Connect with us

Hi, what are you looking for?

ကဗျာ

“မြိုင်”

▪️ဘဘဝ

“ရမ်းစတိန်း အစည်းအဝေးက အဓိကပေးမယ့်သတင်းစကားကတော့ လက်နက်အကြီးစားတွေ ခေတ်ပိုမီတဲ့ လက်နက်တွေ ထောက်ပံ့ဖို့ပဲပေါ့၊ ဒီစစ်ပွဲဟာ ငါတို့ရဲ့ဂုဏ်သိက္ခာတန်ဖိုးအတွက် တိုက်နေတဲ့ပွဲတပွဲဖြစ်လို့ပဲ” လို့ Jens Stoltenberg ရဲ့ဒါဗို့စ်ဖိုရမ် ယူကရိန်းတပ်လှန့်သံက ငါ့ရွာထိ မြည် ဟီး လို့။

ငါ့နှလုံးရဲ့ညာဘက်ခြမ်းမှာ မြေပုံတပုံရှိတယ်။ အမြင့်ဘုံကို လမ်းညွှန်တယ်။ ဘယ်ဘက်အခြမ်းကတော့ လူ့ငရဲသို့သွားတဲ့ စာရင်းပဲ။ အညာအကြေက လရောင်ဟာ မြေပေါ် ပြန့်ကျဲ ကွဲကြေနေတဲ့ ဖန်ခွက်ထဲက နွားနို့အရောင်ပဲ၊ ဒီလရောင်ရဲ့ အေးမြမှုတွေ၊ လှပမှုတွေကို နွားနို့ကတဆင့် ငါ့ညာဘက် နှလုံးသည်းပွတ်မှာ သိုမှီးထားနေဆဲပဲ။ ဘယ်ဘက်အချမ်းရဲ့ လူ့ငရဲကျနေတဲ့ အပူလွင်ပြင်ဟာ ငါ့ရွာတနေရာက ပြာပုံထဲက အဖြူစတွေ ဝိဉာဉ်တွေပဲ။

သူတို့နိုင်ငံအလိုက် ဂုဏ်သိက္ခာအတွက် တိုက်တဲ့စစ်ပွဲတွေလို မြိုင်နဲ့ အညာအကြေတကြောမှာ စစ်ကျွန်စနစ်မှ လွတ်မြောက်ဖို့ဖြစ်တယ်။ လင်ကွန်းရဲ့ ဂက်တာဘီမေးခွန်းကို အညာသားတွေ နားမထောင်ဖူးဘူး။ ဒီမေးခွန်းထဲက လူမဲတွေ လွတ်လပ်ခွင့်ကို အညာသားတွေ အသဲထဲ အူထဲအထိ ခါးသက်မှုနဲ့အတူ ချစ်မြတ်နိုးတယ်။ လင်ကွန်းရဲ့ လူမဲတွေဟာ မြိုင်နဲ့ အညာအကြေက ငါ့ရွာသားတွေပဲ၊ ဂလိုဘယ်ရွာသားတွေ၊ လွတ်မြောက်လိုတဲ့ အမှတ်တံဆိပ် ကို အသဲထဲမှာချိတ်လို့။ ဂျူးလီယက်ဆီဆာ ပြဇာတ်ထဲက ဘရူးတတ်ဟာ ပျူတွေပေါ့။

Public Service Announcement

Public Service Announcement

ပျူတွေ၊ ပျူတွေကိုဖန်တီးတဲ့ အစိမ်းရောင်တွေ၊ သူတို့ မချစ်နိုင်ခြင်းဟာ ဒီ ဂတ်စ်ဘီထဲက လူမဲကျွန်ဘဝကို အဆုံးသတ်စေသလို အညာသားတွေရဲ့ ပြာပုံအတိပြီးရတဲ့ စစ်ကျွန်ဘဝကို အပြီးတိုင် သုတ်သင်လိုက်ဖို့။ အဓမ္မသူတွေရေးတဲ့သမိုင်းဟာ လျှပ်တပျက်၊ ထီးတရိပ်၊ မြိုင်တို့ကဗျည်းနဲ့သာ သမိုင်းကိုလှစေမှာ။ ဘရူးတတ်လို ပျူတွေကို ငါတို့မမုန်းသော်လည်း ငါ့ရဲ့နှလုံးဟာ နွားပုခုံးလိုနာလို့ မြေပုံထဲမှာ ထည့်ထားတယ်။ ငါတို့ မှားခဲ့သလား။

