Connect with us

Hi, what are you looking for?

သတင်း

မုံရွာထောင်မှ နိုင်ကျဥ်းများအပါအဝင် အကျဥ်းသား ၁၀၀ ​ကျော်ကို မကွေးထောင်ပို့

မုံရွာအကျဥ်းထောင်မှာ နိုင်ငံ​ရေးအကျဥ်းသားများအပါအဝင် အကျဥ်းသားကို​ရေလမ်း​ကြောင်းမှ သင်္ဘောများဖြင့် မကွေးအကျဥ်းထောင်သို့​ရောက်လာကြောင်း ဒေသခံများက​ပြောသည်။

မုံရွာမြို့ မင်း​ဒေါင့်ဆိပ်ကမ်းမှ စစ်​ကောင်စီ​ရေယာဥ်အုပ်စု ထွက်ခွာရန် ပြင်ဆင်​နေစဥ်။ဓါတ်ပုံ-အညာပစ်တိုင်း​ထောင်​လေးများ

စောနွေဦး/People’s Spring

မုံရွာအကျဥ်းထောင်မှာ နိုင်ငံ​ရေးအကျဥ်းသားများအပါအဝင် အကျဥ်းသားကို​ရေလမ်း​ကြောင်းမှ သင်္ဘောများဖြင့် မကွေးအကျဥ်းထောင်သို့​ရောက်လာကြောင်း ဒေသခံများက​ပြောသည်။

အကျဥ်းသား ၁၀၀ ခန့်ပါ သင်္ဘော ၉ စီးခန့်ကို စစ်သင်္ဘော ၃ စီး ခြံရံပြီး ဧရာဝတီမြစ်အတိုင်း စက်တင်ဘာ ၂၅ရက် မ​ကွေးထောင်ကို ရောက်လာသည်ဟု ဒေသခံများကပြောသည်။ထိုအကျဥ်းသားများထဲတွင် နိုင်ငံရေးအကျဥ်းသား ၅၀ ခန့်ပါဝင်သည်ဟု ထောင်အသိုင်းအဝိုင်းက သတင်းအရစ်အမြစ်တစ်ဦးကပြောသည်။ မုံရွာအကျဥ်း​ထောင်တွင် နာမည်​ကျော် သပိတ်​ခေါင်း​ဆောင်ကို​ဝေမိုးနိုင် ရှိပြီး ​ထောင်​ရွေ့​ပြောင်းခံရသူများတွင်၎င်းပါ၊မပါကိုမသိရ​​ပေ။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီသည် နိုင်ငံ​ရေးအကျဥ်းသားများကို ​ထောင်​ပြောင်း​ရွေ့ခြင်း ယခု​နောက်ပိုင်းပိုလုပ်လာသည်။

စစ်ကောင်စီတပ်က ၂၁ရက်တွင် နိုင်ငံရေးအကျဥ်းများပါဝင်သည့် အကျဥ်းသား ၁၀၀ခန့်ကို မုံရွာမြို့ မြို့တော်ခန်းမတွင်စုစည်းပြီး ချင်းတွင်းမြစ်မင်းဒေါင့်ဆိပ်ကမ်းမှတဆင့် ရေလမ်းကြောင်းမှပို့ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဒေသများကပြောသည်။

အကျဥ်းသားများကို သစ်လုံးတင်သင်္ဘော ၊​ကြေးနီတင်သင်္ဘော ၊ ယာဥ်များနှင့် စစ်တပ်အတွက် ရိက္ခာတင်သင်္ဘောများ စသဖြင့် စုစု​ပေါင်း သင်္ဘော ၂၀ ​ကျော်ဖြင့် မုံရွာမှ ထွက်ခွာလာခဲ့ခြင်းဖြစ်​ကြောင်း စစ်ကိုင်းတိုင်းမှ ​တော်လှန်​ရေးအင်အားစုများက ​ပြောသည်။ ထို​နောက် ဧရာဝတီမြစ်​ကြောင်းအတိုင်း မ​ကွေးမြို့သို့ပို့​ဆောင်ခြင်းဖြစ်သည်။

“အကျဥ်းသားတွေကိုမြင်းခြံထောင်နဲ့မကွေထောင်ကို ပို့တာ၊ သူတို့ ထောက်ပို့ပစ္စည်းတွေကော သယ်ပို့ သင်္ဘောတွေနဲ့သယ်တာ”ဟု မျက်မြင်​တွေ့ရှိခဲ့​သောဒေသခံတစ်ဦးကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

မန္တလေးမြို့က ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဒိန်းဒေါင်(ခ)ဦးစိုးမိုးနိုင်ဟာ ဒီကနေ့မနက်မှာမြင်းခြံအကျဉ်းထောင်မှာ ကွယ်လွန်သွားတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။

သတင်း

အကျဉ်းထောင် ၁၃ခုမှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေဆီကနေ ငွေကြေး မတရားခေါင်းပုံဖြတ်တာနဲ့ ဆေးဝါးပေးပို့မှု ပိတ်ပင်ကန့်သတ်တာတွေ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်လုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

သြစ​တြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီက​နေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။