Connect with us

Hi, what are you looking for?

သတင်း

လာမည့်ရက်များအတွင်း တိုက်ပွဲများဖြစ်ပွားနေသည့်ဒေသများ၌ မိုးကြီးနိုင်ကြောင်း NUG သတိပေး

အောက်တိုဘာပထမပတ်အတွင်း ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ် တို့တွင် မိုးကြီးနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က သတိပေးသည်။

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့ပေါ်တွင် ရေကြီး ရေလျှံနေသည်ကို ဇူလိုင် ၄ ရက်က တွေ့ရစဥ်။ ဓာတ်ပုံ-CJ

ရွှေပြည်စိုး/People’s Spring

အောက်တိုဘာပထမပတ်အတွင်း ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ် တို့တွင် မိုးကြီးနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က သတိပေးသည်။

အဆိုပါဒေသများတွင် အောက်တိုဘာ၂ရက်မှ အောက်တိုဘာ ၆ရက်အတွင်း နေရာကွက်၍ မိုးကြီးခြင်း၊ ဒေသအလိုက် မိုးကြီးခြင်းများ တစ်ကျော့ပြန်ကြုံတွေ့နိုင်ကြောင်း MOHADM က ယနေ့ (စက်တင်ဘာ ၃၀ရက်) သတိပေးချက်ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

တစ်နေ့ချင်းအလိုက် သတိပေးချက်တွင် အောက်တိုဘာ၂ရက်၌ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း၊ အောက်တိုဘာ ၃ရက်တွင် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်၊ အောက်တိုဘာ ၄ရက်၊၅ရက်၊ ၆ရက်တို့တွင် စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့၌ မိုးကြီးနိုင်ကြောင်း သတိပေးထားသည်။

မိုးကြီးမည့်သတိပေးချက် ထုတ်ပြန်ထားသည့်ဒေသများ၍ တော်လှန်ရေးအင်အားစုများနှင့် စစ်ကောင်စီ တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ဘေးသင့်ပြည်သူများလည်းရှိနေသည်။

“မိုးက ရွာချိန်နည်းတယ်။ ဒါပေမယ့် ရေပါတယ်။ ‌တောင်ကျရေကို တော်တော်လေး သတိပြုနေရတယ်။ စစ်ဘေး ရှောင်စခန်းတွေကနေလည်း ယာယီနေရာရွှေ့ထားရတာတွေ ရှိပါတယ်”ဟု ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

ဆောမြို့နယ်တွင် စက်တင်ဘာ ၂၅ရက်က နေရာကွက်မိုးကြီးခဲ့ရာ တောင်ကျရေတိုက်စားပြီး စစ်ဘေးရှောင်သားမိနှစ်ဦး ရေစီးနှင့်မျောပါသေဆုံးခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာ ဒုတိယပတ်က တောင်တရုတ်ပင်လယ်ဘက်မှ ဝင်ရောက်လာသော Yagi မုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံတွင်ရေ ဘေးကြုံခဲ့ပြီး ရေပေးသင့်ပြည်သူများအခက်အခဲမျိုးစုံကြုံတွေ့နေကြရဆဲဖြစ်သည်။

စစ်ကောင်စီသည် ရေဘေးဒေသများပြန်လည်ထူထောင်ရေးအတွက် အာရုံစိုက်ခြင်းမရှိဘဲ လိုအပ်သောအကူအညီများပေးအပ်ခြင်းမရှိဟု ဘေးသင့်ပြည်သူများက ပြောသည်။

တော်လှန်ရေးအင်အားသူများထိန်းချုပ်ထားသည်မြို့နယ်များကို ရေဘေးကယ်ဆယ်ရေးပစ္စည်းများမရောက်ရှိရန် စစ်ကောင်စီကတားမြစ်မှုများရှိခဲ့သည်။

Yagiမုန်တိုင်းကြောင့် မြန်မာနိုင်ငံတွင် ပြည်သူသိန်းချီ ရေဘေးကြုံတွေ့နေပြီး သေဆုံးနှင့်ပျောက်ဆုံး လူဦးရေ ၁,၀၀၀ကျော် ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန(MOD)က စက်တင်ဘာလ ၂၅ရက်တွင် သတင်းထုတ်ပြန်သည်။

ယခုနှစ်တွင် တောင်တရုတ်ပင်လယ်ပြင်နှင့် ပစ္စိဖိတ်သမုဒ္ဒရာအနောက်ပိုင်းမှ တိုင်ဖွန်းမုန်တိုင်းနှင့်ဆက်စပ်သော လေပွေလှိုင်းများ အာရှတိုက်ကုန်းမြေဘက်သို့ ဝင်ရောက်လာမှုများပြားနိုင်သည်ကို သတိပြုအလေးထားရန်နှင့် မိုးစပါး ရိတ်သိမ်းချိန်တွင်လည်း အဖျက်မိုးအဖြစ် ကြုံတွေ့ နိုင်ကြောင်းလည်း MOHADM က သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မိုးမိတ်မြို့အနီးမှာ ဒီနေ့ နေ့လယ်ပိုင်း ၁နာရီခန့်ကစပြီး တိုက်ပွဲပြင်းထန်နေပါတယ်။

သတင်း

စစ်အာဏာရှင်စနစ် ခိုင်မြဲကြာရှည်စေရေး ပူးပေါင်းကူညီသူတွေ ချက်ချင်းရပ်တန့်ကြဖို့ KIO ဥက္ကဋ္ဌသတိပေး

သတင်း

စိုက်ပျိုးမြေအမြောက်အများရေနစ်မြုပ်ခဲ့ပြီးပြည်သူသိန်းချီအကူအညီလိုအပ်နေတဲ့ စစ်ကိုင်းတိုင်းရေဘေးကယ်ဆယ်ရေးအတွက် အမျိုးသားညီညွတ်​ရေးအစိုးရ-NUG နဲ့ စစ်ကိုင်းတိုင်းဖက်ဒရယ်ယူနစ်အစိုးရတို့ "အရေးပေါ် တုံ့ပြန် ဆောင်ရွက်ရေး ပူးပေါင်းကော်မတီ (Joint Emergency Response Committee- JERC)" ကို ဖွဲ့စည်းလိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ပစ်ကူပေးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။