Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်က ထုတ်လုပ်တဲ့ Covid-19 ကာကွယ်ဆေး တစ်မျိုးကို WHO ပထမဆုံးအကြိမ် အသိအမှတ်ပြု

တရုတ်နိုင်ငံက ထုတ်လုပ်တဲ့ Covid-19 ကာကွယ်ဆေး တစ်မျိုးကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က အရေးပေါ် အသုံးပြု ဆေးဝါးအဖြစ် အသိအမှတ် ပြုလိုက်ပါတယ်။

Sinopharm ကုမ္ပဏီက ထုတ်လုပ်တဲ့ ကာကွယ်ဆေးဟာ အရင်ကတည်းက လက်တွေ့ အသုံးချ ထိုးနှံမှုတွေ ရှိနေခဲ့ပြီးသားပါ။ ဒါပေမဲ့ WHOက အသိအမှတ် ပြုလိုက်တဲ့အခါ နိုင်ငံတကာကို ဖြန့်ဝေဖို့၊ အရည်အသွေး စိစစ်မှု လုပ်ငန်းစဉ်တွေကို ကျော်ဖြတ်ဖို့ ပိုပြီး လွယ်ကူသွားမှာ ဖြစ်ပါတယ်။

Sinopharmရဲ့ ကာကွယ်ဆေးဟာ အနောက်နိုင်ငံတွေက ထုတ်လုပ်တာ မဟုတ်ဘဲ WHOရဲ့ အသိအမှတ် ပြုမှုကို ခံရတဲ့ ပထမဆုံး Covid-19 ကာကွယ်ဆေး အနေနဲ့လည်း မှတ်တမ်း ဝင်ခဲ့ပါတယ်။ ဒီဆေးကို တရုတ်နဲ့ တခြားနိုင်ငံ တချို့မှာ လူပေါင်း သန်းနဲ့ချီ လက်တွေ့ ထိုးနှံထားပြီးပါပြီ။

အရင်က WHOဟာ Pfizer၊ AstraZeneca၊ Johnson & Johnsonနဲ့ Moderna ကုမ္ပဏီတွေက ထုတ်လုပ်တဲ့ ကာကွယ်ဆေးတွေကိုသာ အသိအမှတ် ပြုထားခဲ့ပါတယ်။ တရုတ်မှာ Sinopharmနဲ့ Sinovacတို့လို ကုမ္ပဏီတွေက ကာကွယ်ဆေးတွေ ထုတ်လုပ်ထားပြီး အာဖရိက၊ လက်တင် အမေရိကနဲ့ အာရှနိုင်ငံ တချို့က အရေးပေါ် အသုံးပြုမှုတွေ ရှိနှင့်နေခဲ့ပြီးသားပါ။

တရုတ် ကာကွယ်ဆေးတွေနဲ့ ပတ်သက်လို့ အချက်အလက် ထုတ်ပြန်မှု နည်းပါးတာကြောင့် ဆေးအာနိသင်နဲ့ ပတ်သက်လို့ မရေရာမှုတွေ ကြုံခဲ့ပါတယ်။ ဒါပေမဲ့ မေလ ၇ ရက်မှာတော့ WHOက Sinopharmရဲ့ ကာကွယ်ဆေးဟာ ဘေးကင်းလုံခြုံပြီး အရည်အသွေး ကောင်းမွန်တယ်လို့ ထောက်ခံ ကြေညာသွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

Sinopharmရဲ့ ဆေးကို အသက် ၁၈ နှစ်အထက် အရွယ်တွေမှာသာ ထိုးနှံဖို့ ထောက်ခံချက် ပေးထားပြီး နှစ်ကြိမ်ထိုးဖို့ လိုအပ်ပါတယ်။ WHOဟာ တရုတ်ရဲ့ Sinovacက ထုတ်လုပ်တဲ့ ကာကွယ်ဆေး၊ ရုရှားရဲ့ Sputnik V ကာကွယ်ဆေးတွေကိုလည်း စိစစ်လေ့လာနေဆဲလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။

နိုင်ငံတကာ

မြေရှား သတ္တုတွေ ရရှိနိုင်ရေးအတွက် တရုတ်အပေါ် အလွန်အကျွံ မှီခိုနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ စီးပွားရေး အင်အားကြီး နိုင်ငံတွေ စုဖွဲ့ထားတဲ့ G7 ထိပ်သီး ညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။