Connect with us

Hi, what are you looking for?

သတင်း

ပြင်ဦးလွင် – လားရှိုးလမ်းပိုင်း၌တိုက်ပွဲဖြစ်နေ၍ လမ်းပိတ်ပြီး မော်တော်ယာဥ်များလှည့်ပြန်ခိုင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ မန္တလေး – လားရှိုးလမ်းပိုင်း၌ တိုက်ပွဲဖြစ်ပွားနေ၍ လမ်းပိတ်ပြီး မော်တော်ယာဥ်များအား လှည့်ပြန်ခိုင်းနေကြောင်း သတင်းရရှိသည်။

ပြင်ဦးလွင် - လားရှိုးလမ်း၊ မြိုင်ကြီးကွေ့ အတက်တနေရာ၌ တွဲကားတစ်စီးတိမ်းမှောက်နေသည်ကို တွေ့ရစဥ်။ဓာတ်ပုံ - CJ။ (ပုံအဟောင်းအသုံးပြုထားပါသည်)

အင်ကြင်း/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ မန္တလေး – လားရှိုးလမ်းပိုင်း၌ တိုက်ပွဲဖြစ်ပွားနေ၍ လမ်းပိတ်ပြီး မော်တော်ယာဥ်များအား လှည့်ပြန်ခိုင်းနေကြောင်း သတင်းရရှိသည်။

ယနေ့(အောက်တိုဘာ ၁၉ရက်) နံနက်ပိုင်းက မန္တလေးမြို့မှ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိုးမြို့ အတက်ကားများအား စစ်ကောင်စီအဖွဲ့က ပြင်ဦးလွင်မြို့နယ် မြိုင်ကြီးကွေ့လမ်းပိုင်းမှ လှည့်ပြန်ခိုင်းနေကြောင်း ခရီးသွားပြည်သူများက ပြောသည်။

Public Service Announcement

Public Service Announcement

” ဒီနေ့မနက်ခင်း နောင်ချို အုမ္မသီးလမ်းခွဲမှာ ထိတွေ့မှုဖြစ်လို့ မန္တလေးမှကျောက်မဲ သီပေါ လားရှိုးအတက်ကားတွေ ပြန်လှည့်ရတယ်။”ဟု ယာဥ်မောင်းတစ်ဦးက ပြောသည်။

လူနာတင်ယာဥ်များ၊ ဘုန်းကြီးကားများပါ လှည့်ပြန်နေရပြီး ပြင်ဦးလွင် – မန္တလေးယာဥ်များကိုမူ ပြင်ဦးလွင်မြို့အထိ သွားလာခွင့်ပြုထားကြောင်း နယ်ခံအချို့က ဆိုသည်။

” နောင်ချို – ပြင်ဦးလွင်ကြား သုံးဆယ်ဘက်မှာ တိုက်ပွဲဖြစ်နေပါတယ်”ဟုပြင်ဦးလွင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

တိုက်ပွဲဖြစ်ပွားမှုနှင့်ပတ်သက်ပြီး တအာင်းတပ်မတော်(TNLA)ထံ ဆက်သွယ်မေးမြန်းရာ ဆက်သွယ်၍ မရသေးပေ။

လက်တလောတွင် နောင်ချိုမြို့၌ ဆက်သွယ်ရေးလိုင်းများဖြတ်တောက်ထား၍ တိုက်ပွဲဖြစ်ပွားမှုအခြေအနေနှင့်ပတ်သက်ပြီး မသိရသေးကြောင်း အခြားဒေသရောက် နောင်ချိုမြို့ခံတစ်ဦးက ပြောသည်။ သို့သော် နောင်ချိုမြို့နယ် တောင်းခမ်းကျေးရွာ၌ တိုက်ပွဲပြင်းထန်နေသည်ဟု ကြားသိထားကြောင်း ၎င်းဆက်ပြောသည်။

ယနေ့နံနက် ၅ နာရီ ၁၅ မိနစ်ခန့်ကလည်း နောင်ချိုမြို့ကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေး နှစ်ဦးအပါအဝင် သားအဖသုံးဦးသေဆုံးကာ သုံးဦး ဒဏ်ရာရရှိခဲ့သည်။

ထို့အပြင် အောက်တိုဘာ ၁၇ ရက် သီတင်းကျွတ်လပြည့်နေ့ကလည်း နောင်ချိုမြို့ပေါ်နေရာအချို့အား ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူလေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်(မူတြော်)ခရိုင် မှာစစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ထပ်ဖြစ်ခဲ့ပြီး လက်နက် ၇လက် သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅)က စက်တင်ဘာ ၂၇ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်အင်အားသစ်တွေဝင်ရောက်လာပြီးနောက် အခုရက်ပိုင်းမှာ နေ့တိုင်းလိုလိုတိုက်ပွဲပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

Facebook