Connect with us

Hi, what are you looking for?

သတင်း

ဆိုင်​လေးဆိုင်ကိုဓါးပြတိုက်ပြီး လူသုံးဦးကို​သေနတ်နဲ့ပစ်သတ်ခဲ့သူလွတ်​မြောက်​နေဆဲ

မန္တ‌လေးမြို့မှာ ၂ ရက်အတွင်းဆိုင်​လေးဆိုင်ကို သေနတ်နဲ့ဓါးပြတိုက်ခဲ့သူက လူသုံးဦးကို ​သေနတ်နဲ့ ပစ်သတ်ပြီး ထွက်​ပြေးလွတ်​မြောက်​နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

(ဆိုင်​လေးဆိုင်ကိုဓါးပြတိုက်ပြီး လူသုံးကို​သေနတ်နဲ့ပစ်သတ်ခဲ့တဲ့​နေလင်း​အောင်စီးခဲ့တဲ့ဆိုင်ကယ်ကို ကားဖြင့်​နောက်ကလိုက်တိုက်ဖမ်းဆီး ဖို့ကြိုးစားရင်း အခင်းဖြစ်ခဲတဲ့​နေရာ။ဓါတ်ပုံ-စစ်​ကောင်စီ)

နိုဝင်ဘာ-၆၊၂၀၂၆။ကတ်သရင်း/People’s Spring

မန္တ‌လေးမြို့မှာ ၂ ရက်အတွင်းဆိုင်​လေးဆိုင်ကို သေနတ်နဲ့ဓါးပြတိုက်ခဲ့သူက လူသုံးဦးကို ​သေနတ်နဲ့ ပစ်သတ်ပြီး ထွက်​ပြေးလွတ်​မြောက်​နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

နိုဝင်ဘာလ၄ ရက်နေ့က မြို့တွင်းဓားပြတိုက်မှုတွေကို အမျိုးသား၁ဦးတည်းကကျူးလွန်ခဲ့တယ်ဆိုပြီး အဲဒီနေအိမ်ကို ရဲကဝင်စီးချိန်မှာပဲ တရားခံက တခြားတ နေရာထပ်မံ ဓားပြတိုက်ခံရပြီး လူ ၃ ဦးကို​သေနတ်နဲ့ ပစ်သတ်ခဲ့ရတယ်လို့မြို့ခံ တွေက ပြောပါတယ်။

နိုဝင်ဘာလ၄ရက်​နေ့က ချမ်းအေးသာစံမြို့နယ်၊ကန်ကောက်ရပ်ကွက်မှာရှိတဲ့ “Lwin”ဖုန်းဆိုင်ကို အမျိုးသားတစ်ဦးက သေနတ်၂ ချက်ပစ်ပြီး ဖုန်းလေး ၄ ကိုလုယက် ဓါးပြတိုက်သွားတယ်လို့​ဒေသခံအချို့က​ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ကန်ကောက်ရပ်ကွက်အတွင်းမှာပဲ Pro solar Energy & Led Lighting Solarဆိုင်မှာလည်း သေနတ်ပစ်ခတ်ပြီးဓါးပြတိုက်ခဲ့ပါတယ် ။ဒါ​ပေမယ့် ငွေမရဘဲပြန်ထွက်သွားခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ လုယက်မှု နှစ်ခုကို စစ်အုပ်စုက CCTVမှတ်တမ်းတွေကြည့်တဲ့အခါ ကျူးလွန်သူဟာ ပုသိမ်ကြီးမြို့နယ်၊အရှေ့ကန်ကောက်ရပ်ကွက်မှာ​နေတဲ့ အသက်၂၇နှစ်အရွယ် နေလင်းအောင်ဖြစ်တယ်လို့ သိသွားပါတယ်။ ဒါ​ကြောင့် သူ့အိမ်ကို ‌‌‌ အောက်တိုဘာလ ၅ ရက်ညနေ၃နာရီ ကျော်မှာဝင် ရောက်စီးနင်းခဲ့ပါတယ်။

စစ်အုပ်စုကပုသိမ်ကြီးမြို့နယ်က နေလင်း​အောင်ရဲ့အိမ်ကိုဝင်ရောက်မစီးနင်းခင် မွန်းလွဲ၁နာရီကျော်မှာ ​နေလင်း​အောင်က ပုသိမ်ကြီးမြို့နယ်မှာရှိတဲ့ “ထာဝရ”ဖုန်းဆိုင်ကိုလည်း ဆိုင်ကယ်နဲ့သွားပြီး​​သေနတ်နဲ့ ခြိမ်း​​ခြောက်ဓါးပြတိုက်ခဲ့ပါတယ် ။ဆိုင်က ဖုန်းနဲ့​ငွေ​တွေကို ဓါးပြတိုက်တဲ့အပြင်ဖုန်းဆိုင်ရှင် ကိုပါသေနတ်နဲ့ပစ်သတ်ကာထွက်ပြေးသွားတယ်လို့ ​အသတ်ခံရသူရဲ့မိသားစုဝင်က​ပြောပါတယ် ။​သေနတ်နဲ့ပစ်သတ်ခံရတဲ့ဆိုင်ရှင် အမည်မှာကို​အောင်မျိုးသန့်ဖြစ်ပါတယ် ။

“ဖုန်းဆိုင်ကို ဓားပြဝင်တိုက်တယ်။ဖုန်းဆိုင်ပိုင်ရှင်ကို​အောင်မျိုးသန့်ရဲ့ အမျိုးသမီး တစ်ယောက်ထဲရှိနေချိန်သေနတ်နဲ့ချိန်ပြီး ငွေတောင်းတာပါ။အဲဒီအချိန် အစ်ကိုက အမှတ်တမဲ့နဲ့ အခန်းထဲက ထွက်လာတော့ ခေါင်းကိုတည့်တည့်ပစ်သတ်လိုက်တယ်” လို့အသတ်ခံရသူရဲ့ မိသားစုဝင် တဦးက​ဖေစ်ဘွခ်မှာ ​ရေးသားထားပါတယ်။

ကို​အောင်မျိုးသန့် ​သေနတ်နဲ့ပစ်သတ်ခံရတာ​ကြောင့် သူ့ရဲ့ဦး​လေဖြစ်သူနဲ့ အမျိုးသား ၂ဦးဟာ ကားနဲ့​နောက်ကလိုက်ပြီး ဓါးပြကို လိုက်ဖမ်းဖို့ ကြိုးစားကြပါတယ်။

ဓါးပြတိုက် လူသတ်ခဲ့တဲ့ ​နေလင်း​အောင်ဟာ နောက်ထပ်ဆိုင်တစ်ဆိုင်ကိုပါ ဓါးပြထပ်တိုက်​​နေတာ​ကြောင့် ဓါးပြရဲ့ဆိုင်ကယ်ကို ကားကလိုက်မိခဲ့ပါတယ် ။

“ဓားပြကောင်က နောက်တစ်ဆိုင်ကို ဝင်ဓားပြတိုက်နေတော့ဦးလေးတို့ကမီသွားတယ်ကားနဲ့ ဆိုင်ကယ်ကို တိုက်ပြီးဖမ်းဖို့ကြိုးစားတယ်။ဆိုင်ကယ်ကိုသက်သက်လှဲချပြီးကားကဆိုင်ကယ်ကိုပဲတိုက်မိအောင်လုပ်တယ်။ဆိုင်ကယ်ကိုတိုက်မိပြီးကားက ရှေ့တိုးမရနောက်ဆုတ်မရ ဖြစ်နေချိန် ဓားပြကောင်က ဦးလေးတို့ ကားထဲ လက်ပစ်ဗုံးလို့ ယူဆရတဲ့အရာ ပစ်သွင်းပြီး ကားပေါ်က ဆင်းဖို့ ပြင်နေတဲ့ ဦးလေးကိုခေါင်းတည့်တည့် ပစ်သတ်လိုက်တယ်။ဦးလေးဘေးက အဖော်လိုက်လာတဲ့ ရွာသားကြီးက ဝင်လုံးဖို့ ကြိုးစားတဲ့အခါမှာလည်း အနီးကပ်ပဲ ခေါင်းကို ပစ်သတ်လိုက်တယ်” လို့မိသားစုဝင်က​ ဖြစ်စဥ်ကိုရေးသားထားပါတယ် ။စတုတ္ထ​မြောက်ဓါးပြတိုက်တဲ့ဆိုင်မှ ဘာ​တွေဓါးပြတိုက်သွားတယ်ဆိုတာကိုလည်းမသိရ​သေးပါဘူး။

