Connect with us

Hi, what are you looking for?

သတင်း

မြိုင်မြို့မရဲစခန်းမှ ရဲတပ်ကြပ်ကြီးတစ်ဦး ဇနီးနှင့်အတူ မြိုင်ပကဖထံ အလင်းဝင်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့မရဲစခန်းမှ ရဲတပ်ကြပ်ကြီးတစ်ဦးသည် ၎င်း​၏ ဇနီးအား ခေါ်ဆောင်ကာ လက်နက်ခဲယမ်းနှင့်တကွ အလင်းဝင်လာကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ခေါင်းဆောင် ကိုလက်ယျာက ပြောသည်။

အလင်းဝင်လာသူတပ်ကြပ်ကြီးနှင့် ၎င်း၏ဇနီးအား လက်နက်ခဲယမ်းနှင့်တကွ တွေ့ရစဥ်။ ဓာတ်ပုံ-မြိုင်- ပကဖ

ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့မရဲစခန်းမှ ရဲတပ်ကြပ်ကြီးတစ်ဦးသည် ၎င်း​၏ ဇနီးအား ခေါ်ဆောင်ကာ လက်နက်ခဲယမ်းနှင့်တကွ အလင်းဝင်လာကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ခေါင်းဆောင် ကိုလက်ယျာက ပြောသည်။

ယနေ့(အောက်တိုဘာ ၂ ရက်) နံနက် ၆ နာရီခွဲခန့်က မြိုင်မြို့မရဲစခန်းမှ (၄၇)နှစ်အရွယ် ရဲတပ်ကြပ်ကြီးအောင်ကိုသည် ၎င်း၏ဇနီးဖြစ်သူ (၄၈)နှစ်အရွယ် ဒေါ်စန်းစန်းလွင်ကို ခေါ်ဆောင်ကာ မြိုင်ပကဖထံ အလင်းဝင်ခဲ့သည်။

Public Service Announcement

Public Service Announcement

ရဲတပ်ကြပ်ကြီးက G3 သေနတ်အမျိုးအစား တစ်လက်၊ ၎င်းကျည်ဘောက် ၂ ခု၊ ကျည် ၁၂၅ တောင့်တို့အား အပ်နှံခဲ့ကြောင်း ကိုလက်ယျာက ပြောသည်။

“တပ်ကြပ်ကြီးလင်မယားက အစကတည်းက ဝင်ဖို့ရာ ချိတ်ဆက်ထားတာရှိတယ်။ လက်နက်မရသေးလို့။လက်နက်ရတာနဲ့ဒီမနက်ခြောက်နာရီခွဲကဝင်လာတာ။”ဟု ကိုလက်ယျာက ပြောသည်။

တပ်ကြပ်ကြီးဇနီးမောင်နှံအား ကောင်းမွန်စွာ ကျွေးမွေးထားပြီး ထိုက်သင့်သည့် ချီးမြှင့်မှုများ လုပ်ဆောင်ကာ နေရပ်ပို့ဆောင်ပေးရန် စီစဉ်ထားကြောင်း မြိုင်ပကဖက အသိပေးသည်။

စက်တင်ဘာအတွင်းကလည်း မြိုင်မြို့ပေါ်ရှိ စစ်ကောင်စီတပ်မှ ပျူစောထီးအဖွဲ့ဝင်နှစ်ဦး၊ စစ်သားတစ်ဦးနှင့် ဒုတပ်ကြပ်တစ်ဦးတို့ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာခဲ့သည်။

ထို့အပြင် တစ်လအတွင်း အလင်းဝင်ရန် သတိပေးခံရသည့် မြိုင်မြို့နယ်ရှိ သရက်ကန်ပျူရွာမှ ပျူမိသားစုဝင် ၅၀ နီးပါးလည်း ကာကွယ်ရေးအဖွဲ့များထံ လာရောက်ခိုလှုံခဲ့သည်။

စစ်အာဏာရှင်စစ်တပ် ပြုတ်ကျရေးအတွက် စစ်ရေးအရှိန်မြှင့်တင်နေသောကြောင့် ပြည်သူ့ရင်ခွင်သို့ ဝင်ရောက်ခိုလှုံပါက အချိန်မရွေး ဆက်သွယ်နိုင်ကြောင်းနှင့် အာဏာသိမ်း စစ်ကောင်စီအဖွဲ့ဝင်များ၊ ပျူစောထီးများအနေဖြင့် လည်း ပြည်သူများအား နည်းမျိုးစုံနှင့် ညှင်းပန်းနှိပ်စက်သတ်ဖြတ်နေသည့် စစ်တပ်အား စွန့်ခွာပြီး ပြည်သူကိုမျက်နှာမူ၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အမြန်ပူးပေါင်းရန် မြိုင်ပကဖက တိုက်တွန်း သတင်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မော်လိုက်ခရိုင် တပ်ရင်း(၃)က အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ကောင်းမွန်စွာ ကျွေးမွေးထားကြောင်း ရုပ်သံမှတ်တမ်းဖော်ပြပြီး အလင်းဝင်သူနဲ့ စစ်သုံ့ပန်းကို ခွဲခြားထားရှိတာဖြစ်လို့ စစ်ကောင်စီတပ်သားတွေ အလင်းဝင်မလား စစ်သုံ့ပန်းအဖြစ်ခံမလား စဉ်းစားစေလိုတယ်လို့ သတိပေးခဲ့ပါတယ်။