ကျွန်ဘဝနှင့် ကျွန်ဒဿနဟာ အတူတူဖြစ်တယ်လို့ အညာသားတယောက်ရဲ့ တော်လှန်ရေးဒိုင်ယာရီမှာ ရေးထိုးခဲ့သလို မိန်းမတယောက်ကို အိပ်ယာပေါ်တင်ဖို့ ဒိန်ခဲနဲ့ မျှားစရာ မလိုပါဖူးဆိုတဲ့ ဖေးမနစ်တွေ ဖိုဒိန်ခဲကို မယုံကြည်သလိုမျိုး။ အညာအကြေတော်လှန်ရေးဟာ လူမှုတော်လှန်ရေးဖြစ်သလို အလုံးစုံပြောင်းလဲရေးဖြစ်တယ်။ ဘာနှင့်မျှားမျှား တော်လှန်ရေးဓါးသွားက ချွန်ထက်ပြီးသား။

ဒါကြောင့်ငါ့ခေါင်းမှာ မြေပုံနှစ်ချပ် ရှိလာရတယ်။

တခုက ပြည်သူ သန်း ၅၀ ကျော် မတရားတာကို အသက်နဲ့လဲ၊ မဲတင်းထားသူတွေ။ ကျန်တချပ်က ဘာသာ သာသနာကနေ စစ်အာဏာဆိုတဲ့ မအလတွေဖြစ်တယ်။ ဘယ်ကမ္ဘာမှာ ကျေနိုင်မလဲ။ ကျေအေးရမလား၊ ဒီမေးခွန်းရဲ့ အလုံးစုံအဖြေဟာ တော်လှန်ရေးအောင်မြင်ဖို့ခရီးမှာ ဆုံးခန်းတိုင် မြေမြှုပ်ပစ်ရမည့် အမေးပဲ။ အဖြေက win-win မရှိဘူး။ ငါတို့ဖုန်းဆိုးမြေမှာ ငါတို့သွေးနဲ့ ငါတို့ ပြန်ဆေးကြောသန့်စင်မယ်။ နဂါးနဲ့ လင်းယုန်တို့ကြား အချစ်တပွဲ ထက် စစ်ပွဲတရာ နွှဲလိုက်ချင်တယ်ဆိုတဲ့ အညာအကြေက ရွာသားတွေ ကိုတွံတေးတွေလို ဟဲလို့။

ဒါဗို့စ်ကလည်း

ကြားလို့

ပျော်လို့

ဆော်လို့

ဆော်စို့၊

မြိုင်သို့။

(The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ

‘ဘဘဝ’ ရေးဖွဲ့တဲ့ “​​မြိုင်” စကား​ပြေကဗျာကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ရသစာတမ်းငယ်

●ထွင် စစ်အာဏာရှင်၏လက်ထက်တွင်အဖြစ်အပျက်တို့သည်ကသောင်းကနင်း၊ ကပြောင်းကပြန် ဖြစ်ကုန်သည်။ မျက်စိတမှိတ်အတွင်းမှာပင် လက်မောင်းပေါ် လာကိုက်သော ခြင်တကောင်ကဲ့သို့ မရိုက်မီမှာပင် ဖျတ်ကနဲ့ ပျောက်ကွယ်သွားတတ်သည်။ မနေ့က ဘေးချင်းယှဥ်ထိုင်ပြီး ဂိမ်းအတူဆော့ခဲ့သော ထွန်းပြည့်စုံဆိုသည့် ပီဒီအက်ဖ်ကလေးက ရန်သူ့ဒရုန်းထိမှန်ပြီး မနေ့ညကပဲ မြေအောက်ထဲ ရောက်သွားခဲ့ပြီ။ ယခုပဲ မိသားစုလက်ဆုံ စားနေသည့် ထမင်းဝိုင်းကလေးဟာ...