ကား​ပေါ်မှာကျန်​နေတဲ့တ​ယောက်ကိုပါ​သေနတ်နဲ့ပစ်ခတ်​ပေမယ့် ကျည်ကုန်သွားလို့လွတ်ခဲ့တာလို့သိရပါတယ် ။

“နောက်ထပ် အဖော်ပါလာတဲ့ တစ်ယောက်ကတော့ ကားပေါ်ကခုန်ဆင်းထွက်ပြေးတဲ့အချိန် ဓားပြကလိုက်ပစ်ပေမယ့် ကျည်ကုန်သွားလို့ ကျည်ဖြည့်နေချိန်မှာပဲ အသက်ဘေးက သီသီလေး လွတ်သွားခဲ့တယ်” လို့သူကဆက်လက်​ရေးပါတယ်။

အဲဒီနောက် လမ်းပေါ်ဖြတ်လာတဲ့ ဆရာမတစ်ယောက်ရဲ့ဆိုင်ကယ်လုယူပြီး ဓားပြက ထွက်ပြေးသွားတာဖြစ်တယ်လို့သိရပါတယ်။

“အဲ့ဒီဓားပြက ကန်ကောက်ရပ်ကွက်မှာရော ၅၈လမ်းမှာရောတိုက်တဲ့သူပါပဲ။သူစီးလာတဲ့ ဆိုင်ကယ်က ဓားပြမှုတွေအားလုံးမှာ တူနေပါတယ်….ခုထိလွတ်မြောက်နေဆဲပါ”လို့ မိသားစုဝင် ၂ ဦး​သေနတ်နဲ့ပစ်သတ်ခံခဲ့ရတဲ့အထက်ပါအမျိုးသားဆက်လက်​ရေးသားထားပါတယ်။ ကျူးလွန်ခံရသူ​တွေအတွက် သတင်းအမှား​တွေ ​ရေးမတင်ကြဖို့လည်း သူက​ပြောထားပါတယ် ။

အထက်ပါဖြစ်စဉ်​တွေဖြစ်ပြီး​တော့မှ နာရီပိုင်းအကြာမှာ စစ်အုပ်စုက ကျူးလွန်သူလို့ယူဆရသူ နေလင်းအောင်အိမ်ကို ဝင်စီးခဲ့​ပေမယ့် နေလင်းအောင်ကိုမမိဘဲ မိသားစုဝင် ၃ဦးကိုသာဖမ်းဆီးသွားတယ်လို့​ဒေသခံအချို့က​ပြောပါတယ်။

​နေလင်း​​အောင်ဆီမှာ ​သေနတ်နဲ့ လက်ပစ်ဗုံး​တွေဘာ​ကြောင့်ရှိ​နေလဲဆိုတာကို လူထု​နွေဦးကစုံစမ်း​​နေဆဲဖြစ်ပါတယ်။ဒေသခံအချို့က​တော့ ပုသိမ်ကြီးမြို့နယ်ဟာ ပျူ​စောထီး​​တွေအများအပြားရှိတဲ့မြို့နယ်လို့ ​ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း နိုင်ငံစီးပွား​ရေးပြိုလဲကာ တရားဥပ​ဒေစိုးမိုးမှုမရှိဘဲ ဒုစရိုက်မှု​တွေပိုများ​နေပါတယ် ။စစ်တပ်ထိန်းချုပ်မှု​အောက်မှာရှိတဲ့ မန္တ​လေးမြု့မှာ ဓါးပြမှု​တွေမကြာခဏဖြစ်ပွား​​နေပါတယ်။

ဆက်စပ်သတင်းများ