Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရေကြီးလို့ မြောက်ကိုရီးယား မြေမြှုပ်မိုင်းတွေ တောင်ကိုရီးယားဖက် မျောပါလာ

ရေကြီးရာကနေ မြောက်ကိုရီးယားဖက်ကနေ မျောပါလာတယ်လို့ ယုံကြည်ရတဲ့ မြေမြှုပ်မိုင်းတွေကို တောင်ကိုရီးယားက လိုက်လံ သိမ်းဆည်း ဖယ်ရှားနေရပါတယ်။

ဓာတ်ပုံ - ROK MARINE CORPS

ရေကြီးရာကနေ မြောက်ကိုရီးယားဖက်ကနေ မျောပါလာတယ်လို့ ယုံကြည်ရတဲ့ မြေမြှုပ်မိုင်းတွေကို တောင်ကိုရီးယားက လိုက်လံ သိမ်းဆည်း ဖယ်ရှားနေရပါတယ်။

တောင်နဲ့မြောက် ကိုရီးယား နှစ်နိုင်ငံ ကမ်းရိုးတန်းတွေ ထိစပ်နေရာ နယ်စပ်ဖက်မှာ မိုးသည်းသည်းထန်ထန် ရွာသွန်းပြီး ရေကြီးမှုတွေ ဖြစ်ရာက တောင်ပိုင်းကို အဲဒီ မြေမြှုပ်မိုင်းတွေ မျောပါလာတာလို့ ယူဆရပါတယ်။

ဩဂုတ် ၇ ရက်နေ့မှာတော့ နှစ်နိုင်ငံကြား နယ်နိမိတ်အဖြစ် သတ်မှတ်ထားရာ စစ်မဲ့ဇုန် (DMZ)ရဲ့ အနောက်မြောက်ဖက်စွန်း ဧရိယာ အနီးတဝိုက်မှာ မြေမြှုပ်မိုင်း ၁၅ လုံးထက်မနည်း သိမ်းဆည်း ရမိထားတဲ့အကြောင်း တောင်ကိုရီးယား အာဏာပိုင်တွေက ကြေညာခဲ့ပါတယ်။

၁၉၅၀ ကနေ ၁၉၅၃ ခုနှစ်ထိ ဖြစ်ပွားခဲ့တဲ့ ကိုရီးယားကျွန်းဆွယ် စစ်ပွဲအပြီး နှစ်နိုင်ငံကို ပိုင်းခြားထားတဲ့ DMZဟာ ကမ္ဘာပေါ်မှာ မိုင်းအရေအတွက် အများဆုံး မြှုပ်နှံထားတဲ့ နေရာတွေထဲက တစ်ခု ဖြစ်ပါတယ်။ DMZ တလျှောက်မှာ စုစုပေါင်း မိုင်းအလုံး ၈ သိန်းလောက် မြှုပ်ထားတယ်လို့ ယုံကြည်ရပါတယ်။

Public Service Announcement

Public Service Announcement

မိုင်းအများစုဟာ ကျွန်းဆွယ်စစ်ပွဲ ကာလတုန်းက မြှုပ်ခဲ့တာ ဖြစ်ပေမယ့် မကြာသေးခင် နှစ်ပိုင်းတွေအတွင်း မိုင်းထောင်မှုတွေ ဆက်ရှိနေတယ်လို့ တောင်ကိုရီးယားရဲ့ ယွန်ဟပ် သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

တောင်ကိုရီးယား အနောက်မြောက်ဖက်စွန်း နယ်စပ်မှာရှိတဲ့ ဂွမ်ဟွာခရိုင်ရဲ့ ပြည်သူ့ကာကွယ်ရေးဌာန အကြီးအကဲ ချွိုင်ယောင်ရန်းက ပင်လယ်ဝါ ကမ်းခြေအနီးတဝိုက်ဆီ မျောပါလာပြီး မြောက်ကိုရီးယားပိုင်လို့ ယုံကြည်ရတဲ့ မြေမြှုပ်မိုင်း ၁၅ လုံးကို ရှာတွေ့ထားကြောင်း ပြောကြားခဲ့ပါတယ်။

အဲဒီ မိုင်းတွေဟာ ဇူလိုင် ၂၃ ကနေ ဩဂုတ် ၃ ရက်နေ့ထိ အတောအတွင်း ရေစီးနဲ့အတူ မျောပြီး တောင်ကိုရီးယားဖက် ရောက်လာတာ ဖြစ်နိုင်ကြောင်း သူက ဆိုပါတယ်။ လောလောဆယ် မိုင်း ၁၅ လုံး ရှာတွေ့ထားပြီး နောက်ထပ်လည်း ဖြန့်ကျက် ရှာဖွေနေတယ်လို့ ချွိုင်က ပြောပါတယ်။

ဇူလိုင်လမှာ တောင်ကိုရီးယား စစ်တပ်ဟာ DMZတလျှောက် ဒေသတွေမှာ ရေကြီးရေလျှံမှုတွေကြောင့် မြောက်ကိုရီးယား မြေမြှုပ်မိုင်းတွေ မျောပါလာနိုင်ခြေကို သတိပေးထားခဲ့ပါတယ်။

၂၀၁၅ ခုနှစ်တုန်းက DZMမျဉ်းရဲ့ အနောက်ဖက်စွန်း ဧရိယာမှာ ကင်းလှည့်နေတဲ့ တောင်ကိုရီးယား စစ်သားနှစ်ဦးဟာ မြောက်ကိုရီးယား မြေမြှုပ်မိုင်းကို တက်နင်းမိပြီး ခြေထောက်တွေ ဆုံးရှုံးခဲ့ရဖူးပါတယ်။

ဂွမ်ဟွာ ခရိုင်ရဲ့ အာဏာပိုင်တွေကတော့ ရေနဲ့ မျောလာတဲ့ မြေမြှုပ်မိုင်းတွေကို ဆက်လက် ရှာဖွေနေပြီး နောက်ထပ် မိုင်းအသစ်တွေ ထပ်တွေ့လာနိုင်ခြေကိုလည်း မျှော်လင့်ထားကြောင်း ပြောကြားသွားပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြေမြှုပ်မိုင်းပြဿနာက ဒေသခံတွေရဲ့ ‌နေ့စဉ်ဘဝအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုဖြစ်နေပြီး နောင်ချိုမြို့ဟာ မိုင်းကြောင့်ထိခိုက်မှုအများဆုံးဖြစ်တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း(TWO)က ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့ ဘူဖျောင်းမှာ တော်လှန်ရေးရုပ်ရှင် RAY ကို ပြသပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်း ထောက်ခံပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၃) မှာ ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

စက်တင်ဘာ ၉ ရက်နေ့တုန်းက ဆိုးလ်မြို့တော်ရဲ့ အမေရိကန် သံရုံးနားမှာ ပြည်သူတချို့ စုဝေးပြီး အီရန်စစ်ပွဲမှာ ပါဝင်ပတ်သက်တာမျိုး မလုပ်ဖို့ အစိုးရကို တောင်းဆို ဆန္ဒပြခဲ့ပါတယ်။ အီရန်စစ်ပွဲ ဆိုတာက အမေရိကန်ရဲ့ တစ်ဖက်သတ် ဆုံးဖြတ်တဲ့ ကိစ္စဖြစ်ပြီး တောင်ကိုရီးယား အနေနဲ့ ဓားခုတ်ရာ လက်လျှိုသလို...