Connect with us

Hi, what are you looking for?

သတင်း

အကျဥ်းထောင်များ၌ ဆေးဝါးစောင့်ရှောက်မှုမရ၍ ၉လအတွင်း နိုင်ကျဥ်း ၁၂ဦး ကျဆုံး

နိုင်ငံတဝှမ်းရှိ အကျဉ်းထောင်များ၌ ဆေးဝါးစောင့်ရှောက်မှုလုံလောက်စွာမရရှိ၍ ၉လအတွင်း နိုင်ငံရေးအကျဥ်းသား ၁၂ဦး ကျဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က သတင်းထုတ်ပြန်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ အကျဥ်းထောင်တစ်ခု၌ ၂၀၂၁ ဇူလိုင်က တွေ့ရသော အကျဥ်းသားများ။ Myanmar Prisons Department

ဇေအောင်/People’s Spring

နိုင်ငံတဝှမ်းရှိ အကျဉ်းထောင်များ၌ ဆေးဝါးစောင့်ရှောက်မှုလုံလောက်စွာမရရှိ၍ ၉လအတွင်း နိုင်ငံရေးအကျဥ်းသား ၁၂ဦး ကျဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က သတင်းထုတ်ပြန်သည်။

၂၀၂၄ ဇန်နဝါရီ ၁ရက်မှ စက်တင်ဘာ ၃၀ရက်အထိ နိုင်ငံရေးအကျဉ်းသား ၉ဦး ၊ နိုင်ငံရေးအကျဉ်းသူ ၂ ဦး၊ ရဲ CDM (ရဲပြေးအမှုဖြင့် တရားစွဲဆိုခံထားရသူ) တစ်ဦး စုစုပေါင်း အမျိုးသား၊ အမျိုးသမီး ၁၂ဦး ကျဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က အသိပေးသည်။

Public Service Announcement

Public Service Announcement

ဇန်နဝါရီက ကျိုက်မရောအကျဉ်းထောင်၌ ပုဒ်မ၅၄၊ ပုဒ်မ၅၂(က)တို့ဖြင့် ထောင်တသက်ချမှတ်ခံထားရသည့် (၄၃)နှစ်အရွယ် ကိုရာရှင်(ခ)ဟာရှင်၊ ပုဒ်မ၅၂(က)ဖြင့် ထောင်ဒဏ် ၇နှစ် ချမှတ်ခံထားရသည့် (၃၁)နှစ်အရွယ် ကိုပြည့်ဖြိုးအောင်၊ မကွေးထောင်၌ ၅၀(ည)ဖြင့် ထောင်ဒဏ်၁၅နှစ် အမိန့်ချခံထားရသည့် (၂၂)နှစ်အရွယ် မစုမေအောင်၊ ကလေးအကျဉ်းထောင်မှ ပုဒ်မ၅၀၅(က)၊၅၂(က)၊၅၀(ည)တို့ဖြင့် ထောင်ဒဏ်၁၄နှစ် ချမှတ်ခံထားရသည့် (၄၅)နှစ်အရွယ် ကိုကြည်ရအောင်တို့ ကျဆုံးခဲ့သည်။

ဖေဖော်ဝါရီတွင်လည်း မန္တလေးအိုးဘိုအကျဉ်းထောင်မှ ၅၀၅(က)၊၅၀၅(က)နှစ်မှုဖြင့် ထောင်ဒဏ် ၆နှစ်အမိန့်ချခံထားရသည့် (၃၅)နှစ်အရွယ် မယဥ်မိုး၊ ဒိုက်ဦးအကျဉ်းထောင်မှ ပုဒ်မ ၅၀၅၊၁၂၄ဖြင့် ထောင်ဒဏ် ၈နှစ်ကျခံနေရသူ (၆၈)နှစ်အရွယ် ဦးအေးဝင်းတို့ ကျဆုံးခဲ့သည်။

မတ်လတွင် ဒိုက်ဦးအကျဉ်းထောင်မှ ပုဒ်မ၅၂(က)၊၅၀(ည)ဖြင့် ထောင်၁၄နှစ် ချမှတ်ခံရသည့် (၆၄)နှစ်အရွယ် ဦးခင်စိုး၊ မေလတွင် ဒိုက်ဦးအကျဉ်းထောင်မှပင် ၅၀ (ည) ဖြင့် အကျဉ်းကျနေသည့် (၃၂)နှစ်အရွယ် ကိုလင်းလင်းထွန်း(ခ) လယ်ဝေးတို့ ကျဆုံးခဲ့သည်။

