Connect with us

Hi, what are you looking for?

သတင်း

တဘက်ကမ်းတွင်တိုက်ပွဲဖြစ်ပြီး ပြောက်ကျားအဖွဲ့ကသတိပေးထားသော်လည်း ပုဂံမြို့တွင် လည်ပတ်သူများပြည့်နေ

ရှေးဟောင်းပုဂံမြို့ တဘက်ကမ်းတွင်ပြီးခဲ့သည့်ရက်ကတိုက်ပွဲဖြစ်ပြီး မြို့ပြပြောက်ကျားအဖွဲ့က သတိပေးထားသော်လည်း ပုဂံတွင် သီတင်းကျွတ်ရုံးပိတ်ရက် ခရီးသွားများပြားနေကြောင်း သတင်းရရှိသည်။

ဇေအောင်/People’s Spring

ရှေးဟောင်းပုဂံမြို့ တဘက်ကမ်းတွင်ပြီးခဲ့သည့်ရက်ကတိုက်ပွဲဖြစ်ပြီး မြို့ပြပြောက်ကျားအဖွဲ့က သတိပေးထားသော်လည်း ပုဂံတွင် သီတင်းကျွတ်ရုံးပိတ်ရက် ခရီးသွားများပြားနေကြောင်း သတင်းရရှိသည်။

သီတင်းကျွတ်ရုံးပိတ်ရက်မရောက်မီကတည်းက ပုဂံ၊ညောင်ဦးဒေသသို့ ခရီးသွားအများအပြား ရောက်ရှိနေရာယနေ့ (အောက်တိုဘာ၁၆ရက်) တွင်မူ ပုဂံမြို့ဟောင်း၌ ယာဥ်ကြောများပိတ်ဆို့သည်အထိဖြစ်နေကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“ကားတွေတော်တော်များတယ်။ ကားလိုင်းတစ်ခုတည်းကတင် ရန်ကုန်-ပုဂံ အစီး သုံးဆယ်ထွက်တယ်ပြောတယ်။”ဟု ခရီးသွားတစ်ဦးက ပြောသည်။

ခရီးသွားများပြားလွန်း၍ ဟိုတယ်၊ တည်းခိုခန်းများ၊ ဘုန်းကြီးကျောင်းများ ဧည့်ပြည့်နေ၍ တည်းခိုရန်နေရာမရသူအများအပြားရှိကြောင်း ခရီးသွားအချို့က ပြောသည်။

“အကုန်ပတ်မေးပြီးပြီ။ အခန်းဘယ်မှကိုမရတော့ဘူး။”ဟု ပုဂံမြို့သို့ ရောက်ရှိနေသူတစ်ဦးက ဆိုသည်။

ပုဂံမြို့တွင် အောက်တိုဘာ ၁၄ ရက်က သန်းခေါင်စာရင်းကောက်သည့်အဖွဲ့ ပစ်ခတ်ခံရပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးသေဆုံးခဲ့သေးသည်။

ယခုသီတင်းကျွတ်ကာလအတွင်း ပုဂံမြို့သို့အပျော်ခရီးထွက်လာမည့် ပြည်သူများအနေဖြင့် စစ်ကောင်စီယာဥ်တန်းများနှင့် အဝေးဆုံးနေပေးကြရန်နှင့် ဒလန်များပိုင်ဆိုင်သော စားသောက်ဆိုင်များ၌ စားသောက်ခြင်းမပြုကြရန် ညောင်ဦးခရိုင်-ပကဖ(ပုဂံပြည်ဘီလူးတပ်)က သတိပေးထားသည်။

ပုဂံညောင်ဦးတဘက်ကမ်း ပခုက္ကူမြို့နယ်၊ မြစ်ခြေ​မြို့တွင် အောက်တိုဘာ ၁၂ရက်က စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးအဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် ၈ လုံးထက်မနည်း ပြာကျခဲ့သည်။ ထို့အပြင် စစ်တပ်၏ ​ပစ်ခတ်မှုကြောင့် ပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူ ၅၀ဦးထက်မနည်း ဖမ်းဆီးခံထားရကြောင်း ဒေသခံများက ပြောသည်။

သီတင်းကျွတ်ပိတ်ရက်သည် ယနေ့ (အောက်တိုဘာ၁၆)မှ အောက်တိုဘာ၂၀ ရက်အထိ ၅ ရက်ရှိမည်ဖြစ်သည်။

တိုက်ပွဲများဖြစ်ပွားနေသော်လည်း မြို့ကြီးများမှ ပြည်သူအချို့က ပုဂံဒေသအပြင် မန္တလေး၊ တောင်ကြီးအင်းလေး၊ ကျိုက်ထီးရိုး၊ ​ဧရာဝတီတိုင်းရှိကမ်းခြေများသို့ ခရီးထွက်လာ၍ အဆိုပါဒေသများ၌ စည်ကားနေကြောင်း သတင်းရရှိသည်။

သီတင်းကျွတ်ပိတ်ရက် အလည်အပတ်ခရီးထွက်မည့်လူငယ်များအား လမ်းခရီး၌ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များက စစ်မှုထမ်းရန် ဖမ်းဆီးခံရနိုင်၍ သတိပြုသွားလာကြရန် စစ်အာဏာရှင်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူများက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။