Connect with us

Hi, what are you looking for?

သတင်း

ကသာ ခမရ(၃၀၉)အနီး တိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်း၊ ကသာမြို့မှ စစ်ကောင်စီ၏ အမှတ်၃၀၉ ခြေမြန်တပ်ရင်း(ခမရ -၃၀၉)အနီး၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီစစ်ကြောင်း ​အောက်တိုဘာ ၆ ရက်နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့သည်။

စစ်​ကောင်စီ၏ ခမရ ၃၀၉ တပ်ရင်းအတွင်းတစ်​နေရာ။ ဓါတ်ပုံ-IR

ဇော်ရမ်း/People’s Spring

စစ်ကိုင်းတိုင်း၊ ကသာမြို့မှ စစ်ကောင်စီ၏ အမှတ်၃၀၉ ခြေမြန်တပ်ရင်း(ခမရ -၃၀၉)အနီး၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီစစ်ကြောင်း ​အောက်တိုဘာ ၆ ရက်နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့သည်။

“ခမရ (၃၀၉)ထဲကနေ စစ်ကြောင်းထွက်လာလို့ တိုက်ပွဲဖြစ်တာ။ ၁နာရီလောက်အထိကြာပါတယ်။ ထိခိုက်မှုအခြေအနေကတော့ စုံစမ်းဆဲဖြစ်ပါတယ်ဟု ကသာမြို့မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲဖြစ်ပွားသည့်နေရာသည် (ခမရ ၃၀၉)နှင့်နီးသလို အင်းတော်-ကသာလမ်းပိုင်းမှ အောင်ဘုံကျေးရွာနှင့် တံတားဦးကျေးရွာကြား၌ ဖြစ်သည်။ နံနက် ၁၁နာရီခန့်၌ တိုက်ပွဲစတင်ခဲ့ပြီး နေ့လယ် ၁၂နာရီခန့်တွင် စစ်ကောင်စီစစ်ကြောင်းပြန်လည်ဆုတ်ခွာသွားသည်ဟု သိရသည်။

ကသာမြို့တွင် ပြီးခဲ့သည့် ဇွန်လက တိုက်ပွဲနောက်ဆုံးဖြစ်ခဲ့ပြီး ယခုတစ်ကြိမ် ထပ်မံဖြစ်ပွားခြင်းဖြစ်သည်။ကသာနှင့်ထီးချိုင့်မြို့ကြား ဝဲကြီးကျေးရွာအနီးတွင်ဇွန်လ ၁၃ရက်က တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်ငါးဦးသေဆုံးကာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသုံးဦးဒဏ်ရာရခဲ့သည်။

​အောက်တိုဘာ ၆ ရက်တိုက်ပွဲနှင့်ပတ်သက်၍ စစ်ကောင်စီဘက်မှ ထိခိုက်မှုအခြေအနေကို အသေးစိတ်မသိရှိရသေးပေ။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များထိခိုက်မှုမရှိခဲ့ဟုသိရသည်။

ကသာမြို့နှင့် ထိစပ်မြို့နယ်များဖြစ်သော အင်းတော်နှင့် ထီးချိုင့်မြို့တွင်လည်း စစ်ကောင်စီနှင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ စစ်ရေးတင်းမာနေသည်။

ထိုအတောအတွင်း ကသာ ခမရ (၃၀၉)မှ ဗိုလ်ကြီးတစ်ဦးသည်စက်တင်ဘာလ ၃၀ရက်က ဘုတလင်မြို့နယ်၌ဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ဖမ်းဆီးခြင်းကို ခန့်ထားရသည်။ ထိုတိုက်ပွဲတွင်စစ်သား ၃၀ ​ကျော်​သေဆုံးပြီး စုစုပေါင်း စစ်သုံ့ပန်း ၄၃ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကဖမ်းမိခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။