ရှိနေတဲ့ အဓိက ရေနံတင်ပို့တဲ့ ဆိပ်ကမ်း တစ်ခုကို ယူကရိန်းက တိုက်ခိုက်ခဲ့ပါတယ်။

နိုင်ငံတကာ

အခု သီတင်းပတ်ထဲမှာ ကိယက်ဗ်မြို့ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့တာဟာ အခုနှစ်အတွင်း ယူကရိန်းရဲ့ မြို့တော်မှာ အသေအပျောက် အများဆုံး ဖြစ်ပေါ်စေတဲ့ ရုရှားတိုက်ခိုက်မှု အနေနဲ့ မှတ်တမ်းဝင်လာစေခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းရဲ့ မြို့တော် ကိယက်ဗ်ကို ရုရှားက ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ ညလုံးပေါက် တိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး ၈ ဦး သေဆုံးပြီး အပျက်အစီးတွေ အများအပြား ဖြစ်ပေါ်ခဲ့ပါတယ်။