Connect with us

Hi, what are you looking for?

သတင်း

မန္တလေးPDF စစ်သုံ့ပန်းအချုပ်ကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်ရာ စစ်သုံ့ပန်းရှစ်ဦးအပါအဝင် ၁၂ဦးသေဆုံး၊ ၆၀ ဝန်းကျင် ဒဏ်ရာရ

လေယာဉ်ဗုံးထိမှန်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သော စစ်သုံ့ပန်းများကိုလည်း ဆေးကုသမှုများ လုပ်ဆောင်ပေးလျက်ရှိသည်ဟု မန္တလေး PDFက အသိပေးသည်။

(စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ-MDY PDF)
(စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ-MDY PDF)

▪️ဘီလူးစစ်ကြောင်းမှ စစ်သားများနှင့် ဗိုလ်ကြီးတစ်ဦး ပါဝင်

▪️စစ်ကောင်စီသည် ၎င်းတို့တပ်ဖွဲ့ဝင်ဟောင်းများအား ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်နေဟု မန္တလေး PDFပြော

ဇေအောင်၊ဟန်နွေ/People’s Spring

စစ်ဆင်ရေးများအတွင်း ဖမ်းဆီးရမိသော စစ်သုံ့ပန်းများထားရှိရာ အချုပ်ဆောင်အား စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့၍ စစ်သုံ့ပန်း ရှစ်ဦးအပါအဝင် ၁၂ဦးသေဆုံးကာ ၆၀ခန့် ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)-MDY-PDFက သတင်းထုတ်ပြန်သည်။

ယမန်နေ့ (အောက်တိုဘာ၂၈ရက်) ညနေ ၆ နာရီခွဲခန့်က ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ စစ်ဆင်ရေးများအတွင်း ဖမ်းဆီးရမိခဲ့သော စစ်သုံ့ပန်းများထားရှိရာ အချုပ်ဆောင်အား စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ကြောင်း မန္တလေး PDFက အသိပေးသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီ​၏ ဘီလူးစစ်ကြောင်းမှ စစ်သုံ့ပန်းများနှင့် အခြားစစ်သုံ့ပန်းများ ထားရှိရာ အဆောက်အအုံအားထိမှန်ခဲ့ပြီး စစ်သုံ့ပန်း ရှစ်ဦး အပါအဝင် ၁၂ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ၆၀ဝန်းကျင်ရှိသည်ဟု မန္တလေး PDFက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

သေဆုံးသူများမှာ ခမရ(၇၀၈)တိုက်ကြီးမှ အသက် (၃၁)နှစ်အရွယ် ဗိုလ်ကြီးထွန်းနိုင်၊ အသက် (၃၆)နှစ်အရွယ် ဒုတပ်ကြပ် ထက် နောင်နောင်စိုး၊ အသက် (၂၃)နှစ်အရွယ် ဒုတပ်ကြပ် ဖိုးချိုနှင့် အသက် (၄၃)နှစ်အရွယ် ခင်မောင်ထွန်း၊ လကတ(၁၀၁၄) အင်ကြင်းမြိုင်တပ်မှ အသက် (၃၃)နှစ်အရွယ် တပ်ကြပ်ကြီးစာရေး ရန်နိုင်အောင်၊ ခမရ(၇၇) ရေနံချောင်းမှ အသက်(၄၁)နှစ်အရွယ် ဒုတပ်ကြပ် သီဟငြိမ်း၊ ပျူစောထီး နှစ်ဦးဖြစ်သော အသက် (၄၀)အရွယ် နန်းမြို့ဦးနှင့် အသက် (၃၃)နှစ်အရွယ် သန်းဇော်တို့​ဖြစ်ကြောင်း မန္တလေး PDFက ထုတ်ပြန်သည်။

ထို့အပြင် မန္တလေးPDF​၏ စစ်ဆင်ရေးများအတွင်း ဖမ်းဆီးရမိခဲ့သော စစ်သုံ့ပန်းများကို သုံ့ပန်းဥပဒေနှင့်အညီ ကောင်းမွန်စွာထိန်းသိမ်းထားရှိခဲ့သော်လည်း စစ်ကောင်စီသည် ၎င်းတို့၏ တပ်ဖွဲ့ဝင်ဟောင်းများကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ကို တွေ့မြင်ရကြောင်း မန္တလေး PDFက သုံးသပ်သည်။

“စစ်သုံ့ပန်းတွေ ထားတဲ့နေရာမှန်းသိလို့ စစ်ကောင်စီဘက်က ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ယူဆပါတယ်။ မနေ့ကလေကြောင်းတိုက်ခိုက်မှုမှာ စစ်သုံ့ပန်း ၈ ဦးအပါအဝင် ကျွန်တော်တို့ စုံစမ်းစစ်ဆေးနေဆဲ သံသယတရားခံ ၄ဦးပါ အသက်ဆုံးရှုံးခဲ့တာဖြစ်ပါတယ်။ ဒဏ်ရာရတဲ့သူအများစုက စစ်သုံ့ပန်းတွေဖြစ်ပါတယ်။ စစ်သုံ့ပန်းတွေ ဖမ်း​ဆီးထိန်းသိမ်းထားတဲ့ အဆောက်အအုံကို တည့်တည့်ထိမှန်ခဲ့ပြီးတော့ ထိခိုက်ဒဏ်ရာရမှု များပြားခဲ့တာဖြစ်ပါတယ်။”ဟု မန္တလေး PDF ၏ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောသည်။

လေကြောင်းတိုက်ခိုက်ခံရသည့် အချုပ်ဆောင်ရှိရာဒေသကိုမူ လုံခြုံရေးအရ အသိပေးနိုင်ခြင်းမရှိကြောင်း ၎င်းက ပြောသည်။

စစ်ကောင်စီလေကြောင်းတိုက်ခိုက်ခဲ့သည့် နေရာဒေသကို ဖော်ပြမထားသော်လည်း နောင်ချိုမြို့နယ်အတွင်းဖြစ်သည်ဟု တိုင်းရင်းသားတပ်ဖွဲ့ နှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

လေယာဉ်ဗုံးထိမှန်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သော စစ်သုံ့ပန်းများကိုလည်း ဆေးကုသမှုများ လုပ်ဆောင်ပေးလျက်ရှိသည်ဟု မန္တလေး PDFက အသိပေးသည်။

စစ်ကောင်စီတပ်သည် မကြာသေးမီကလည်းအာရက္ခတပ်တော်(AA)၏ အကျဉ်းစခန်းများရှိရာ ပေါက်တောနှင့် မြောက်ဦးမြို့ကို လေကြောင်း တိုက်ခိုက်ခဲ့၍ စစ်သုံ့ပန်းအများအပြား သေဆုံးခဲ့သေးသည်။

တအာင်းတပ်မတော်(TNLA)နှင့် မန္တလေး PDF သည် စစ်ကောင်စီတပ်ကို အတူလက်တွဲတိုက်ခိုက်နေသည့် တပ်များဖြစ်သည်။

လေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးထံဆက်သွယ် မေးမြန်းထားဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒေသခံတွေ ယခုရက်ပိုင်း ရင်ဆိုင်နေရတဲ့ရေဘေးကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ KPDF က စစ်ရေးလှုပ်ရှားမှုရပ်နားထားပေမယ့်စစ်တပ်ကဒီကနေ့ ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။