Connect with us

Hi, what are you looking for?

သတင်း

သိန္နီမြို့ KBC ဘုရားကျောင်း၊ နောင်ချိုနှင့် KIA တပ်မဟာ(၁၀)နယ်မြေကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ်၊ ကွတ်ခိုင်မြို့နယ်နှင့် နောင်ချိုမြို့နယ်တို့ကို စစ်ကောင်စီက ယမန်နေ့ညနှင့် ယနေ့ (အောက်တိုဘာ ၂၈ရက်)နံနက်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသ သတင်းရင်းမြစ်က ပြောသည်။

သိန္နီမြို့ရှိ KBC ဘုရားကျောင်းအား စစ်ကောင်စီလေကြောင်းတိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - T Awng

ဟန်နွေ/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ်၊ ကွတ်ခိုင်မြို့နယ်နှင့် နောင်ချိုမြို့နယ်တို့ကို စစ်ကောင်စီက ယမန်နေ့ညနှင့် ယနေ့ (အောက်တိုဘာ ၂၈ရက်)နံနက်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသ သတင်းရင်းမြစ်က ပြောသည်။

ကိုးကန့်တပ်မတော်(MNDAA) ထိန်းချုပ်ထားသည့် သိန္နီမြို့ကို ယမန်နေ့ည ၉နာရီခွဲ တွင်လည်းကောင်း၊ တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားသည့် နောင်ချိုမြို့နယ် သပြေရွာကို ယမန်နေ့ည ၇နာရီခွဲတွင် လည်းကောင်း၊ KIA တပ်မဟာ(၁၀) တပ်ရင်း(၂)နယ်မြေ ကွတ်ခိုင် မြို့နယ် ပြိန်းလုံရွာအနီးကို ယနေ့နံနက်စော ၂နာရီခန့်တွင်လည်းကောင်း စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ရှမ်းမြောက်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

” သိန္နီမြို့ကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့တဲ့ နေရာကတော့ KBCဘုရားကျောင်းလို့ သိရှိရပါတယ်။ ဘုရားကျောင်းက တော်တော်ထိခိုက်ပျက်စီးသွားပြီလို့ သိရှိရပါတယ်”ဟု ရှမ်းမြောက်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီက အရပ်သားပြည်သူများနေထိုင်ရာနှင့် ဘာသာရေးအဆောက်အဦးများ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေခြင်းသည် နိုင်ငံတကာ စစ်ရာဇဝတ်မှုများကျူးလွန်နေခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

အောက်တိုဘာ ၂၇ရက်ည ၇နာရီခွဲခန့်တွင် နောင်ချိုမြို့ သပြေကျေးရွာကို စစ်ကောင်စီက လေကြောင်းမှ နှစ်ကြိမ်ဗုံးကြဲခဲ့သည်ဟု ဆိုသည်။

” ဒီကနေ့ မနက် အောက်တိုဘာ ၂၈ မနက်အစောပိုင်းမှာ KIA တပ်မဟာ(၁၀)တပ်ရင်း(၂)နယ်မြေ ပြိန်းလုံကျေးရွာအနီးမှာ ရှိတဲ့ရေပူစမ်းနေရာမှာလည်း စစ်ကောင်စီက ဒီကနေ့မနက် ၂နာရီခွဲ ဝန်းကျင်မှာ ဂျက်လေယာဉ်နဲ့ နှစ်ကြိမ်ဗုံးကြဲခဲ့ပြီးသွားပြီ”ဟု ရှမ်းမြောက်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အောက်တိုဘာ ၁၀ရက်ကလည်း ပြိန်းလုံကျေးရွာအနီးကို စစ်ကောင်စီက ဗုံးကြဲခဲ့ရာ နေအိမ်ထိခိုက်မှုရှိခဲ့သည်။

စစ်ကောင်စီတပ်သည် ၁၀၂၇ စစ်ဆင်ရေး တစ်နှစ်ပြည့်နေ့ဖြစ်သည့်အောက်တိုဘာ၂၇ရက်က လောက်ကိုင်မြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ လေးဦးဒဏ်ရာရခဲ့ပြီး ဟိုတယ်နှင့် နေအိမ်များပျက်စီးခဲ့ကြောင်း ကိုးကန့်တပ်မတော် (MNDAA)က ထုတ်ပြန်ထားသည်။

ထို့ပြင် ယမန်နေ့ နံနက်ကလည်း နမ့်ခမ်းမြို့ကိုလည်းစစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်သည်။

“ ရှမ်းမြောက်မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့နေရာ တည်ရှိနေတဲ့နေရာကတော့ အခုလိုပဲ စစ်ကောင်စီက နေ့စဉ်ရက်စက်ဆိုလို နေ့ရော ညရော တောက်လျှောက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ပိုမိုဆိုးရွားတဲ့ လုပ်ရပ်တွေလုပ်လာခဲ့တယ်။ အဲဒါကြောင့် ဒေသခံ ပြည်သူလူထုအနေနဲ့ စစ်ကောင်စီရဲ့ လေကြောင်း သတင်းတွေအထူးသတိပြု နေထိုင်ဖို့ လိုပါတယ်”ဟု စစ်ရေး၊နိုင်ငံရေးလေ့လာသူ ဦးဇော်ဆန်က ပြောသည်။

စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် ပြည်သူသေဆုံးမှု၊ နေအိမ်များ ပျက်စီးမှုများကို ဒေသခံ ပြည်သူလူထုများနှင့် လူ့အခွင့်အရေးလှုပ်ရှားနေသည့် အဖွဲ့များက မှတ်တမ်းပြုစုထားရန်လိုအပ်ကြောင်း၊ စစ်ကောင်စီဘက်က လူ့အခွင့်အရေး ချိုးဖောက်မှုများကို သေချာစွာ မှတ်တမ်းပြုစုထားခြင်းက နောင်တချိန်တွင် အပြည်ပြည်ဆိုင်ရာ တရားရုံး၌ စစ်ကောင်စီတပ်မှ တာဝန်ရှိသည့် ပုဂ္ဂိုလ်များအား အရေးယူနိုင်ရန် အခိုင်လုံဆုံး သက်သေအထောက်အထားများဖြစ်လာမည်ဖြစ်ကြောင်း ဦးဇော်ဆန်က ပြောသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook