Connect with us

Hi, what are you looking for?

ရသစာတမ်းငယ်

‘ဒါရေးပြီးတော့ ငါအော်ဟစ် အာဏာရှင်စနစ် ဖျက်ဆီးပစ်’

ပုခက်ပေါ်ကခုန်ဆင်းတော့ ကြောက်လန့်တကြား ထခုန်ရတဲ့ကိစ္စက မြွေတကောင်ရဲ့အားယူနေတဲ့ပုံကိုမြင်ယောင်မိတဲ့ အခိုက်အတန့်။ သစ်ခက်နွယ်နွယ်တွေယှက်နေတဲ့ မြေကြီးက အစာဝနေတဲ့မြွေလို ငြိမ်သက် ကမ္ဘာဟာဒီရက်ပိုင်း အရှိန်ပြင်းပြင်းနဲ့လည်နေပုံရတယ် ငါတို့ခေါင်းတွေမူးမူးနေတာပဲ။

(The Call -ခေါ်သံ"အွန်လိုင်းမဂ္ဂဇင်းမှာ'ဂနိုက်' ရေးဖွဲ့တဲ့ “​​​ဒါရေးပြီးတော့ ငါအော်ဟစ် အာဏာရှင်စနစ် ဖျက်ဆီးပစ်”ကဗျာကို People's Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို "The Call - ​ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749... မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

◼️ ဂနိုက်

ပုခက်ပေါ်ကခုန်ဆင်းတော့ ကြောက်လန့်တကြား ထခုန်ရတဲ့ကိစ္စက မြွေတကောင်ရဲ့အားယူနေတဲ့ပုံကိုမြင်ယောင်မိတဲ့ အခိုက်အတန့်။ သစ်ခက်နွယ်နွယ်တွေယှက်နေတဲ့ မြေကြီးက အစာဝနေတဲ့မြွေလို ငြိမ်သက် ကမ္ဘာဟာဒီရက်ပိုင်း အရှိန်ပြင်းပြင်းနဲ့လည်နေပုံရတယ် ငါတို့ခေါင်းတွေမူးမူးနေတာပဲ။

မသေရင်တောင် ရူးသွားလို့ရတဲ့ကာလကို ဖြတ်သန်းနေရတဲ့ဖိနပ်တွေ ခွာနာလျှာနာရောဂါခံစားနေရတဲ့ မီးခြစ်တွေ တချက်တောက်ဖို့ ခဏခဏခြစ်ရ အဲလို တခုခုဖြစ်ဖို့ ခဏခဏပျက်ပေးရတဲ့နှလုံးသား။ အရိုင်းဆန်ခြင်းရဲ့ဟိုးတဖက်ကမ်းမှာ လက်စဘီယံမီးလုံးတွေ ကူးလူးနေတယ် ပြောင်းဝကထွက်သွားတဲ့ဗုံးဆံများလို မီးလုံးတွေကိုအတန်းလိုက်မြင်ခဲ့ရတဲ့ ညခင်း။ နေထိုင်ခြင်းက မော်ဒန်ဖြစ်ဖို့ ဝတ်စားခြင်းကို စက်တင်(setting)ချရ နားဝမှာဖွင့်ထားတဲ့ အင်ဒီးတေးသွား။ ၃၅၃၇ ဆိုရင်တော့မသိ စလစ်ဘာဖော့ဖိနပ်ပေါ် မီးပွားကျတော့ ပေါက်တယ် ငါ့ဘောင်းဘီရဲ့ဒူးအောက်နေရာတော်တော်များများမှာလဲ မီးပေါက်ရာတွေ ခပ်ပြင်းပြင်းချစ်ခဲ့မိလို့ရခဲ့တဲ့ နှလုံးပေါက်ရာတွေလို။ မကြာသေးခင်က ကိစ္စကြီးကြီးဖြစ်သွားတယ် ငတ်မွတ်နေတဲ့ကြောင်ကလေးလို ငါ့ဖုန်းက အက်ဒိတ်(update) မကြာခဏတောင်းတယ် ကောက်တင်လိုက်ရင် ပြုတ်ကျသွားမှာသိတယ် ငါထမ်းပိုးထားတဲ့ဆက်ဆံရေးတွေလို ဗားရှင်းမကိုက်လို့ ဖြတ်ပစ်လိုက်ရတဲ့ဆံပင်တွေလို မကြာခဏဆက်နေရတဲ့အသက်တွေ။

နောက်တော့ ငါချစ်တဲ့ကောင်းကင်ကြီးထဲ လေယာဉ်တွေအစား ပူဖောင်းတွေပြည့်နေတဲ့စိတ်ကူး ပြုတ်ကျလာတဲ့ ပို့စ်ကတ်လေးမှာ ဖျက်အားပြင်းဗုံးသီး စုတ်ခြေခံရပြီးနောက် ကြေမွသွားတဲ့စက္ကူရွက်လို ဖျော့တော့နေတဲ့မျက်နှာနဲ့သေအံ့ဆဲဆဲ လူမမာအလောင်း ရုတ်တရက်ဝင်လာတဲ့ မုန်တိုင်းသတိပေးချက်နိုတီဖီကေရှင်းမှာ စစ်ပွဲအရင်ဖြစ်တယ် ရေခဲစိမ်ဘီယာတခွက်ကို အရင်လှမ်းမှာတော့ အသေအပျောက်စာရင်းကို အရင်လာချတယ်။ ငါခေါင်းထဲ ခဏခဏဖြစ်တဲ့ကိစ္စကြီးကြီးတွေကို ခပ်ရွှတ်ရွှတ်နောက်ရင်း ထခုန်ရတယ် ငြိမ်သက်နေတဲ့မြေကြီးအစား အားယူနေတဲ့မြွေတကောင်အမြှီးကို ငါဟာနင်းမိ။

Public Service Announcement

Public Service Announcement

ဒီဇင်ဘာ ၁၄၊ ၂၀၂၅

ဆက်စပ်သတင်းများ

ရသစာတမ်းငယ်

အညာရဲ့ ကောင်းကင်ဟာ တရားလွန် ပြာလဲ့လွန်းနေသည်။ ထိုအပြာရောင်သည် ကလေးငယ်များအတွက် ကစားကွင်း မဟုတ်တော့ဘဲ၊ အချိန်မရွေး ပေါက်ကွဲထွက်သွားနိုင်သည့် "အပြာရောင်သုသာန်" တခု ဖြစ်လာခဲ့သည်မှာ ကြာခဲ့ပြီ။ တိမ်တိုက်ဖြူဖြူလေးများကတော့ ဘာမှမသိသလို ဟိုတစ ဒီတစ လွင့်မျောနေဆဲ။

ရသစာတမ်းငယ်

တနေ့နေ့မှာ ခွေးကလေးတကောင်ကို ကြည့်ပြီး မျက်ရည်ကျမိလိမ့်မယ်လို့ ကျမကိုယ်ကျမ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။ တချိန်တုန်းက တယောက်ယောက်က ဒီလို တွက်ကိန်းထုတ်ရင် ကျမ ရယ်မောနေခဲ့မိမလားပဲ။ ဒါပေမဲ့ တရက်တုန်းကတော့ ကျမက ခွေးညိုလေးတကောင်ကို ကြည့်ရင်း မျက်ရည်ကျနေခဲ့တယ်။ ခွေးညိုလေး ဆိုပေမဲ့ တကိုယ်လုံး အညိုရောင် ရှိတဲ့...

ရသစာတမ်းငယ်

မည်သည့်နေရာမှ အစပြု၍ မည်သို့မည်ပုံအဆုံးသတ်ရမည်ကို မသိသော ဘဝတခုကို ကျမပိုင်ဆိုင်သည်။

ရသစာတမ်းငယ်

အဖေ့ရဲ့လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ရင်း စိတ်ထဲကနေ အကြိမ်ကြိမ် နှုတ်ဆက်နေမိတယ်။ ပြီးတော့ စိတ်ထဲကနေပဲ နားလည်ပေးပါလို့လည်း ပြောနေမိတာပေါ့။ အဖေဟာ မျက်နှာကျက်ကိုပဲ စူးစိုက်ကြည့်နေတယ်။ မျက်လုံးအိမ်မှာ မျက်ရည်တွေ အမြဲစိုစွတ်နေတယ်။ ဒါဟာ သူ လေဖြတ်ပြီးနောက်ပိုင်း သူ့ပုံမှန် နေ့စဥ်ပါပဲ။ အမြဲတမ်း အိပ်ယာပေါ်ပက်လက် မျက်နှာကျက်ကလွဲလို့...