နေစူး
ထမင်းအိုးပါသလား
ဟင်းအိုးပါသလား
အဝတ်ထုပ်ပါသလား
စောင်၊ ခြင်ထောင်၊ ခေါင်းအုံးပါသလား။
လူအိုပါသလား
ကလေးငယ်ပါသလား
မိန်းမသားပါသလား
လူငယ်လူရွယ်ပါသလား
နွားငယ်နဲ့ ခွေးညိုလိုက်ရဲ့လား။
ချောင်းအစပ်ရောက်ပြီလား
တို့လယ်ကွင်း ဟုတ်ရဲ့လား
ထန်းရွက်ကာ ထန်းရွက်မိုး တို့တဲမျိုး တူရဲ့လား
လယ်နားနီး တဲနီးချင်းဆီက
ကလေးသံကြားရဲ့လား။

Public Service Announcement
(The Call – ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ’နေစူး’ ရေးဖွဲ့တဲ့ “ကျတ်ယောင်ဆောင်သူများ”ကဗျာကို People’s Spring က ပြန်လည်ဖော်ပြပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်ရေးအတွက် အထောက်အကူ ပြုတဲ့ စာပေကဏ္ဍမျိုးစုံကို “The Call – ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)


















































