Connect with us

Hi, what are you looking for?

သတင်း

ရေဘေးအလှူအကြောင်းပြပြီး ပရိသတ်ရဖို့ကြိုးစားလာတဲ့ အော်ရီဂျင်နယ်ဂန်းစတားများ

စစ်တ်အမာခံ​ထောက်ခံသူ ယုန်လေး ရိုက်ကူးထားသော အော်ရီဂျင်နယ်ဂန်းစတား ၃ ရုပ်ရှင်ကို ယခုလ(အောက်တိုဘာ)အတွင်း ရုံတင်မည်ဖြစ်သည်။

နေပြည်​တော်စစ်​ကောင်စီ သက်ြန် မှာပါဝင်ဆင်နွဲလို့ ယုန်​လေးနဲ့အနုပညာရှင်​တွေကို လူမှု​ရေးပြစ်ဒဏ်ခတ်ရန် ​ရေဘဝဲအဖွဲ့ကနှိုး​ဆော်ထားမှု

ဆဏ်း / People’s Spring

စစ်တပ်အမာခံ​ထောက်ခံသူ ယုန်လေး ရိုက်ကူးထားသော အော်ရီဂျင်နယ်ဂန်းစတား ၃ ရုပ်ရှင်ကို ယခုလ(အောက်တိုဘာ)အတွင်း ရုံတင်မည်ဖြစ်သည်။

အော်ရီဂျင်နယ်ဂန်းစတား ၃ ရုပ်ရှင်သည် ပုံမှန်တန်းစီ စနစ်ဖြင့်ပြသပါက ရုပ်ရှင်ရုံများပြန်လည်ဖွင့်သည့် ၂၀၂၂ တွင် စတင်ရုံတင်ရမည်ဖြစ်သော်လည်း ယင်းအချိန်က ယုန်လေးကို ပြည်သူများက လူမှု​ရေးပြစ်ဒဏ် Social Punishment ပြုလုပ်ထားသည့် အချိန်ဖြစ်သောကြောင့် ရုံမတင်ခဲ့​ပေ ။ ထို​နောက် ၂ နှစ်အကြာ​စောင့်ပြီးမှ ရုံတင်ရန် စီစဥ်လာခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ယခုနောက်ပိုင်းတွင် ယုန်လေးက ပရဟိတအလုပ်များကို လုပ်ပြကာ ပြည်သူရှေ့သို့ ပြန်ထွက်လာပြီး လက်ရှိကြုံနေရသည့် ရေဘေးတွင်လည်း လှူဒါန်းပြနေသည်ကိုတွေ့ရသည်။ထိုအပြင် ဇာတ်

ကားကိုလာရောက်ကြည့်ရှုပါကရေဘေးအတွက် လှူဒါန်းမှုဖြစ်မည်ဟု ယင်းရုပ်ရှင်တွင် ပါဝင်သရုပ်ဆောင်ထားသည့် မိုးယံဇွန်က အနုပညာအသား​ပေး​ဖော်ပြ​​နေ​သောမီဒီယာများ၌ ဖြေကြားထားသည်။

“အကြမ်းဖက်စစ်တပ်နဲ့ပေါင်းစားနေတဲ့အနုပညာရှင်တွေ ။ ဒီအထဲမှာ ဒိန်းဒေါင် တို့ ယုန်လေးတို့က ထိပ်ဆုံးကပါတယ်။ ဒီလူတွေကို ဘယ်တော့မှ မေ့လို့မရဘူး။ ပြည်သူတွေအနေနဲ့ Social Punishment ပြတ်ပြတ်သားသားလုပ်ရမယ်။Boycott ပြင်းပြင်းထန်ထန်လုပ်သင့်တယ်။အရင်တုန်းကလည်း လုပ်ခဲ့တယ်။ ပြည်သူတွေညီခဲ့တယ်။ဒါကြောင့် ဒီကောင်တွေလူတောမတိုးခဲ့ဘူး။ အခုရေဘေးကိုအကြောင်းပြပြီး လူမှုကယ်ဆယ်ရေးဘာညာ ဗန်းပြပြီး လူကြားထဲပြန်တိုးဝင်ဖို့ လူထုမေတ္တာခံယူဖို့ ကြိုးစားနေတာတွေ့ရတယ်။ပြည်သူတွေအနေနဲ့ လုံးဝစိတ်ယိုင်လို့မရဘူး။ ဒီလိုကောင်တွေကိုဆက်ပြီး Boycott လုပ်ထားရမယ်။ SP လုပ်ထားရမယ်။” ဟု စမ်းချောင်းပင်မသပိတ်‌စစ်ကြောင်း ဥက္ကဌ ကိုပီတာကြီးကပြောသည်။

ထို့ပြင် ယုန်လေးကို Social Punishment ပြုလုပ်ရန် နှစ်ကြိမ်တိတိ သတိပေးခဲ့ဖူးသည့် ရေဘဝဲ ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း ဥက္ကဌ ကလည်း “လူထုအနေနဲ့ကလည်း ယုန်လေးဆိုရင် Public Enemy ပြည်သူ့ရန်သူအနေနဲ့ မြင်နေပြီဆိုတာ ကောင်းကောင်းနားလည်ထားပါတယ်။အနု

