Connect with us

Hi, what are you looking for?

သတင်း

ဒေါက်တာဇော်မြင့်မောင်ရဲ့ နာရေးကို မန္တလေးမြို့လုံးကျွတ်နီးပါး လိုက်ပါပို့ဆောင်

ရွေးကောက်ခံအရပ်သားအစိုးရ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့ နာရေးကို ဒီနေ့ မန္တလေး မှာ ပြုလုပ်ရာ မန္တလေးမြို့ပြည်သူလူထု လိုက်ပါပို့ဆောင်ပေးကြတာတွေ့ရပါတယ်။

ဆိုင်းမင်း/People’s Spring

ရွေးကောက်ခံအရပ်သားအစိုးရ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့ နာရေးကို ဒီနေ့ မန္တလေး မှာ ပြုလုပ်ရာ မန္တလေးမြို့ပြည်သူလူထု လိုက်ပါပို့ဆောင်ပေးကြတာတွေ့ရပါတယ်။

ဒေါက်တာဇော်မြင့်မောင်ရဲ့ ရုပ်အလောင်းကို သယ်ဆောင်လာတဲ့စျာပနာယာဉ်တန်းကို မြို့လုံးကျွတ်နီးပါး လူထုပရိသတ်က လိုက်ပါ ပို့ဆောင်ကြသလို ယာဉ်တန်းဖြတ်သန်းသွားရာ လမ်းတလျောက်မှာလည်း ပြည်သူတွေက စောင့်ကြိုပြီး သူတို့ချစ်ခင်လေးစားရတဲ့ ဝန်ကြီးချုပ်ရဲ့ နောက်ဆုံးခရီးကို ဂါရဝပြု နှုတ်ဆက်ကြပါတယ်။

Public Service Announcement

Public Service Announcement

” နာရေးကားဖြတ်သွားတာကို လမ်းဘေးညာ နှစ်ဖက်လုံး ရပ်စောင့်ပြီး ဂါရဝပြုကြတာ”လို့ နာရေးကိုလိုက်ပါပို့ဆောင်တဲ့ မန္တလေးမြို့ခံလူငယ်တစ်ဦးကပြောပြပါတယ်။

“တချို့ဆို မိသားစုလိုက် ကားတွေနဲ့လမ်းဘေးကနေ စောင့်ပြီး ပို့ကြတာ” လို့ အဲဒီလူငယ်က ဆိုပါတယ်။

ဒေါက်တာဇော်မြင့်မောင်ရဲ့ နာရေးကို မန္တလေးက တောင်အင်းမြောက်အင်းသုဿန် မှာ ပြုလုပ်မှာဖြစ်ပြီး ဒီနေ့မနက်ပိုင်း ၁၀ နာရီအချိန်မှာ နေအိမ်ကနေ နာရေးကားတွေ စတင်ထွက်ခွာတာပါ။

အာဏာသိမ်းတဲ့ ရက်ကတည်းက ဖမ်းဆီးခံရပြီး ပုဒ်မပေါင်းများစွာနဲ့ စစ်ကောင်စီက ထောင်ဒဏ် ၂၉ နှစ် ချခံရတဲ့ NLD ပါတီ ဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်ဟာ မနေ့ ဒီဇင်ဘာလ ၇ ရက်မနက်ပိုင်းက ဆုံးပါးခဲ့တာပါ။

အသက် ၇၃ နှစ်အရွယ် သွေးကင်ဆာဝေဒနာသည် ဒေါက်တာဇော်မြင့်မောင်ကို စစ်ကောင်စီက အကျဉ်းချချိန်အတွင်း ရောဂါဝေဒနာနဲ့ ကိုက်ညီတဲ့ ကျန်းမာရေးစောင့်ရှောက်မှု မပေးခဲ့ဘူးလို့ NLD ပါတီ ၊ NUG အစိုးရနဲ့ နိုင်ငံတကာသံရုံးတွေက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာစာပေ မှာ လူသိများထင်ရှားတဲ့ စာရေးဆရာလည်းဖြစ် ၊ နိုင်ငံရေးအကျဉ်း သားဟောင်းလည်းဖြစ်သူ စာရေးဆရာမောင်သာချို ရဲ့ နာရေးကို ဒီနေ့(ဇူလိုင် ၁၂) ရန်ကုန်မြို့ ၊ ရေဝေးသုဿန်မှာပြုလုပ်ခဲ့ပါတယ်။

သတင်း

ငလျင်ဒဏ်သင့် မန္တလေး မြို့က သုသာန်တွေမှာ မီးသင်္ဂြိုဟ်ခ ဟာ ယခင်ကထက် ထက်ဝက် ဈေးတက်သွားတယ်လို့ လူမှုကူညီရေးအသင်းအချို့ဆီကသိရပါတယ်။

သတင်း

'ကမ္ဘာမကြေဘူး'သီချင်းအပါအဝင် အနုပညာနဲ့ စစ်အာဏာရှင်တွေကိုတော်လှန်ခဲ့သူ တေးရေးနိုင်မြန်မာရဲ့နာရေးကို ဒီနေ့ နေ့လယ်ပိုင်းက ရန်ကုန်မြို့ ၊ ရေဝေးသုဿန်မှာပြုလုပ်ခဲ့ပါတယ်။

သတင်း

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဒုဥက္ကဋ္ဌ၊ မန္တ​လေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်အား ရည်စူးသည့် ရက်လည်အလှူကို ယနေ့ အောက်တိုဘာ ၁၃ရက် တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)ဗဟိုဌာနချုပ် ဒေါင်းတမန်စခန်း၌ ကျင်းပခဲ့ကြောင်း ABSDFက ထုတ်ပြန်သည်။