Connect with us

Hi, what are you looking for?

သတင်း

မောင်​တော နခခ (၅)အပါအဝင် ရခိုင်ပြည်နယ်တွင် ကျန်ရှိသမျှစစ်တပ်စခန်းအားလုံးသိမ်းယူရန် ထိုးစစ်အရှိန်မြှင့်မည်ဟု AA ​ကြေညာ

အမ်းနှင့်ဂွမြို့နယ်တိုက်ပွဲများ၌စစ်​တပ်အထိနာပြီး​နောက်ဆုတ်သွား​ကြောင်းအသိ​ပေး

သံတွဲမြို့နယ်တွင်​နောက်ဆုံးကျန်​သော ​မောင်​ရွှေ​လေး​ရေတပ်စခန်းသိမ်းယူပြီး​နောက် AAတပ်ဖွဲ့ဝင်များ​ကို​တွေ့ရစဥ်။ ဓါတ်ပုံ-AA Infodesk

မိထက်/People’s Spring

မောင်တောမြို့ပြင်တွင် တစ်ခုတည်းကျန်​သော စစ်ကောင်စီတပ်၏ နခခ ၅ စခန်းကို အပြီးသတ်သိမ်းပိုက်ရယူရေးအတွက် ထိုးစစ်အရှိန်အဟုန်မြှင့်တင်သွားမည်ဖြစ်ပြီး ရခိုင်ပြည်နယ်တွင် သိမ်းပိုက်ရန် ကျန်ရှိ​သောစစ်တပ်စခန်းများကို တစ်ခုမကျန် သိမ်းပိုက်ရန် ထိုးစစ်များကိုဆက်လက်အရှိန်အဟုန်မြှင့်တင်​သွားမည်ဟု အာရက္ခတပ်တော်(AA)ကထုတ်ပြန်လိုက်သည်။

မောင်တောမြို့အား အလုံးစုံသိမ်းပိုက်ရရှိရန် ကြိုးစားနေပြီး မြို့အတွင်း၌ ကစဉ့်ကလျားထွက်ပြေးပြီး တိုက်တာအဆောက်အအုံ၊ လူနေအိမ်အချို့၌ ထွက်ပြေးပုန်းခိုလွတ်မြောက်နေသေးသော စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့၊ ၎င်းတို့သင်တန်းပေးထားသော လက်နက်ကိုင်အချို့ နှင့် ARSA၊ RSO၊ ARA အစရှိသော အကြမ်းဖက်လက်နက်ကိုင်များအား လိုက်လံရှင်းလင်းလျက်ရှိကြောင်းAAက အသိ​ပေးထားသည်။

သံတွဲမြို့နယ်တွင်​နောက်ဆုံးကျန်​သော ​မောင်​ရွှေ​လေး​ရေတပ်စခန်းသိမ်းယူပြီး​နောက် AAတပ်ဖွဲ့ဝင်များ​ကို​တွေ့ရစဥ်။ ဓါတ်ပုံ-AA Infodesk

မောင်တောမြို့ပြင်၌ စစ်ကောင်စီ၏ အမှတ် (၅) နယ်ကြားစောင့်ရဲတပ်ရင်း- နခခ (၅) စခန်း တစ်ခုသာကျန်ရှိတော့ပြီး အပြီးသတ်သိမ်းပိုက်ရရှိရန်ထိုးစစ်များဆက်လက်အရှိန်အဟုန်မြှင့်တင်သွားမည်ဟု AAက စက်တင်ဘာ ၂၇ ရက်ညတွင်တရားဝင်​ကြေညာလိုက်သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် အမ်းမြို့နယ်၊ ကျောက်စကွဲကျေးရွာအနီးတွင် စစ်ကောင်စီ၏ စကခ (၅) လက်အောက်ခံ ခမရ ၃၄၆/ ၃၇၃/ ၃၇၂တပ်ရင်းများ စုပေါင်းထားသော အင်အား ၁၀၀ခန့်ပါ စစ်ကြောင်းနှင့် စက်တင်ဘာလ (၂၆) ရက်နေ့၊ နံနက် (၁၁) နာရီ (၅၀) မိနစ်တွင်တိုက်ပွဲစတင်ဖြစ်ခဲ့ပြီး နှစ်နာရီခန့်ကြာအတွင်း အလောင်း၅ လောင်း၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းတချို့ကို သိမ်းဆည်းရမိခဲ့သည်ဟုငိရသည် စက်တင်ဘာလ (၂၇) ရက်နေ့၊ နံနက် (၁၀) နာရီခန့်အချိန် တွင်လည်းတိုက်ပွဲထပ်ဖြစ်ပွားပြီး စစ်ကောင်စီသည် အထိအခိုက်အကျအဆုံးအချို့ဖြင့် နောက်ဆုတ်သွားသည်ဟုဆိုသည်။

