Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏သန်းခေါင်စာရင်းနှင့် ရွေးကောက်ပွဲသပိတ်မှောက်ရန်​ သရက်ချောင်းတွင် လှုံ့ဆော်မှုပြုလုပ်

တနင်္သာရီတိုင်း ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်တွင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီမှ ဦးဆောင်ပြီး စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူနေမှုနှင့် အတုအယောင်ရွေးကောက်ပွဲကို ပြည်သူများဆန့်ကျင်ကြရန် လှုံ့ဆော်သည့် လှုပ်ရှားမှုတစ်ရပ်ကို ယနေ့ (စက်တင်ဘာ ၃၀)နံနက်က ပြုလုပ်ခဲ့သည်။

ဓာတ်ပုံ - DDMSC

သုည/People’s Spring

တနင်္သာရီတိုင်း ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်တွင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီမှ ဦးဆောင်ပြီး စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူနေမှုနှင့် အတုအယောင်ရွေးကောက်ပွဲကို ပြည်သူများဆန့်ကျင်ကြရန် လှုံ့ဆော်သည့် လှုပ်ရှားမှုတစ်ရပ်ကို ယနေ့ (စက်တင်ဘာ ၃၀)နံနက်က ပြုလုပ်ခဲ့သည်။

သပိတ်အင်အားစုမှ လူငယ်များက သရက်ချောင်းမြို့နယ် လမ်းမများထက်၌ “စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကို ငြင်းဆန်ကြ” ၊ “အတုအယောင်ရွေးကောက်ပွဲကို သပိတ်မှောက်ကြ” ဆိုသည့် စာသားများ ရေးသား၍ တိုက်တွန်းလှုံ့ဆော်ခဲ့ကြသည်။

Public Service Announcement

Public Service Announcement

“ပြည်သူတွေ ဒုက္ခရောက်နေတဲ့ကြားက စစ်ကောင်စီဟာ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူဖို့ ကြိုးပမ်းနေပါတယ်။ ရရှိလာတဲ့ လူဦးရေဆိုင်ရာအချက်အလက်တွေကို အခြေခံပြီး စစ်ခေါင်းဆောင်တွေဟာ သူတို့အာဏာတည်မြဲရေးအတွက် စိတ်တိုင်းကျ ပုံဖော်နိုင်မယ့် ရွေးကောက်ပွဲ ပြုလုပ်ဖို့ စီစဥ်နေတာပါ။ ဒီရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပဋိပက္ခတွေကို ဖြေရှင်းပေးနိုင်မှာမဟုတ်ဘဲ စစ်ခေါင်းဆောင်တွေက နိုင်ငံရေးထွက်ပေါက်တခုအနေနဲ့ အသုံးချမယ့် ဟန်ပြရွေးကောက်ပွဲသာ ဖြစ်ပါတယ်။ စစ်ခေါင်းဆောင်တွေရဲ့ မတရားအာဏာရယူထားမှုကို သက်ဆိုးရှည်ဖို့ အထောက်အကူပြုမယ့် သန်းခေါင်စာရင်းကောက်ယူရေးနဲ့ ရွေးကောက်ပွဲတို့ကို ပြည်သူတွေအနေနဲ့ တတ်နိုင်သမျှ ဆန့်ကျင်ကြပါ”ဟု သရက်ချောင်းသပိတ်အင်အားစုက တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဆောင်းပါး

ဂျာမနီ၏ ရွှေ့ပြောင်းနေထိုင်မှု အပြောင်းအ လဲနဲ့ အာရှကျောင်းသား​တွေရဲ့ အိပ်မက်

သတင်း

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ဟာ ဒေသခံတွေပိုင်ဆိုင်တဲ့ ကားအချို့နဲ့ ဆိုင်ကယ်တွေကို ယူဆောင်သွားသလို နေအိမ်အချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။