Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တောင်ကိုရီးယားမှာ အပူလွန်ကဲမှုကြောင့် သေဆုံးသူ ၁၉ ဦးထိ ရှိလာ

အခုနှစ် နွေရာသီမှာ လွန်လွန်ကဲကဲ ပူပြင်းမှုတွေကြောင့် သေဆုံးသူ ၁၉ ဦးထိ ရှိလာကြောင်း တောင်ကိုရီးယား အစိုးရက ထုတ်ပြန်ပါတယ်။

ဓာတ်ပုံ - Getty Images

အခုနှစ် နွေရာသီမှာ လွန်လွန်ကဲကဲ ပူပြင်းမှုတွေကြောင့် သေဆုံးသူ ၁၉ ဦးထိ ရှိလာကြောင်း တောင်ကိုရီးယား အစိုးရက ထုတ်ပြန်ပါတယ်။

ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ဩဂုတ် ၄ ရက်နေ့ စာရင်းတွေအရ အပူလျှပ်သူတွေ အပါအဝင် အပူချိန် လွန်ကဲမှုဒဏ်ကြောင့် သေဆုံးသူ အရေအတွက်ဟာ ၁၉ ဦးထိ ရှိလာကြောင်း သိရပါတယ်။

မေလ ၁၅ ရက်နေ့ကစလို့ ဩဂုတ် ၃ ရက်နေ့ထိ ကာလအတွင်း အပူဒဏ်ကြောင့် နာမကျန်းဖြစ်မှုတွေ ခံစားရသူ ၂၂၂၁ ဦးထိ ရှိခဲ့ပြီး အဲဒီထဲက ၁၉ ဦး အသက်ဆုံးရှုံးခဲ့တာလို့ ဆိုပါတယ်။

တောင်ကိုရီးယားနိုင်ငံ အနှံ့မှာ အပူချိန် ဆိုးဆိုးရွားရွား မြင့်တက်တဲ့ အခြေအနေကို ကြုံနေရပြီး ဆိုးလ်မြို့တော်ရဲ့ ဒေသတချို့မှာလည်း အပူချိန် သတိပေး ကြေညာချက်တွေ ထုတ်ပြန်ထားရပါတယ်။

Public Service Announcement

Public Service Announcement

နိုင်ငံတောင်ပိုင်းက ကုန်းတွင်းပိုင်းကျတဲ့ ယန်ဆန်းမြို့မှာတော့ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က နေ့အပူချိန် ၄၂.၅ ဒီဂရီ ဆဲလ်ဆီးရပ်စ်ထိ မြင့်တက်နေတာကို တိုင်းတာ ရရှိခဲ့ပါတယ်။ ဒါဟာ ၁၂၂ နှစ်တာ ကာလအတွင်း တိုင်းတာရရှိဖူးသမျှ နိုင်ငံရဲ့ အမြင့်ဆုံး အပူချိန်အဖြစ် စံချိန်သစ် တင်ခဲ့ပါတယ်။

ဩဂုတ်လ ၃ ရက်နေ့မှာ တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အပူဒဏ်ကြောင့် လူ့အသက်တွေ ဆုံးရှုံးရမှု ပြဿနာကို ပိုပြီး ထိထိရောက်ရောက် ဟန့်တားနိုင်မယ့် အစီအမံတွေ ရေးဆွဲဖို့ အာဏာပိုင် အဖွဲ့အစည်းတွေကို ညွှန်ကြားခဲ့ပါတယ်။

နောက်ပြီး အဲကွန်း သုံးစွဲမှုတွေ မြင့်တက်လာတဲ့အတွက် ဓာတ်အား ဖူဖူလုံလုံ ထောက်ပံ့နိုင်တာ သေချာအောင် ကြိုတင် ပြင်ဆင်ထားကြဖို့လည်း သမ္မတက လမ်းညွှန်ခဲ့ပါတယ်။

လာမယ့် ရက်ပိုင်းတွေမှာလည်း တောင်ကိုရီးယားရဲ့ ဒေသအတော်များများမှာ လွန်လွန်ကဲကဲနဲ့ အသက်အန္တရာယ် ခြိမ်းခြောက်နိုင်တဲ့ထိ ပူပြင်းမှုတွေ ဆက်ရှိနိုင်တယ်လို့ မိုးလေဝသ ဌာနက ခန့်မှန်းထားပါတယ်။

ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ်ကြောင့် နေ့အပူချိန် မြင့်တက်တာ အပါအဝင် ဆိုးရွားကြမ်းတမ်းတဲ့ ရာသီဥတု ဖောက်ပြန်မှုတွေဟာ ကမ္ဘာတလွှားမှာ ပုံမှန်ထက် အကြိမ်ရေ ပိုစိပ်လာနေတယ်လို့ သိပ္ပံပညာရှင်တွေက သတိပေး ပြောကြားထားပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

ဆောင်းပါး

စူပါအယ်လ်နီညို​ကြောင့်နှစ်ပေါင်း ၁,၀၀၀အတွင်းကမ္ဘာကြီးမှာအပြင်းထန်ဆုံးအပူလှိုင်းဖြတ်မှုဖြစ်နိုင်ကြောင်းပညာရှင်​တွေခန့်မှန်း

နိုင်ငံတကာ

ကိုရီးယား နှစ်နိုင်ငံ နယ်စပ်မှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့တာကြောင့် တောင်ကိုရီးယား စစ်တပ် အရာရှိ သုံး ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသကို တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အတည်ပြု ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံ နယ်စပ်က ညှိနှိုင်းရေးရုံး အဆောက်အအုံကို ဗုံးခွဲ ဖျက်ဆီးခဲ့မှုအတွက် မြောက်ကိုရီးယားက တောင်ကိုရီးယားဆီ နစ်နာကြေးပေးဖို့ တောင်ကိုရီးယား တရားရုံး တစ်ခုက အမိန့် စီရင်ချက် ချမှတ်ခဲ့ပါတယ်။

Facebook