Connect with us

Hi, what are you looking for?

သတင်း

သရက်ကန်ပျူစောထီးရွာမှ ထွက်ပြေးလာသော ပြည်သူ ၅၀ခန့်အား PDFများ စောင့်ရှောက်ထား

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန်ပျူစောထီးကျေးရွာမှ ထွက်ပြေးလာသော ရွာသူရွာသား ၅၀ နီးပါးအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စောင့်ရှောက်ထားကြောင်း သတင်းရရှိသည်။

PDF များထံ ခိုလှုံလာသော သရက်ကန်ရွာမှ ရွာသူရွာသားများအား တွေ့ရစဥ်။ ဓာတ်ပုံ-TYK ပြောက်ကျားတပ်ဖွဲ့

ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန်ပျူစောထီးကျေးရွာမှ ထွက်ပြေးလာသော ရွာသူရွာသား ၅၀ နီးပါးအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စောင့်ရှောက်ထားကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၆ ရက်က မြိုင်မြို့နယ်၊ သရက်ကန်ရွာမှ စစ်ကောင်စီတပ်နှင့်ပျူစောထီးများ တစ်လအတွင်း လက်နက်ချအလင်းဝင်ရန် ​ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးကြေညာချက်ထုတ်ပြန်ပြီးနောက် စက်တင်ဘာ ၂၄ ရက်အထိ သရက်ကန်ပျူရွာမှ ထွက်ပြေးလာသူ ၄၆ ဦးအထိ ရှိလာကြောင်း ကာကွယ်ရေးအဖွဲ့များက ပြောသည်။

Public Service Announcement

Public Service Announcement

“မိသားစု ၁၀စု၊ ၁၅ စုလောက်တော့ရှိမယ်။ သူတို့က ဟိုထဲမှာ မနေနိုင်လို့၊ ဒုက္ခရောက်လို့၊ ဆက်ပြီး သူတို့ကိုယ်တိုင် မနေချင်လို့ ဒီဘက်မှာ နေချင်တယ်ဆိုတာကလည်း ဒီဘက်ကိုထောက်ခံလို့ မဟုတ်ဘဲ ဟိုဘက်မှာ စားဝတ်နေရေးအခက်အခဲကြောင့်၊ ကျန်းမာရေးအခက်အခဲကြောင့် ခိုလှုံတဲ့သဘောပါ။”ဟု မြိုင်ပကဖတပ်ရင်း(၁)၏ တာဝန်ရှိသူက ပြောသည်။

လက်နက်ချ အလင်းဝင်ရောက်ခြင်းမရှိသော စစ်ကောင်စီတပ်သားများအား တော်လှန်ရေး အင်အားစုများအနေဖြင့် ကိုင်းတောမရဲစခန်း၊ ဝက်ပုတ်ပျူစခန်းနှင့် ရွာသစ်ရွာတိုက်ပွဲများ ကဲ့သို့ သရက်ကန် ပျူစောထီးရွာကို တိုက်ခိုက်သိမ်းပိုက်သွားမည်ဟု သတိပေးစာတွင် ဖော်ပြထားသည်။

လက်နက်ချ အညံ့ခံသူအားလုံးကို ဂျနီဗာကွန်ဗန်းရှင်း ဥပဒေနှင့်အညီ ကာကွယ်မှုများ ပေးအပ်ဖြစ်ပြီး လက်နက်နှင့်တကွ အညံ့ခံ၍ ဘက်ပြောင်းလာသူများကို ဆုငွေနှင့် အခြားခံစားခွင့်များ ပေးအပ်မည်ဟု ကာကွယ်ရေးအဖွဲ့များက ပြောသည်။

စက်တင်ဘာ ၂၀ ရက်ကပင် သရက်ကန် ပျူစောထီးရွာမှထွက်လာသော စစ်ကြောင်းကိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ဦးသေဆုံးပြီး ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း ကာကွယ်ရေးအဖွဲ့များက ထုတ်ပြန်ထားသည်။

သရက်ကန်ပျူစောထီးရွာသည် မြိုင်မြို့နယ်တောင်ပိုင်း၊ မြိုင်-ပခုက္ကူ-ကမ္မလမ်းပေါ်၌ တည်ရှိပြီး အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်စွဲကာ ဒေသခံများအား စစ်တပ်က စည်းရုံးပြီး ပျူသင်တန်းပေးကာ လက်နက်တပ်ဆင်ပေးခဲ့သည်။ ထို့နောက် ဒေသကာကွယ်ရေးအဖွဲ့များ၏ မကြာခဏတိုက်ခိုက်မှုခံခဲ့ရပြီးနောက် တစ်လအတွင်း လက်နက်ချအလင်းဝင်ရန် ကာကွယ်ရေးအဖွဲ့များက သတိပေးထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်တပ်တပ်စွဲထားတဲ့ ကုက္ကိုလ်စုရွာကို ဒေသခံတော် လှန်ရေးအဖွဲ့တွေကဇွန်လ ၄ ရက်နေ့မှာ ထိုးစစ်ဆင်သိမ်းပိုက်ခဲ့ပါတယ်။လက်နက်ခဲယမ်း​တွေသိမ်းဆည်းပြီး ပျူ​စောထီး​တွေ၊ ရဲ နဲ့စစ်သား စတဲ့ သုံ့ပန်းတွေကို စစ်ဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါ​ပေမယ့် စစ်ရာဇဝတ်မှုကျူးလွန်သူ​တွေကို​တော့ ဥပ​ဒေ နဲ့အညီ အ​ရေးယူမယ်လို့ အသိ​ပေးထားပါတယ် ။

သတင်း

ဇွန်-၁၀၊ ၂၀၂၆။ရဲခေါင်/People’s Spring “Operation Su “အဖြစ် အညာ‌မြေစစ်ဆင်ရေးဖော်ဆောင်ကာ စစ်တပ်စခန်း နဲ့ ပြည်သူ့စစ်ရွာကို သိမ်းပိုက်ပြီး စစ်သုံ့ပန်း ၆၅ ဦးနဲ့ လက်နက်ကြီး၊လက်နက်ငယ် ၆၀ နီးပါး သိမ်းဆည်းရရှိတယ်လို့ တော်လှန်ရေးတပ်ဖွဲ့အသီးသီးက ဒီကနေ့ ထုတ်ပြန်ပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မတရားဖမ်းဆီး...

သတင်း

စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်၊သီလုံးရွာကပျူစောထီးစခန်း နှစ်ရက်ဆက်တိုက် ​ဗုံးကြဲတိုက်ခိုက်ခံရပြီးပျူခေါင်းဆောင်သေဆုံးသွားကြောင်းရွှေဘိုခရိုင်အမှတ်(၄) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်းအခြေစိုက် အညာမြေတပ်ပေါင်းစုက ဒရုန်းတပ် ဖွဲ့စည်းလိုက်ပြီးနောက် ပခုက္ကူမြို့နယ်မှာ စစ်ရေးအရ အရေးပါတဲ့ ညောင်ဂျစ်ပင်ပျူစောထီးရွာကို တိုက်ခိုက်ခဲ့တယ်လို့ တပ်ပေါင်းစုတာဝန်ရှိသူက ပြောပါတယ်။