Connect with us

Hi, what are you looking for?

သတင်း

ကောလင်းမှာ စစ်ဘေးရှောင်ယာဉ်တန်းကို စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ကို ဝင်လာတဲ့စစ်တပ် စစ်ကြောင်းက စစ်ဘေးရှောင်တွေရဲ့ ယာဉ်တန်းကို လက်နက်ကြီးနဲ့ပစ်ခတ်လို့ စသ်ရှောင်တွေ ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သတင်းရရှိပါတယ်။

(ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့ဝင်များကို တွေ့ရစဉ်။ ဓာတ်ပုံ-Kawlin Revolution-KR)

နိုဝင်ဘာ-၆၊၂၀၂၆။အိမ်သွင်/People’s Spring

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ကို ဝင်လာတဲ့စစ်တပ် စစ်ကြောင်းက စစ်ဘေးရှောင်တွေရဲ့ ယာဉ်တန်းကို လက်နက်ကြီးနဲ့ပစ်ခတ်လို့ စသ်ရှောင်တွေ ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သတင်းရရှိပါတယ်။

အင်းတော်-ထီးချိုင့်လမ်းခွဲကနေ ဝင်ရောက်လာတဲ့ စစ်တပ်စစ်ကြောင်းဟာ ဒီကနေ့မနက်ပိုင်းမှာ ခံသာကျေးရွာကို ဝင်လာပြီး နေအိမ်အချို့ကို မီးရှို့ပြီးနောက် ရွာမှာတပ်စွဲပြီး လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာလို့ မြို့ခံတွေက ပြောပါတယ်။

” ခံသာကနေ ပစ်နေတာ။ ကျွန်မတို့အဒေါ်ရဲ့ ကားနားကိုကျပြီး အဒေါ်ကတော့ စောင်ထုပ်တွေခံသွားလို့ မထိဘူး။ တခြားကားမှာတော့အမျိုးသမီးတစ်ယောက်သေသွားတယ်။ ဘယ်ရွာကလဲတော့မသိရသေးဘူး။ လူတွေအကုန်လုံးကပြေးလွှားနေကြရတာ”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်က ခံသာကျေးရွာကနေ စိန်ပန်းကုန်းနဲ့ဆင်ကုန်းကျေးရွာဖက်ကို လက်နက်ကြီးတွေဆက်တိုက်ပစ်ခတ်နေတယ်လို့ သတင်းရရှိပါတယ်။ စစ်တပ်က ကောလင်းမြို့နယ်ကိုဝင်ရောက်လာပြီးတဲ့နောက်ပိုင်း အရပ်သားပစ်မှတ်တွေကို အကြမ်းဖက်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

နိုဝင်ဘာ ၄ရက် ညက ကောလင်းမြို့နယ်မှာဒေသခံပြည်သူတွေကို ဆေးကုသပေးနေတဲ့ ဆေးရုံကို စစ်တပ်က ဗုံးကြဲလို့ CDM ဆရာဝန် ဒေါက်တာဇာနည်ထွန်းအပါအဝင် ကျန်းမာရေးဝန်ထမ်းငါးဦးသေဆုံးခဲ့ပြီး ဆေးကုသမှုခံယူနေတဲ့ ပြည်သူတွေလည်းဒဏ်ရာရရှိခဲ့ပါတယ်။

ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းမကြီးဖြစ်တဲ့ ကောလင်းမြို့နယ်၊ ဒိုးပင်တောင်ရိုးရှုခင်းသာနေရာမှာလည်း စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားနှစ်ဦးကို စစ်အုပ်စုက သတ်ဖြတ်သွားတယ်လို့ ဒေသတွင်းလုံခြုံရေးနဲ့စစ်ရေးအခြေအနေတွေကိုထုတ်ပြန်ပေးနေတဲ့ Indaw Revolution – IRက သတင်းထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ၄ရက်က ဖြစ်ပွားတဲ့တိုက်ပွဲအတွင်း စစ်တပ်ဘက်မှာ ထိခိုက်သေဆုံးမှုတွေရှိခဲ့ပြီး လက်ရှိဒေသတွင်းစစ်ရေးအခြေအနေကြောင့် ကောလင်းမြို့နယ်အရှေ့ပိုင်းမှာ ကျေးရွာ ဆယ်ရွာထက်မနည်းစစ်ဘေးရှောင်နေကြရတယ်လို့ သတင်းရရှိပါတယ်။ယခုရက်ပိုင်းမှာ စစ်တပ်က မော်လူး၊ ကောလင်း၊အင်းတော်၊ ကျွန်းလှမြို့နယ်တွေကို လေကြောင်းကနေဗုံးကြဲလို့ အရပ်သားထိခိုက်သေဆုံးမှုတွေ ဆက်တိုက်ကြုံတွေ့နေရပါတယ်။

ဆက်စပ်သတင်းများ