Connect with us

Hi, what are you looking for?

ကဗျာ

‘အိမ်ပြန်ချင်ရုံ’

ဟင်းမကောင်းတဲ့နေ့ရက်တိုင်း

မိသားစုထမင်းစားပွဲမှာ ဂျီးများတတ်တဲ့ကောင်

အဖေ့ရဲ့ လုပ်ငန်းခွင်ဦးထုပ်အောက်က

ချွေးစက်တွေကို သူရဲကောင်းရုပ်ရှင်လို့

ကျနော် မမြင်ခဲ့ဘူး။

(The Call -ခေါ်သံ"အွန်လိုင်းမဂ္ဂဇင်းမှာ 'လူ​နော်' ရေးဖွဲ့တဲ့ “​​အိမ်ပြန်ချင်ရုံ”ကဗျာကို People's Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို "The Call - ​ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749... မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

◼️လူနော်

ဟင်းမကောင်းတဲ့နေ့ရက်တိုင်း

မိသားစုထမင်းစားပွဲမှာ ဂျီးများတတ်တဲ့ကောင်

အဖေ့ရဲ့ လုပ်ငန်းခွင်ဦးထုပ်အောက်က

Public Service Announcement

Public Service Announcement

ချွေးစက်တွေကို သူရဲကောင်းရုပ်ရှင်လို့

ကျနော် မမြင်ခဲ့ဘူး။

အမေချုပ်ပေးခဲ့တဲ့ ကတ္တီပါဖိနပ်ကို မစီးချင်ဘဲ

အသစ်ဝယ်ပေးဖို့ တတွတ်တွတ်ပြောခဲ့တဲ့ကောင်

မပြည့်စုံတဲ့ ထရံပေါက်ကြားက ပူလောင်မှုအပြည့်နဲ့

အံတုထားတဲ့ အမေ့မျက်ရည်ပူတွေကို

ကျနော် မမြင်ခဲ့ဘူး။

ငယ်ငယ်က သစ်သား လက်လုပ် သေနတ်လေး နဲ့

စစ်တိုက်တမ်းကစားဖို့ တာဆူခဲ့တဲ့ကောင်

ကျောပိုးလွယ်အိတ်ထဲမှာ စာအုပ်၊ ဘောပင်ကလွဲလို့

နောက်ကျောမှာ နိုင်ငံရဲ့ဝန်ထုပ်ဝန်ပိုးတွေ

ကျနော် မမြင်ခဲ့ဘူး။

ငါးဆယ်တန် ချိုချဉ်ကို အရည်ပျော်အောင် ငုံထားပြီး

ကွမ်းယာဆိုင်ရှေ့မှာ ဘဝရဲ့ တန်ကြေးကို

အကြွေးနဲ့ စျေး ညှိဖူးတယ်။

လက်ရှည်အင်္ကျီကို စလင်းကတ်လို လိပ်ဝတ်ပြီး

ကထိန်ပွဲဈေးမှာ ၅၀၀ တန် ပစ္စတိုမရလို့

ထမင်းမစားဘဲ နေခဲ့ဖူးတယ်။

ရှူးရှဲနဲ့ထမင်းအဖြူစားပြီး မိသားစုထမင်းဝိုင်းကို

လွမ်းရမယ်လို့ ဘယ်ထင်ပါ့မလဲ၊

တောထဲမှာ ချေးပိတ်နေတဲ့ ခြေဖဝါးဟာ

အမေချုပ်ပေးတဲ့ ကတ္တီပါဖိနပ်ကို

လွမ်းရမယ်လို့ ဘယ်ထင်ပါ့မလဲ၊

သေနတ်အစစ်ကို ကျစ်ကျစ်ပါအောင် စုပ်

လက်လုပ်ဗုံး၊ လေယာဉ်ဗုံး၊ ကျည်ဆံတွေနဲ့

နေသားတကျ စစ်တိုက်ရမယ်လို့ ဘယ်ထင်ပါ့မလဲ

ကျနော်မမြင်ခဲ့တာတွေ မထင်ခဲ့တာတွေ သိပ်များလွန်းတယ်

အခုမှ ကျနော်မြင်မိတာက

ကျနော်ဟာ အိမ်ပြန်ချင်နေတဲ့

သာမန် သားဆိုးသားမိုက် တစ်ဦး ဖြစ်နေရုံသက်သက်ပါပဲ။

ဆက်စပ်သတင်းများ

ကဗျာ

မင်းလက်ဖဝါးမှာ ပွင့်တဲ့ပန်းတွေ ကိုယ်ယူလာတယ်။

ကဗျာ

ယောနသံ ကဗျာရေးနေရမယ့်ကောင်တွေက စစ်တိုက်နေရတာဆိုတော့ စစ်တိုက်နေရတဲ့ကောင်တွေက Public Service Announcement ကဗျာရေးနေရတာပေါ့။ သွေးစွန်းနေတဲ့ ကလောင်တွေနဲ့ သွေးထွက်နေတဲ့ ကဗျာတွေကို တိုက်ပွဲတွေကြားမှာ ရေးကြ။ မတရားမှုနဲ့ကြုံလာတိုင်း ခေတ်အဆက်ဆက် သွေးထွက်တဲ့ဘက်က။ အလိုနည်းသူကဗျာဆရာတို့ရဲ့ သွေးနဲ့ ဆေးတဲ့ကမ္ဘာ ကြီးနိုင်ငယ်ညှင်းဝါဒများ ပပျောက်ပါစေ။ (“The Call...

ကဗျာ

မေမေဟာ မြေကြီးတွေကို တူးလား တူးရဲ့ မေမေဟာ မြေသားတွေကို ဆွလား ဆွရဲ့။ မေမေဟာ သစ်ချောင်းတွေကိုသယ်တယ် သဲအိတ်တွေကို ထမ်းတယ်။ တံမြက်စည်းတချောင်းနဲ့ လှည်းကျင်းတယ် သစ်ချောင်းတွေကို တန်းတယ် သဲအိတ်တွေကို ကာတယ်။

ကဗျာ

အိပ်ယာကျဥ်းကျဥ်းလေးကနေ အတွေးအကျယ်ကြီးကို ကိုယ်ဖြတ်ကူးနေမိတယ် မာရီနာ။ အိပ်ယာဆိုတာထက် အိပ်စရာနေရာပါ မြေကြီးနံ့နဲ့ယမ်းနံ့တွေ တခါတလေသွေးညှီနံ့တွေနဲ့ ဝေါဟာရ အရတော့အိပ်ယာပေါ့ ပျော်တာမပျော်တာအကြောင်းမပြချင်ဘူး မျက်လုံးခဏမှိတ်ထားဖို့နေရာဆိုရင် ပိုသင့်တော်ပါတယ် မာရီနာ ။

Facebook