Connect with us

Hi, what are you looking for?

သတင်း

ထင်ရှားတဲ့ တေးရေး နိုင်မြန်မာရဲ့ နာရေး

‘ကမ္ဘာမကြေဘူး’သီချင်းအပါအဝင် အနုပညာနဲ့ စစ်အာဏာရှင်တွေကိုတော်လှန်ခဲ့သူ တေးရေးနိုင်မြန်မာရဲ့နာရေးကို ဒီနေ့ နေ့လယ်ပိုင်းက ရန်ကုန်မြို့ ၊ ရေဝေးသုဿန်မှာပြုလုပ်ခဲ့ပါတယ်။

ရောင်နီ/People’s Spring

‘ကမ္ဘာမကြေဘူး’သီချင်းအပါအဝင် အနုပညာနဲ့ စစ်အာဏာရှင်တွေကိုတော်လှန်ခဲ့သူ တေးရေးနိုင်မြန်မာရဲ့နာရေးကို ဒီနေ့ နေ့လယ်ပိုင်းက ရန်ကုန်မြို၊ ရေဝေးသုဿန်မှာပြုလုပ်ခဲ့ပါတယ်။

တေးရေး နိုင်မြန်မာဟာ ဖေဖော်ဝါရီ ၇ ရက်၊ မနက်ပိုင်းက ရန်ကုန်မြို၊ သန်လျင်မြို့နေအိမ်မှာပဲ နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ ၆၈ နှစ်ရှိပါပြီ။

ဒီနေ့ နာရေးကိုတော့ အနုပညာလောကကမိတ်ဆွေတွေအပါအဝင် ပရိသတ်တွေလည်းလာရောက်ခဲ့ပါတယ်။ သူဟာ ချစ်ခြင်းမေတ္တာ ကို ဖော်ညွှန်းတဲ့ သီချင်းတွေ ၊ လူထုဘဝ ကို ထင်ဟပ်စေတဲ့ တေးသီချင်းတွေကို ရေးဖွဲ့ရာမှာ ပြောင်မြောက်ပါတယ်။

Public Service Announcement

Public Service Announcement

နိုင်မြန်မာရေးသားခဲ့တဲ့ “ကမ္ဘာမကြေဘူး” သီချင်းဟာ ရှစ်လေးလုံးအရေးတော်ပုံ ကာလမှာ အာဏာရှင်ကို ကိုင်လှုပ်ခဲ့တဲ့ တော်လှန် သီချင်း ဖြစ်ခဲ့သလို ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးမှာ လည်း စစ်ကောင်စီဆန့်ကျင်ရေးလှုပ်ရှားမှုတွေ မှာ ထင်ရှားခဲ့ပါတယ်။

တေးရေး နိုင်မြန်မာဟာ တူနှစ်ကိုယ် တိုင်းပြည်၊ ဝါဆို၊ ချစ်လူမိုက်၊ ဆေးရောင်စုံမြင်ကွင်းကျယ်၊ အခုတော့ပါးစပ်ရာဇဝင်လေး တစ်ခုဖြစ်လို့ကျန်ခဲ့ပြီ၊ ဒုံးယိမ်းည၊ ရင်တွင်းမေ အစတဲ့ ကျော်ကြားအောင်မြင်တဲ့ ကိုင်ပိုင်သံစဉ် တေးသီချင်း များစွာကိုရေးဖွဲ့ခဲ့သူပါ။

သူဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ ပြည်သူ့ ဘက်က ရပ်တည်ခဲ့တဲ့ အနုပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။

တေးရေး နိုင်မြန်မာရဲ့ သားဖြစ်သူ ဟစ်ဟော့ အဆိုတော် ဗျုဟာ ကိုလည်း လျှပ်စစ်မီးပြတ်တောက်မှု ကို လူမှုကွန်ရက်ကနေ ဝေဖန်တယ်ဆိုပြီး စစ်ကောင်စီက ဖမ်းဆီးပြီးနှစ်ရှည် ထောင်ချထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

'ကမ္ဘာမကြေဘူး'သီချင်းအပါအဝင် အနုပညာဖြင့် အာဏာရှင်ကိုတော်လှန်ခဲ့သည့် တေးရေးနိုင်မြန်မာသည် ယနေ့(ဖေဖော်ဝါရီ ၇ရက်) နံနက်တွင် နှလုံးရောဂါဖြင့် ကွယ်လွန်သွားကြောင်း ၎င်းနှင့်နီးစပ်သည့် အသိုင်းအဝိုင်းက ပြောသည်။

ဆောင်းပါး

သီတင်းကျွတ်လဆန်းရက်ပေမယ့် မန္တလေးမြို့ရဲ့ မနက်ခင်းဟာ နွေရာသီလိုပဲ ပူလောင်နေတယ်။ ချွေးပြိုက်ပြိုက်ကျရတဲ့ မနက်ခင်းမှာပဲ ထောင်ချီများပြားလှတဲ့ ဆိုင်ကယ်တွေဟာ မန္တလေးမြို့ထဲကနေ အုပ်လိုက်ကြီး ထွက်လာခဲ့ကြတယ်။

သတင်း

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ နာရေးအပြန်ဆိုင်ကယ်များအား စစ်အု​ပ်စုက စောင့်ဆိုင်းဖမ်းဆီးခဲ့ကြောင်း အဆိုပါမာရေးလိုက်ပါပို့ဆောင်သော မြို့ခံများက ပြောသည်။

သတင်း

ရွေးကောက်ခံအရပ်သားအစိုးရ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့ နာရေးကို ဒီနေ့ မန္တလေး မှာ ပြုလုပ်ရာ မန္တလေးမြို့ပြည်သူလူထု လိုက်ပါပို့ဆောင်ပေးကြတာတွေ့ရပါတယ်။