Connect with us

Hi, what are you looking for?

News

နတ်​မောက်မြို့နယ်တွင် စစ်​ကောင်စီတပ်က​အကြမ်းဖက်၍ ပြည်သူ ၅ ဦး ဒဏ်ရာရ၊ ၇ ဦးဖမ်းဆီးခံရ

ဒဏ်ရာရသူ ၅ဦးမှာ ရာဘာကျည်ထိမှန်ခြင်းဖြစ်​

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် သမြှားရွာတွင် အာဏာသိမ်းစစ်ကောင်စီတပ်က ယမန်​နေ့မွန်းလွဲပိုင်းတွင် အကြမ်းဖက်ပစ်ခတ်၍ ၅ဦးဒဏ်ရာရပြီး ၇ဦး ဖမ်းဆီးခံရကြောင်း ဒေသခံက ပြောသည်။

“သမြှားက ဒလန်က လှမ်းခေါ်တော့ စစ်ကား နှစ်စီးနဲ့ အင်အား ၁၅ယောက်လောက် ရွာလာတာ။ အဲဒီမှာ သပိတ်တွေတုန်းက ဦးဆောင်တဲ့ သူတွေကို လိုက်ဖမ်းတာ ပေါ့။ ဦးဆောင်တဲ့သူတွေက ထွက်ပြေးနေတော့ လွတ်တယ် ။အဲဒီမှာ ဦးဆောင်တဲ့ သူ ဦးမောင်မြင့် တဲ့ သူ့ကိုမတွေ့တော့ သူ့သမီးကို ဖမ်းခေါ်တာ”ဟု ဒေသခံက ပြောသည်။

ထိုသို့ ဖမ်းဆီးမှုကို ရွာခံများက လက်မခံဘဲ ပြန်လွှတ်‌ပေးရန် ရွာလူထုအင်အားဖြင့် ဝိုင်းဝန်းတောင်းဆိုခဲ့ရာ ဦးမောင်မြင့် ၏ သမီးဖြစ်သူကို ပြန်လွှတ်ပေးခဲ့သည်။ သို့​သော် စစ်ကောင်စီ တပ်ဖွဲ့က အင်အားထပ်ဖြည့်ပြီး ပြန်ရောက်လာကာ အကြမ်းဖက် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

“ကျောင်းကုန်းရွာက သုံးယောက်ကိုတော့ သူတို့ကို ခုခံလို့ ဆိုပြီး တော်တော်ကြီးကို နှိပ်စက်သွားတယ်။ အခု ညနေ ၅နာရီလောက်မှာ သမြှားအရှေ့ဘက်မှာ ပင်မစစ်လက်နက် သိုလှောင်ရေးတပ် အဲဒီတပ်ကို သွားတဲ့ လမ်းဘေးမှာ စစ်တပ်သုံးရေကန်ရှိတယ် အဲဒီမှာ သူတို့ အင်အား ၅၀လောက်နဲ့ တပ်စွဲထားတယ်။

Public Service Announcement

Public Service Announcement

ညဘက်ကျရင် မင်းတို့ကို ပစ်မယ် ခတ်မယ်ဆိုပြီး သူတို့ ခြိမ်းခြောက်နေတယ်။ လူထုကတော့ တော်တော့်ကို ကြောက်နေကြတယ်”ဟု သမြှားရွာသား တစ်ဦးက ပြောသည်။

အဖမ်းခံရသူများမှာ သမြားရွာမှ ၄ဦး ၊ ကျောင်းကုန်းကျေးရွာမှ ၃ဦး ဖြစ်သည်။၎င်းတို့ ခုနှစ်ဦးလုံးကို စစ်ကောင်စီ တပ်က အကြမ်းဖက်ရိုက်နှက် ဖမ်းစီးသွားခြင်းဖြစ်ကြောင်း နယ်ခံတစ်ဦးက သမြှားရွာ အ‌​ခြေအနေကို ၎င်း၏ Facebookတွင် ရေးသားထားသည်။

ဒဏ်ရာရသူ ၅ဦးမှာ ရာဘာကျည်ထိမှန်ခြင်းဖြစ်​ကြောင်း ၎င်းက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်က အာဏာသိမ်းစစ်တပ်စစ်ကြောင်း မိုင်းထိပြီး ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဦးစီးတပ်တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ဆီးရီးယားကို အကြမ်းဖက်အားပေး နိုင်ငံတွေ စာရင်းကနေ အမေရိကန်က ဖယ်ရှားပေးလိုက်ပါတယ်။