Connect with us

Hi, what are you looking for?

ကဗျာ

အမှတ်မလျှော့ပါနဲ့ ဆရာမ

သားလေ

အဖေ့ကိုချစ်တယ်

အမေ့ကိုချစ်တယ်

ဆရာမကိုလည်းချစ်ပါတယ်

ဒါပေမယ့်

လေယာဉ်ပျံတွေကိုမုန်းတယ်။

———————————-

အဖေကပြောလို့

သားက ကျောင်းကိုလာတာ

တကယ်ဆို သားက

Public Service Announcement

Public Service Announcement

ကျောက်ဒိုးပစ်ချင်နေတာ

အဖေက

သားရယ် ပညာတတ်ကြီးဖြစ်မှ

အဖေတို့ နိုင်ငံဆင်းရဲတွင်းကလွတ်မှာ

သားတို့ကိုအဖေတို့က အားကိုးရမှာ…တဲ့

အဲဒါနဲ့သားလည်း

အဖေစိတ်ချမ်းသာအောင်

ကျောင်းကိုလာခဲ့တယ်၊

စာစီစာကုံးလေး ရေးနေလက်စ

လေယာဉ်ပျံသံ တွေ ကြားတော့

စာအုပ်လေးပိတ်

ထပြေးမလို့လုပ်နေတုန်း

ဝုန်းဆို သားတကိုယ်လုံး အဝေးကိုလွင့်ထွက်သွား

သား ကိုယ်ပေါ်မှာ သွေးတွေရွှဲလို့

သားသူငယ်ချင်းတွေလည်း တုံးလုံးပက်လက်

ကျောင်းဆောင်ကြီးက ခေါင်မိုးကြီးပွင့်ထွက်လို့၊

သားက လှုပ်လို့မရတော့ဘူး၊

အိပ်မက်လားတကယ်လား

ဝေဝေဝါးဝါးပဲ ၊

အဖေ

သားကိုစိတ်မဆိုးနဲ့နော်

အမေ

သားကြိုက်တဲ့ဟင်းလေးချက်ထားနော်

ဆရာမ

စာစီစာကုံးမပြီးလို့

သားကိုအမှတ်မလျှော့လိုက်ပါနဲ့နော်။

သားလေ

အဖေ့ကိုချစ်တယ်

အမေ့ကိုချစ်တယ်

ဆရာမကိုလည်းချစ်ပါတယ်

ဒါပေမယ့်

လေယာဉ်ပျံတွေကိုမုန်းတယ်။

အောင်​စေ​နွေဦး

၁၃ မေ၊ ၂၀၂၅။

ဆက်စပ်သတင်းများ