Connect with us

Hi, what are you looking for?

သတင်း

မီးသတ်တပ်ဖွဲ့ဌာနချုပ်အနီး မီးလောင်မှု ၂ နာရီခန့်နောက်ကျပြီးမှ မီးသတ်ကားရောက်၍ တစ်အိမ်လုံးပြာကျ

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်တွင် ၊မီးလာလိုက်ပျက်လိုက်မကြာခဏဖြစ်ပြီး​နောက် ဝါယာရှော့ဖြစ်ကာ တိုက်အိမ်တစ်လုံး မီးလောင်မှုဖြစ်ရာ မီးသတ်ကားများ ၂နာရီခန့် နောက်ကျပြီးမှ လာရောက်ငြှိမ်းသတ်ခဲ့၍ တစ်အိမ်လုံးပြာကျကြောင်း ​ဒေသခံများက ပြောသည်။

မရမ်းကုန်းမြို့နယ်ရှိ နေအိမ်တစ်အိမ် ယနေ့နံနက်က မီးလောင်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - မီးသတ်ဌာန

လူအေး/People’s Spring

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်တွင် ၊မီးလာလိုက်ပျက်လိုက်မကြာခဏဖြစ်ပြီး​နောက် ဝါယာရှော့ဖြစ်ကာ တိုက်အိမ်တစ်လုံး မီးလောင်မှုဖြစ်ရာ မီးသတ်ကားများ ၂နာရီခန့် နောက်ကျပြီးမှ လာရောက်ငြှိမ်းသတ်ခဲ့၍ တစ်အိမ်လုံးပြာကျကြောင်း ​ဒေသခံများက ပြောသည်။

မရမ်းကုန်းမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ဓနသိဒ္ဓိလမ်းမှ နှစ်ထပ်တိုက်တစ်လုံးသည် ယနေ့(အောက်တိုဘာ၂၂ရက်) နံနက် ၄နာရီခန့်တွင် ဝါယာ ရှော့မှတစ်ဆင့် မီးစတင်လောင်ကျွမ်းခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

” မီးမလောင်ခင်လေးမှာ လျှပ်စစ်မီးက လာလိုက်ပျက်လိုက်နဲ့ ၅ကြိမ်ဖြစ်တယ်။ မိုးကလည်း ရွာနေတော့ လျှပ်စစ်ဝါယာရှော့ဖြစ်မှာကို ကြောက်နေတာ။ သိပ်မကြာဘူး ဓနသိဒ္ဓိလမ်းဘက်ကနေ မီးခိုးလုံးတွေ တက်လာတာပါ”ဟု မရမ်းကုန်းမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၌ နေသူတဦးက ပြောသည်။

မီးလောင်မှုဖြစ်သည့်နေရာသည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ် ရှိသည့်နေရာနှင့် ၅ မိနစ်ခန့် ကားမောင်းလျှင်ရောက်သော်လည်း မီးသတ်ကားများသည် နံနက် ၆နာရီကျော်မှ ရောက်ရှိလာခဲ့သည်ဟု ဒေသခံများက ပြောသည်။

စစ်​ကောင်စီလက်​အောက်ခံ မီးသတ်ဌာနကမူ ၆နာရီ ၃မိနစ်မှ မီးသတင်းရပြီး သမိုင်းနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရန်ကင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး ထွက်ခွာကာ မီးငြှိမ်းသတ်ခဲ့ကြောင်း၊ ၆နာရီ ၂၇ မိနစ်တွင် မီးထိန်းနိုင်ပြီး ၆နာရီ၃၅မိနစ်၌ မီးငြိမ်းကြောင်း ထုတ်ပြန်ထားသည်။

ဓနသိဒ္ဓိလမ်း၌ နေသူများကမူ မီးသည် နံနက် ၄နာရီကတည်းက စတင်လောင်ကျွမ်းခြင်းဟု ပြောသည်။

“လျှပ်စစ်ဌာနကကောင်တွေ ပရမ်းပတာလုပ်ပြီး မီးသတ်ကကောင်တွေက အနေချောင် အစားချောင်နေကြလို့ ဖြစ်တာ။ အိမ်က အကြီးကြီးဗျ။ နှမြောစရာပဲ။ အိမ်တွင်း စက်မှုလုပ်ငန်းလည်း လုပ်နေတဲ့အိမ်။ အကုန်ကုန်တာပဲ”ဟု မီးလောင်မှုကို သွားရောက်ကြည့်ရှုခဲ့သူတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံမှာ ခရီးသည်တင် ကူးတို့ရေယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားပြီး အနည်းဆုံး ၅ ဦးသေ၊ ၄၀ ကျော် ပျောက်ဆုံးနေပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က အရက်ဘား မီးလောင်မှုမှာ သေဆုံးခဲ့သူ အများစုဟာ မီးခိုးမွှန်ပြီး အသက်ဆုံးရှုံးခဲ့တာလို့ သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ဖြစ်ပွားခဲ့တဲ့ အရက်ဘား မီးလောင်မှုကြောင့် သေဆုံးသူဟာ ၃၀ ထိ မြင့်တက်လာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က အရက်ဘား တစ်ခုမှာ ဆိုးရွားတဲ့ မီးလောင်မှု ဖြစ်ပွားပြီး လူ ၂၇ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။