အမ်းတိုက်ပွဲ၌ စစ်ကောင်စီတပ်မှ ​သေဆုံးထိခိုက်မှုများပြီး ၅၀ဦးထက်မနည်းသေဆုံးသည့်သတင်းများကြားရကြောင်းဒေသခံအချို့ကပြောသည်။

AAက အသေးစိတ်သတင်းမထုတ်ပြန်သော်လည်း “ရန်သူ၏ စစ်အသုံးအဆောင်ပစ္စည်း၊ လက်နက်ခဲယမ်း၊ ခြင်းတောင်းအများအပြားတို့ကို ထပ်မံသိမ်းဆည်းရမိခဲ့သည်” ဟု အသိ​ပေးထားသည်။

လတ်တ​လောစစ်​ရေးအ​ခြေအ​နေပြ ​မြေပုံ။ ဓါတ်ပုံ-AA Infodesk

ထို့အပြင် ဂွမြို့နယ်၊ ကျောက်ပါးစပ်ရွာအနီး၊ကျိန္တလီကားလမ်းမအနီးရှိ တောင်ကုန်းတွင်လည်း စက်တင်ဘာလ (၂၄) ရက်နေ့၊ နေ့လယ် (၁) နာရီ (၅၀) မိနစ်မှ နေ့လယ် (၃) နာရီ (၂၀) မိနစ်အထိ နှစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဂွမြို့နယ်သည် ဧရာဝတီတိုင်း နှင့် နယ်စပ်မြို့ဖြစ်ပြီး စစ်ကောင်စီစခန်းများကို AAက ထိုးစစ်စင်တိုက်ခိုက်မည်ဖြစ်၍ တိုက်ပွဲများပိုမိုပြင်းထန်လာနိုင်ကြောင်း ဒေသခံများကပြောသည်။ ဂွမြို့နယ်ဒေသခံအများအပြားသည် ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်း၊ ရေကြည်၊ ဟင်္သာတမြို့များသို့ တိမ်းရှောင်​နေကြသည်။

ထိုအပြင်ရခိုင်ပြည်နယ်၌ တိုက်ခိုက်သိမ်းယူရန်ကျန်ရှိနေသေးသည့် စစ်ကောင်စီလက်ကျန်စခန်းများအားလုံးကို တစ်ခုမကျန် သိမ်းပိုက်ရယူရေးအတွက် ထိုးစစ်များကို ဆက်လက်အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း AAက ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲသတင်းများနှင့်ပတ်သက်၍ AAက သံတွဲမြို့နယ်တွင် ​နောက်ဆုံးကျန်ရှိ​သော ​မောင်​ရွှေ​လေး​ရေတပ်စခန်းကိုစ်တင်ဘာ ၅ ရက်တွင် အပြီးသိမ်းယူပြီး​နောက်စက်တင်ဘာလ ၆ရက်က နောက်ဆုံးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ထို​နောက်ပိုင်းတွင် ရခိုင်ပြည်နယ်၌ AA ၏ ထိုးစစ်အရှိန် ​လျော့ကျသွားခဲ့ပြီး လက်ကျန်စခန်းအားလုံးသိမ်းယူရန်ထိုးစစ်ဆက်လက်အရှိန်မြှင့်မည်ဟု AAက စက်တင် ၂၇ ညတွင် တရားဝင်​ကြေညာလိုက်ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ဆက်တိုက်စစ်ရှုံး​နေ​သောစစ်​ကောင်စီက စက်တင်ဘာလ ၈ရက်နှင့် ၉ရက်တွင် ပေါက်တောမြို့နယ်မောင်တောမြို့ကိုလေကြောင်းမှဗုံးကြဲတိုက်ခိုက်ရာ စစ်သုံပန်းအချို့နှင့် အရပ်သားပြည်သူအချို့သေဆုံးခဲ့သည်။

