Connect with us

Hi, what are you looking for?

သတင်း

မန္တလေးဂေါဝိန်ဆိပ်ကမ်းတွင် ဆီတင်သင်္ဘောတစ်စီးမီးလောင်

မန္တလေးမြို့၊ ဧရာဝတီမြစ်ဆိပ်၊ ဂေါဝိန်ဆိပ်ကမ်းတွင် ဆီတင်သင်္ဘောတစ်စီး မီးလောင်ကျွမ်းနေကြောင်း ဒေသခံများက ပြောသည်။

ဂေါဝိန်ဆိပ်ကမ်း၌ ရပ်ထားသောဆီတင်သင်္ဘော မီးလောင်ပေါက်ကွဲနေစဥ်

အင်ကြင်း/People’s Spring

မန္တလေးမြို့၊ ဧရာဝတီမြစ်ဆိပ်၊ ဂေါဝိန်ဆိပ်ကမ်းတွင် ဆီတင်သင်္ဘောတစ်စီး မီးလောင်ကျွမ်းနေကြောင်း ဒေသခံများက ပြောသည်။

ယနေ့(အောက်တိုဘာ ၁၄ရက်) နေ့လယ် ၁နာရီခွဲခန့်က မန္တလေးမြို့၊ ဧရာဝတီမြစ်၊ ဂေါဝိန်ဆိပ်ကမ်းတွင် ရပ်ထားသော ဆီတင်သင်္ဘော မီးလောင်မှုဖြစ်နေပြီး နာရီဝက်ကျော်ကြာသည်အထိ ဆက်လက်လောင်ကျွမ်းနေဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“ဆီပေပါ ဂဟေဆော်ရာကနေ ပေါက်ကွဲတာလို့ပြောတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါမီးလောင်ကျွမ်းမှုနှင့်ပတ်သက်၍ အသေးစိတ်အခြေအနေ မသိရသေးပေ။

အောက်တိုဘာ ၁ရက်ကလည်း မန္တလေးဆေးရုံကြီး နှလုံးအထူးကုသဆောင် မီးလောင်ကျွမ်းခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။

သတင်း

အိန္ဒိယနိုင်ငံ၊ဒေလီမြို့တော်ကဟိုတယ်နဲ့ စားသောက်ဆိုင် တွဲဖွင့်ထားရာ အဆောက်အအုံတစ်လုံးမှာ မီးလောင်မှု ဖြစ်ပွားပြီး အနည်းဆုံး ၂၁ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။