ရသစာတမ်းငယ်

အသက် အမျက်အငြိုးပြည့်နှက်နေသော ကမ္ဘာမြေကြီးပါလား။မိုးကော၊ ပိတောက်ကော နောက်ကျသည်။ သည်ကြားထဲ မုန်တိုင်းများက ဝင်ရန်ရှိကြောင်း သတင်းထွက်လာသေး၏။ မတတ်နိုင်တော့… ဒီကာလများ၌ ငါပျော်ခဲ့ဖူးတာ အရက်ဝိုင်းတခုသာရှိသည်။ အတွေးများသည့်၊ စကားလုံးတွေလျှံထွက်နေသည့်အပြင် မျက်နှာများစုံသည့်နေရာလည်းဖြစ်ပြန်သည်။ ငါ့မှာ ပိုက်ဆံမရှိပေ။ ဝိုင်းထဲ လူခြောက်ယောက်ရှိပြီး ငါးယောက်မှာ ဟိုခြစ်ခြစ်ဒီခြစ်ခြစ်နဲ့ မျက်နှာငယ်များဖြင့်တောင်းခံနေရသည်။ ကျန်တဦးကား...

ဝတ္ထုတို

လမ်းတံတားတွေပြုပြင် တိုးချဲ့တာက ကောင်းတော့ကောင်းပါရဲ့။ ဒါပေမဲ့ လမ်းဘေးအရိပ်ရပင်တွေ လုံးပါးပါးကုန်ပြီး ခုလိုနွေနေ့လယ်မျိုးဆို မြင်မြင်ရာဝန်းကျင်က ကွန်ကရစ်ပင်လယ်ပြင်ကြီးလို ဖြစ်နေသည်။ အရင်ကဆို ဒီလမ်းမကြီးက မဟော်ဂနီပင်ညိုရိပ်တွေအောက်မှာ လျောင်းစက်နေတဲ့ လမ်းမကြီးပေပဲ။

သတင်း

ခွန်းနီ ဒီနေ့ပြီးရင်ဒီနေ့လိုနေ့တွေပဲ ထပ်ရောက်လာညဆိုရင်လည်းလကတစ်ခြမ်းပဲ သာတော့တယ်အဝေးကြီးကနေရာကိုအဝေးကကြည့်နေရတာဘယ်သူပျော်မလဲ။ အမှောင်ထုထဲအရောင်တွေကလည်း ဖျော့နေလိုက်တာစိတ်ကူးကိုနည်းနည်းမှ မလျှော့နိူင်ဘူးငါဟာညတိုင်း အိမ်ပြန်လာနေကျအိမ်ရှေ့က သရက်ပင်ကြီးအောက်အရိပ်တစ်ခုထိုးကျနေတာ ငါပေါ့။ အမေ့ရဲ့ဆူငေါက်သံအဖေ့ရဲ့ကြိမ်းဝါးသံနောက်ပြီး တံခါးထဖွင့်ပေးသံအဲ့ဒီလိုနောက်ကျတတ်တဲ့အိမ်အပြန်တွေအခုတော့အရိပ်ယောင်ဆောင်ထားတဲ့အတိတ်တွေပဲ ငါပြန်ရတော့တယ်။ Public Service Announcement စောက်စနစ်ကဆိုးဝါးတော့ငါတို့လူငယ်တွေဟာစစ်ကြီးထဲလုံးလားထွေးလားပေါ့။ ပင်ပင်ပန်းပန်းသင်ယူရကျိုးကျိုးနွံနွံဆည်းပူးရခက်ခက်ခဲခဲတည်ဆောက်ရအပူတပြင်းအသားကျရမောကြီးပန်းကြီးရှေ့ဆက်ရမနိူင်မနင်းထမ်းပိုးခဲ့ရစနစ်တကျနဲ့လူငယ်ဘဝကိုဆုတ်ခွာပေးခဲ့ရအတူတူချီတက်ရင်းတချို့သူငယ်ချင်းတွေလွယ်လွယ်ကူကူသေပေးလိုက်ရ။ ဒီစစ်ကြီးထဲမယ်ရှင်ကျန်နေတဲ့ကောင်တွေအဖို့နှလုံးသားဟာ ဒဏ်ရာအရဆုံးပဲ။ ဆိုလိုရင်းကိုပြန်ဆက်ရရင်အိမ်ပြန်ဖို့ဆိုတဲ့အသိကလူငယ်တွေအားလုံးမှာရှိတယ်။ အတွေးတွေနဲ့ပိလာတဲ့ညဟာမိုးလင်းသွားပေမဲ့အာရုံထဲတော့စာသားတစ်ကြောင်းငြိနေတယ်။ အားလုံးကိုကျော်ဖြတ်ရမယ်ဆိုတဲ့စာသားဟာနေခြည်နွေးနု ပွင့်လုလုမနက်ခင်းအထိငါနဲ့အတူရှိနေတယ်...