ရခိုင်ပြည်နယ် စစ်​ရေးအ​ခြေအ​နေပြ အင်ဖိုဂရပ်

စက်တင်ဘာလ ၂၆ ရက်နံနက်တွင် သံတွဲမြို့ရှိ စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ စစ်ဘေးရှောင် ၁၄ ဦး သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ စက်တင်ဘာလ ၂၅ရက်ညကလည်းမြေပုံမြို့ကို လေကြောင်းမှဗုံးလေးလုံးကြဲချတိုက်ခိုက်ခဲ့သည်။ ထို့အပြင် စက်တင်ဘာလ ၂၄ ရက်နေ့ ညနေ ၇ နာရီ ၄၀ မိနစ်တွင် တောင်ကုတ်မြို့နယ်၊ တန်းလွဲရွာမကိုလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားနှစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိခဲ့သည်။

အာရက္ခတပ်​တော်သည် ချင်းပြည်နယ် ပလက်ဝ မြို့နယ် နှင့် ​​​ရခိုင်ပြည်နယ်မှပေါက်​​တော ၊ ​ကျောက်​တော် ၊​မြောက်ဦး ၊မင်းပြား ၊ ရ​သေ့​တောင် ၊ ​မြေပုံ ၊ ပုဏ္ဏားကျွန်း ၊ဘူးသီး​တောင် ၊ရမ်းဗြဲ ၊သံတွဲ မြို့နယ်တို့ကို သိမ်းပိုက်ထိန်းချုပ်ထားသည်။ထို​ကြောင့်ရခိုင်ပြည်နယ်တွင် မောင်​တော ၊ စစ်​တွေ ၊ အမ်း ၊​​တောင်ကုတ် ၊ဂွ ၊မာန်​အောင်မြို့နယ်တို့ကိုသာ တိုက်ခိုက်သိမ်းပိုက်ရန် ကျန်ရှိ​တော့သည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်း၊ ကူတောင်ကျေးရွာကနေ ကျောက်တော်မြို့ဆီ စျေးဝယ်သွားတဲ့ စက်လှေတစီးဟာ ဒီကနေ့ မနက်ပိုင်းမှာ ပုဏ္ဏားကျွန်းမြို့အနီး နစ်မြှုပ်သွားခဲ့တာကြောင့် စက်လှေ ပေါ်လာသူ ၈ ဦး သေဆုံးပြီး ၂ ဦး ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့အတွင်းက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို အခုလာမယ့် ပညာသင်နှစ်ကနေစပြီး လစာအနေနဲ့ ထောက်ပံ့ပေးတော့မယ်လို့ အာရက္ခပညာရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ ကျပ်သိန်း ၃၀၀ နီးပါးတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါး Ice တွေနဲ့အတူ သုံးစွဲ၊ ရောင်းချ နေသူသုံးဦးကို ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးဆိုင်ရာဥပဒေပုဒ်မ သုံးခုနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ အာရက္ခတပ်တော် (AA)ရဲ့ ရဲတပ်ဖွဲ့က ပြောပါတယ်။