Connect with us

Hi, what are you looking for?

သတင်း

ဂန့်​ဂေါမြို့တွင်စစ်သားတဦး ကိုယ့်မိုင်းကိုပြန်နင်းမိ

ဂန့်ဂေါမြို့လုံခြုံရေးတာဝန်ခံဗိုလ်ကြီး မျိုးဝင်းသူကို PDF များထံ ကျည်ဆန်ရောင်းစားမှုဖြင့် ၂၀၂၄ ခုနှစ်သြဂုတ်လ ၁၀ ရက်တွင် စစ်ကောင်က ဖမ်းဆီးမှုရှိခဲ့သည်။

(စစ်​ကောင်စီသည် ​တော်လှန်​ရေးတပ်များတိုက်ခိုက်မည်စိုး၍ နိုင်ငံတကာတွင်တားမြစ်ထား​​သောမိုင်းများကိုပင် အများအပြားသုံးစွဲ​နေသည်။ ဓါတ်ပုံ-Free Burma Rangers)
(စစ်​ကောင်စီသည် ​တော်လှန်​ရေးတပ်များတိုက်ခိုက်မည်စိုး၍ နိုင်ငံတကာတွင်တားမြစ်ထား​​သောမိုင်းများကိုပင် အများအပြားသုံးစွဲ​နေသည်။ ဓါတ်ပုံ-Free Burma Rangers)

ရဲခေါင်/People’s Spring

မကွေးတိုင်း၊ ဂန့်ဂေါမြို့အခြေစိုက် ခြေလျင်တပ်ရင်း ( ခလရ ၅၀ )တပ်စည်းရိုးတွင် စစ်ကောင်စီတပ်သား တစ်ဦး ကိုယ့်မိုင်းကို ပြန်နင်းမိခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

ယမန်နေ့ ( နိုဝင်ဘာ ၃ ရက်)ညနေပိုင်းက ကြက်လိုက်ဖမ်းရင်း မိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်း တပ်တွင်း သတင်းရင်းမြစ်၏ အတည်ပြုချက်အရ သိရခြငိူဖြစ်​ကြောင်း​ဒေသခံတဦးက​ပြောသည်။

“မနေ့(နိုဝင်ဘာ ၃)က ညနေပိုင်းကဖြစ်သွားတာပါ။ညနေစာအရက်မြည်းဖို့ ကြက်လိုက်ဖမ်းရင်းနဲ့ တပ်စည်းရိုးမှာထောင် ထားတဲ့မြေမြှုပ်မိုင်းကို နင်းမိပြီးကောက်ကွဲသွားတာပါ။ခြေထောက်တစ်ဖက်ထိခိုက်ဒဏ်ရာရတယ်။ခြေမျက်စိအထက်နားကနေ ဖြတ်ရမယ့်အခြေအနေရှိတယ်”ဟု ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကိုင်းတိုင်း၊ပင်လည်ဘူးမြို့တိုက်ပွဲ၌ စစ်ကူသွားရောက်ရသည့် ဂန့်ဂေါမြို့ ခလရ ၅၀ တပ်မှ ဗိုလ်မှူးများအပါအဝင် ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်းစုံစမ်းသိရသည်။

ထို့အပြင် ဂန့်ဂေါမြို့လုံခြုံရေးတာဝန်ခံဗိုလ်ကြီး မျိုးဝင်းသူကို PDF များထံ ကျည်ဆန်ရောင်းစားမှုဖြင့် ၂၀၂၄ ခုနှစ်သြဂုတ်လ ၁၀ ရက်တွင် စစ်ကောင်က ဖမ်းဆီးမှုရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

MNDAA-မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မ​တော်က စစ်ကောင်စီစစ်သားစစ်သုံ့ပန်း ၅၀၀ကို ဒီကနေ့ ပြန်လွှတ်ပေးလိုက်တယ်လို့ ကိုးကန့်တပ်MNDAAက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီထောင်ကထွက်ပြေးသွားသူတချို့ကို ပစ်ခတ်ဖမ်းဆီးရမိထားတယ်လို့ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC တွဲဖက် အတွင်းရေးမှူး ဦးဗညားက လူထုနွေဦးကို ပြောပါတယ်။

သတင်း

တစ်လနီးပါးကြာအထိ စစ်ကောင်စီတပ်စစ်ကူများက ကယ်ထုတ်ရန်လုပ်ဆောင်ရာ မကယ်ထုတ်နိုင်ဘဲ လှန်ကျနေသည်ဟု စစ်ဆင်ရေးမှူးက ပြောသည်။

သတင်း

အမှတ် (၁) စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် မရမ်းကုန်း၊လှိုင်၊ကမာရွတ် နှင့် လှိုင်သာယာ မြို့နယ်တို့မှ စစ်မှုထမ်းဥပဒေဖြင့် အဓမ္မ စုဆောင်းခံရသည့် လူငယ် များ ဖြစ်သည်။