ပညာရှင်တစ်ယောက်ကိုကြည့်တာနဲ့ လူထုအနေနဲ့ ဒီလူကဘယ်သူ ဘာလုပ်ခဲ့တယ် ဘာလုပ်နေလဲ ဘာလုပ်ဦးမှာလဲဆိုတဲ့ဆုံးဖြတ်ချက်က သူ့ရဲ့ အသိတရားပဲဖြစ်ပါတယ်။ လူထုကိုယုံကြည်ပါတယ်။”ဟုပြောသည်။

ယင်းဇာတ်ကားကိုစာနယ်ဇင်းမိတ်ဆက်ပွဲ ပြုလုပ်ခဲ့သော်လည်း ပြည်သူများ လူမှု​ရေးပြစ်ဒဏ် ပြုလုပ်ခံထားရသည့် ယုန်လေး၏ အင်တာဗျူးများမီဒီယာများ၌ မတွေ့ရပေ။

ယုန်လေးသည် အာဏာမသိမ်းမီ အချိန်ကတည်းက အာဏာသိမ်းခံရသည့်ပုံစံဖြင့် Music Video ရိုက်ကူးပြခဲ့သောကြောင့် ယင်းအချိန်ကတည်းက ဝေဖန်မှုများခံခဲ့ရခြင်းဖြစ်သည်။

အာဏာသိမ်းစကာလတွင် ပြည်သူများဘက်မှ ပါဝင်သယောင်နေခဲ့သော်လည်း နောက်ပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီ၏ ပွဲများတွင် တတ်တတ်ကြွကြွပါဝင်ပေးနေသူတစ်ဦးဖြစ်သည်။

ယုန်လေးသည် ၎င်းကိုယ်တိုင်သာမကအာဏာသိမ်းပြီးစတွင်ဆန္ဒပြပွဲ နှင့် ​နွေဦး​တော်လှန်​ရေးတွင် ခတ္တပါဝင်ခဲ့သည့် ပိုင်တံခွန် ၊ G Fatt တို့အပါအဝင် အခြားအနုပညာရှင်များကိုလည်း စစ်ကောင်စီ၏ပွဲများသို့ ဖိတ်ကြားခဲ့သူဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူဘက်ကိုရပ်တည်ခဲ့တဲ့ တော်လှန်အနုပညာရှင် ဒေါင်းရဲ့ ဒုတိယမြောက် ထိုင်း ဇာတ်လမ်းတွဲကို ဇူလိုင် ၂၄ ရက်မှာ စတင်ထုတ်လွှင့်တော့မှာပါ။

ဆောင်းပါး

စစ်အာဏာသိမ်းကာလမှာ ယက်ကန်ယက်ကန်နဲ့ သွားနေရတဲ့ မြန်မာရုပ်ရှင်တွေဟာ တစ်ကားပြီးတစ်ကား အရှုံးတွေဆက်ကာ ရုံတင်နေရတာကြာပါပြီ။ ဒါပေမဲ့ ပြီးခဲ့တဲ့ သောကြာနေ့မှာ ရုံတင်ခဲ့တဲ့ တန်းဝင်မင်းသား နေတိုးရဲ့ ဖွားဖက်တော် ရုပ်ရှင်ကတော့ ကြည့်ရှုသူ ဆိုးဆိုးရွားရွားနည်းပါးခဲ့ပါတယ်။

အတွေးအမြင်

ပြီးခဲ့တဲ့ မတ်လခန့်ကစတင်ပြီး ပြည်တွင်းက ရုပ်ရှင်ရုံတွေမှာတင်သမျှ ရုပ်ရှင်ဇာတ်ကားတိုင်း လူမဝင်တာရုပ်ပျက်ဆင်းပျက် ဖြစ်လာခဲ့တယ်။ တင်တင်ချင်းသောကြာနေ့နဲ့ စနေ၊ တနင်္ဂနွေနေ့မှာ လူအနည်းငယ်ရှိပေမဲ့ တနင်္လါကစပြီး ကြည့်မဲ့သူမရှိတော့ဘူး။

ဆောင်းပါး

ပြည်ပရောက်နေတဲ့ ရုပ်ရှင်ဝါသနာအိုးတွေ မြန်မာပြည်မှာ တစ်ပတ်ကို မြန်မာရုပ်ရှင် ​ဇာတ်ကားသစ်နှစ်ကား ရုံတင်နေတာ တော်တော်အိုကေနေပြီလားလို့ ထင်မိကြမှာပါ။ ရုပ်ရှင်ပရက်ရှိုးတွေမှာ လူတွေစည်ကားနေတာတွေကိုကြည့်ရင်း မြန်မာနိုင်ငံမှာ စစ်တပ်က တကယ်ကော အာဏာသိမ်းထားတာ ဟုတ်ပါ့မလားလို့တောင် ထင်မိသွားနိုင်ပါတယ်။ တကယ်တော့ မိတ်ဆွေထင်သလို လုံးဝ မဟုတ်ပါဘူး။