Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံမြို့နယ်တွင် ပျူစောထီးများကဓားပြတိုက်ရာ ကုန်စုံဆိုင်ပိုင်ရှင်သတ်ပြီး လက်ဝတ်ရတနာများယူသွား

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကူကျေးရွာတွင် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများက ကုန်စုံဆိုင်အား ဓားပြဝင်တိုက်ရာ ဆိုင်ရှင်အမျိုးသမီးအား သတ်ဖြတ်ကာ လက်ဝတ်ရတနာများ ယူဆောင်သွားကြောင်း သတင်းရရှိသည်။

မြင်းခြံမြို့နယ်ရှိ ပျူခေါင်းဆောင် သီတာယုမွန်ဦးဆောင်သော ပျူစောထီးများ။ ဓာတ်ပုံ - စစ်အုပ်စု

ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကူကျေးရွာတွင် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများက ကုန်စုံဆိုင်အား ဓားပြဝင်တိုက်ရာ ဆိုင်ရှင်အမျိုးသမီးအား သတ်ဖြတ်ကာ လက်ဝတ်ရတနာများ ယူဆောင်သွားကြောင်း သတင်းရရှိသည်။

ယမန်နေ့(အောက်တိုဘာ ၂၄ရက်) နံနက် ၅နာရီခွဲခန့်က မြင်းခြံမြို့နယ်၊ ကူရွာကျေးရွာနေ (၅၅)နှစ်အရွယ် ဒေါ်ပြုံးကြည်အိမ်သို့ ဆိုင်ကယ် သုံးစီးဖြင့် မြင်းခြံမြို့ပေါ်မှ လက်နက်ကိုင်ပျူစောထီး ၆ဦး ရောက်ရှိလာပြီး အနုကြမ်းစီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ပျူစောထီးများက ဒေါ်ပြုံးကြည်အား သေနတ်ဖြင့်ပစ်ခတ်ရာ သေဆုံးသွားပြီး ၎င်း၏ လက်ဝတ်ရတနာများအား ယူဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

“နှစ်ချက်လား သုံးချက်လားမသိဘူးပစ်သွားတာ။ လူသေတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။ ယူဆောင်သွားသည့် လက်ဝတ်ရတနာတန်ဖိုး အတိအကျ မသိရသေးပေ။

စစ်ကောင်စီကမူ PDF များက လုပ်သယောင်သတင်းလွှင့်နေပြီး ရုပ်အလောင်းအား လာရောက်သယ်ဆောင်သွားကြောင်း သိရသည်။

သီတာယုမွန်ခေါင်းဆောင်သော ပျူစောထီးများသည် မြင်းခြံ-မန္တလေးလမ်းပိုင်း၌ ခရီးသွားယာဥ်များကိုလည်း မကြာခဏဖမ်း​​ဆီးခြင်း၊ ခြိမ်းခြောက်ငွေညှစ်ခြင်းများ ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့လယ်မှာ အာဏာသိမ်းစစ်တပ် တပ်စွဲထားရာနေရာအနီးက နေအိမ်တစ်အိမ် ဓါးပြတိုက်ခံရပြီး ရွှေတွေနဲ့ ငွေသားတွေ ပါသွားကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒီကနေ့ စက်တင်ဘာ ၁၂ရက် မနက်ပိုင်းက ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး ဝင်ရောက်ဖမ်းဆီးသူ သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။