Connect with us

Hi, what are you looking for?

နိုင်ငံတကာ

သတို့သား နှစ်အလီ မရလို့ မင်္ဂလာပွဲ ဖျက်ခဲ့တဲ့ သတို့သမီး

သတို့သားက နှစ်အလီ မဆိုတတ်တဲ့အတွက် အိန္ဒိယ သတို့သမီး တစ်ဦးက မင်္ဂလာပွဲ ဖျက်လိုက်ကြောင်း သိရပါတယ်။

မေလ ၁ ရက်က ယူတာပရာဒက်ရှ်မှာ ပွဲပျက်ခဲ့တဲ့ မင်္ဂလာဆောင် သတင်းဟာ အခု ရက်ပိုင်းအတွင်း အိန္ဒိယ လူမှုကွန်ရက် မီဒီယာတွေပေါ်မှာ လူပြောများလာခဲ့ပါတယ်။ သတို့သားနဲ့ သတို့သမီးတို့ဟာ အောင်သွယ်ရဲ့ စေ့စပ်ပေးမှုနဲ့ မင်္ဂလာဆောင်ခဲ့ကြတာလို့ ဆိုပါတယ်။

ဒါပေမဲ့ သတို့သားဖက်က သူ့ရဲ့ ပညာအရည်အချင်း နောက်ခံကို ရှင်းရှင်းလင်းလင်း အသိမပေးခဲ့ပါဘူး။ ဒီကိစ္စအပေါ် သံသယ ရှိလာတဲ့ သတို့သမီးက မင်္ဂလာဆောင်မှာပဲ သတို့သားကို ပညာစမ်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သတို့သမီးက နှစ်အလီ ဆိုခိုင်းတဲ့အခါ သတို့သားလောင်းက အထစ်အထစ် ဖြစ်နေပြီး အဖြေနှစ်ခု မှားသွားပါတယ်။ အဲဒီတော့ သတို့သမီးက မင်္ဂလာပွဲကို ဖျက်ပြီး အခမ်းအနားကနေ ထွက်ခွာသွားခဲ့ပါတယ်။

သတို့သမီးရဲ့ ဝမ်းကွဲ ညီအစ်မ တစ်ယောက်ကတော့ အခြေခံ သင်္ချာလောက်တောင် မတတ်တဲ့သူနဲ့ သူ့အနာဂတ်ကို မဖြတ်သန်းဖို့ သတို့သမီးက ဆုံးဖြတ်ခဲ့တာလို့ ပြောပါတယ်။ ဒီဆုံးဖြတ်ချက်အတွက်လည်း သတို့သမီးကို ချီးကျူးရမယ်လို့ သူက ဆိုပါတယ်။

အောင်သွယ်ကနေတဆင့် နားဖောက် ကြောင်းလမ်းချိန်က သတို့သားဟာ ပညာတတ် တစ်ယောက်လို့ သူ့မိသားစုက လိမ်လည်ခဲ့တယ်လို့လည်း သတို့သမီးဖက်က စွပ်စွဲခဲ့ပါတယ်။ မင်္ဂလာပွဲ ပျက်သွားတဲ့နောက် နှစ်ဖက် မိသားစုက လက်ခံထားတဲ့ လက်ဆောင် ပစ္စည်းတွေကို လက်ဖွဲ့သူတွေဆီ ပြန်လည် ပို့ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းက အာသံပြည်နယ်မှာ ရေကြီးမှုတွေကြောင့် သေဆုံးသူ ၈၀ နီးပါးထိ ရှိလာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဆန္ဒပြ ကျောင်းသားတွေကို မောင်းပြန်ရိုင်ဖယ်နဲ့ ချိန်ရွယ်ခဲ့တဲ့ ရဲတစ်ဦးဟာ ရာထူးတာဝန်တွေကနေ ဆိုင်းငံ့ ခံခဲ့ရပါတယ်။

သတင်း

အိန္ဒိယရေပိုင်နက်ထဲကိုတရားမဝင်ဝင်ရောက်တယ်ဆိုပြီး ဖမ်းဆီးခံရတဲ့ မြန်မာရေလုပ်သား ၂၆ ဦးကို အိန္ဒိယက မြန်မာနိုင်ငံပြန်ပို့လိုက်တာမှာ စစ်တပ်က အိမ်သို့ပြန်မပို့ပဲ စစ်သင်တန်းကျောင်းကို တန်းပို့လိုက်တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်​တွေက​ပြောပါတယ်။

ဆောင်းပါး

တကယ်တော့ ဒီစာက အိမ်နီးချင်းကောင်းပီပီ ထိုင်းနိုင်ငံကို ကြိုတင်သတိပေးနိုင်ဖို့ အထူးပြုရေးတဲ့စာပါ။လက်မ တင်လေးဖြစ်ဖြစ်၊ လက်တစ်လုံးအလိုဖြစ်ဖြစ် ကြိုပြီးအသိပေးနိုင်၊ သတိပေးနိုင်ရင် ဆုံးရှုံးနစ်နာမှုဘေးကနေ ရှောင်လွှဲနိုင်မယ် မဟုတ်လား။