Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီ၏ ဗဟိုဘဏ်ကတစ်ပတ်အတွင်း​ဒေါ်လာသန်း ၈၀ ရောင်း​သော်လည်း​ဈေးကွက်အ​ပေါ်သက်​ရောက်မှုနည်း

အကြမ်းဖက်စစ်ကောင်စီထိန်းချုပ်ထားသည့် ဈေးကွက်ပေါက်ဈေးထက် တစ်ဒေါ်လာကို ကျပ် ၂၀၀အောက်လျော့ချပြီး ဒေါ်လာသန်း ၈၀ကို အောက်တိုဘာ ၁၈ ရက်နှင့် ၂၂ ရက်တွင် နှစ်သုတ်ခွဲထုတ်ရောင်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အာဏာသိမ်းစစ်ကောင်စီ၏ ဗဟိုဘဏ်က တစ်ပတ်အတွင်း ဒေါ်လာသန်း ၈၀ကို စံချိန်တင်ရောင်းချခဲ့သော်လည်း ဈေးကွက်အတွင်း သက်ရောက်မူကြီးကြီးမားမားမရှိကြောင်း ငွေလဲလုပ်ငန်းဆောင်ရွက်နေသူများက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီထိန်းချုပ်ထားသည့် ဈေးကွက်ပေါက်ဈေးထက် တစ်ဒေါ်လာကို ကျပ် ၂၀၀အောက်လျော့ချပြီး ဒေါ်လာသန်း ၈၀ကို အောက်တိုဘာ ၁၈ ရက်နှင့် ၂၂ ရက်တွင် နှစ်သုတ်ခွဲထုတ်ရောင်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အောက်တိုဘာ ၂၂ ရက်တွင် ပြင်ပ​ဈေးကွက်ပေါက်ဈေး တစ်ဒေါ်လာလျှင် ၂၀၂၀ကျပ်ရှိနေချိန်တွင် အကြမ်းဖက်စစ်ကောင်စီ၏ဗဟိုဘဏ်က တစ်ဒေါ်လာကို ၁၈၀၀ကျပ်ဖြင့် သန်း ၃၀ကို လည်းကောင်း၊ အောက်တိုဘာ ၁၈ ရက်တွင် ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာကို ၂၀၇၀ကျပ်ပေါက်ဈေးရှိနေချိန်တွင် တစ်ဒေါ်လာကို ၁၈၂၀ကျပ်ဖြင့် ဒေါ်လာသန်း ၅၀ကိုလည်းကောင်း အသီးသီးထုတ်ရောင်းခဲ့သည်ဟုထုတ်ပြန်သည်။ သို့​သော် အမှန်တစ်ကယ်​ရောင်းချခြင်း ရှိ ၊မရှိကိုမှုPeople’s Spring ကအတည်မပြုနိုင်​ပေ။ ​

ကြေညာ​သောနှုန်းဖြင့်​ရောင်းပါက ပျှမ်းမျှတစ်ဒေါ်လာကို ကျပ် ၂၀၀ထက်လျော့နည်း၍ ရောင်းချခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ထိုရောင်းချမူသည် စစ်ကောင်စီအတွက် မရှိမဖြစ်လိုအပ်သည့် စက်သုံးဆီ၊ ဆေးဝါးများဝယ်ယူရန် အတွက်သာဖြစ်နိုင်ပြီး ဈေးကွက်သဘောအရရောင်းချခြင်းမဖြစ်နိုင်ကြောင်း ရန်ကုန်အခြေစိုက်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“အရင်တုန်းကလို ဈေးကွက်ထဲ ဒေါ်လာထည့်ပေးတာမဟုတ်တော့ဘူး၊ သူတို့လိုအပ်တဲ့ ပစ္စည်းတွေ တင်သွင်းဖို့ ဒေါ်လာကို ကိုယ်တာနဲ့ ထုတ်ပေးတဲ့ သဘောမျိုးပါပဲ”ဟု ၎င်းက​ ပြောသည်။

စစ်ကောင်စီက ထိုသို့ရောင်းချခဲ့သော်လည်း ငွေလဲဈေးကွက်အတွင်း ဒေါ်လာဈေးမှာ သိသာထင်ရှားစွာ ကျဆင်းလာခြင်းမရှိသေးကြောင်း ကမာရွတ်မြို့နယ်က ငွေလဲကောင်တာပိုင်ရှင်တစ်ဦးက ပြောသည်။

“သီတင်းကျွတ်ကာလတွေမှာက လုပ်ငန်းရှင်တွေက ဒေါ်လာမလို့ဘူး၊ ငွေလိုလို့လာရောင်းတဲ့သူဘဲရှိတယ်၊ အဲ့တာကြောင့် ဒေါ်လာဈေးက နည်းနည်းငြိမ်နေတာ။ ဒါပေ့မယ်လဲ တစ်ဒေါ်လာ ၂၀၀၀အောက်ကို ဆင်းဖို့ဆိုတာတော့ မဖြစ်နိုင်သေးဘူး”ဟု ၎င်းက သုံးသပ်သည်။

စစ်ကောင်စီ၏ဗဟိုဘဏ်ကဒေါ်လာထုတ်မရောင်းခင်က အောက်တိုဘာ ၁၇ရက်က တစ်ဒေါ်လာကို ၂၀၇၀ကျပ်ရှိပြီး ဒေါ်လာရောင်းချပြီး အောက်တိုဘာ ၂၃ ရက်တွင် တစ်ဒေါ်လာကို ၂၀၁၀ကျပ်ပေါက်ဈေးရှိနေသည်။ အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းထားသည့် ၈ လခန့်အတွင်း နိုင်ငံတော်အရံငွေထဲမှ ဒေါ်လာသန်း ၂၆၀ကျော်ကို ထုတ်ရောင်းခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

နိုင်ငံတကာ

လွှတ်တော်ဆီက ခွင့်ပြုချက်ရရင် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ပုံ ရိုက်နှိပ်ထားတဲ့ ဒေါ်လာ ၂၅၀ တန် ငွေစက္ကူ အသစ်တွေ ထုတ်ဝေလာနိုင်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။