ဇူလိုင်တွင် သရက်ထောင်မှ ပုဒ်မ၅၂(က)/ ၅၁(ဂ) ဖြင့် မတရားဖမ်းဆီးခံထားရသည့် (၃၉)နှစ်အရွယ် ကိုညီညီ၊ အင်းစိန်ထောင်၌ ပုဒ်မ ၅၀၅(က)/၅၂(က) တို့ဖြင့် အကျဉ်းချခံထားရသည့် (၄၅)နှစ်အရွယ် ကိုနေလင်းထိုက် တို့ ကျဆုံးခဲ့သည်။

ဩဂုတ်တွင်လည်း ပြည်အကျဉ်းထောင်၌ ရဲစည်းကမ်းဖြင့် အဖမ်းခံထားရသည့် CDMရဲဝန်ထမ်း ကိုမျိုးသူ၊ ယနေ့ အောက်တိုဘာ ၁ ရက်တွင် သထုံအကျဉ်းထောင်၌ (၅၇)နှစ်အရွယ် ဦးသန့်ဇင်တို့ ကျဆုံးခဲ့ကြောင်း PPNM က အသိပေးသည်။

ကျဆုံးနိုင်ကျဥ်းများမှာ အသည်းရောဂါ၊ အဆုတ်ရောဂါ၊ ကျောက်ကပ်ရောဂါ၊ လေထိုးလေအောင့်ရောဂါ၊.သွေးတိုးရောဂါ၊ ရင်ကြပ်ရောဂါများဖြင့် ဆေးဝါးကုခွင့်မရခြင်း၊ ဆရာဝန်၏ ပေါ့လျော့ခြင်း၊ အချိန်မီမရောက်ခြင်းများကြောင့် ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ ထို့အပြင် စစ်ကြောရေးမှ ရရှိသည့် အတွင်း‌ဒဏ်ရာများလည်း ကောင်းစွာကုသခွင့်မရ၍ ကျဆုံးခဲ့ခြင်းများလည်း ရှိကြောင်း PPNMက ဆိုသည်။

မြန်မာပြည်အကျဉ်းထောင်များသည် ရှေ့တန်းစစ်မြေပြင်သဖွယ်ဖြစ်နေပြီး ခေါင်းစဉ်အမျိုးမျိုးဖြင့် နိုင်ကျဥ်းများအား သတ်ဖြတ်ခံနေရကြောင်း၊ ဆေးဝါးလုံလောက်မှုနှင့် ဆရာဝန်လုံလောက်မှုမရှိသည့် ထောင်ဆေးရုံများသည်လည်း နိုင်ငံရေးအကျဉ်းသားများ မသေဆုံးခင် ယာယီထားသည့် နေရာများသာဖြစ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က အသိပေးထားသည်။

ယမန်နှစ် ၂၀၂၃အတွင်းက နိုင်ငံတဝှမ်းရှိ အကျဉ်းထောင်များအတွင်း ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိ၍ နိုင်ငံရေးအကျဥ်းသား ၁၇ဦး ကျဆုံးခဲ့ကြောင်း PPNMထံမှ သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာ့နိုင်ငံရေးပြဿနာများ ငြိမ်းချမ်းစွာပြေလည်စေရေးအတွက် အထူးဦးစားပေးလုပ်ငန်းစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေး အဓိကထား ကြိုးပမ်း ဆောင်ရွက်ပေးကြဖို့ မိတ်ဆွေနိုင်ငံတွကို မေတ္တာရပ်ခံတိုက်တွန်းကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နဲ့ ပြည်နယ်၊ တိုင်းလွှတ်တော်၊ အစိုးရတွေက ဒီကနေ့မှာ ပူးပေါင်း ထုတ်ပြန်လိုက်ပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့မှာ ‌မွေးနေ့ရှင်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် နိုင်ငံတကာသံရုံးတွေက တောင်းဆိုထားကြပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

ဆောင်းပါး

၂၀၂၁ ခုနှစ် နွေဦးကာလကစလို့ မြန်မာနိုင်ငံရဲ့ လမ်းမတွေပေါ်မှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး ရဲရဲဝံ့ဝံ့ ကြွေးကြော်ခဲ့ကြတဲ့ လူငယ်တွေထဲမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍဟာ အထူးပဲ ထင်ရှားခဲ့ပါတယ်။