Connect with us

Hi, what are you looking for?

သတင်း

လိုအပ်တာတွေ ကူညီနေမယ်လို့ စစ်ခေါင်းဆောင်ကို တရုတ်ဝန်ကြီးချုပ် ကတိပေးဟုဆို

လိုအပ်တဲ့ အကူအညီတွေ ပေးအပ်သွားမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်ကို တရုတ်ဝန်ကြီးချုပ်က ကတိပြု ပြောဆိုလိုက်ပါတယ်။

လိုအပ်တာတွေ ကူညီနေမယ်လို့ စစ်ခေါင်းဆောင်ကို တရုတ်ဝန်ကြီးချုပ် ကတိပေးဟုဆို
လိုအပ်တာတွေ ကူညီနေမယ်လို့ စစ်ခေါင်းဆောင်ကို တရုတ်ဝန်ကြီးချုပ် ကတိပေးဟုဆို

-People’s Spring

မဟာမဲခေါင် ဒေသခွဲ ခေါင်းဆောင်များ ထိပ်သီးညီလာခံ တက်ရောက်ဖို့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ထဲက ကူမင်းမြို့ဆီ ရောက်နေတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ရှားပါး အခြေအနေ တစ်ခုအဖြစ် တရုတ်ဝန်ကြီးချုပ် လီကျန်းက တွေ့ဆုံချိန်မှာ အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

တော်လှန်ရေး တပ်တွေရဲ့ ဘက်ပေါင်းစုံ ထိုးနှက်ချက်တွေကြောင့် အာဏာသိမ်း စစ်ကောင်စီက အခြေအနေ ယိမ်းယိုင်နေချိန်မှာ တရုတ်ဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ၂၀၂၁ ခုနှစ်၊ အာဏာသိမ်းမှုနောက်ပိုင်း ပထမဆုံးအကြိမ် အလည်အပတ် ခရီးစဉ် ဖိတ်ခေါ်ခဲ့ပါတယ်။ ဒါ့အပြင် အခုလိုမျိုး ဝန်ကြီးချုပ် လီကိုယ်တိုင်က မင်းအောင်လှိုင်ကို ကူညီမယ်လို့ ကတိပေးခဲ့ခြင်းက စစ်တပ်ဖက်က ရပ်တည်မယ့် တရုတ်ရဲ့ သဘောထားကို ပိုမိုရှင်းလင်း ပေါ်လွင်လာစေပါတယ်။

တရုတ်ဟာ မြန်မာနိုင်ငံမှာ နိုင်ငံရေး ရင်ကြားစေ့မှုနဲ့ အသွင်ကူးပြောင်းရေးကဏ္ဍ တိုးတက်လာစေဖို့ အားပေး ထောက်ခံသွားမှာ ဖြစ်တယ်လို့ နိုဝင်ဘာ ၆ ရက်နေ့ တွေ့ဆုံမှုမှာ မင်းအောင်လှိုင်ကို ပြောကြားခဲ့ပါတယ်။ နောက်ပြီး တရုတ်ရဲ့ ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု (BRI) မဟာစီမံကိန်း အပါအဝင် ဒေသတိုးတက်ရေး ကဏ္ဍတွေမှာ မြန်မာနဲ့ လက်တွဲလုပ်ဆောင်မှုတွေ အရှိန်မြှင့်ဖို့လည်း အသင့်ရှိနေတယ်လို့ လီက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

မင်းအောင်လှိုင်ကလည်း ပြည်တွင်းမှာ ရှိနေတဲ့ အကျိုးစီးပွားတွေကို အစွမ်းကုန် အကာအကွယ် ပေးသွားပါ့မယ်လို့ ကတိပေးခဲ့ပါတယ်။ စစ်ကောင်စီ အထိနာစေတဲ့ စစ်ရေးပဋိပက္ခတွေ ပြင်းထန်လာချိန် အတောအတွင်း တရုတ်က နယ်စပ်ဂိတ်တွေကို ပိတ်ထားခဲ့တဲ့ အခြေအနေနဲ့ ဆက်စပ်ပြီးလည်း လီနဲ့ မင်းအောင်လှိုင်ကြား ဆွေးနွေးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

မင်းအောင်လှိုင်ကို ဖိတ်ကြားခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ တော်လှန်ရေး အင်အားစုတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တချို့က အခုသီတင်းပတ် အစောပိုင်းမှာ တရုတ်ကို ဝေဖန်ခဲ့ကြပါတယ်။

မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်ကောင်စီဟာ မြန်မာနိုင်ငံ မြောက်ပိုင်းမှာ အဆုံးအရှုံးတွေ ဆက်တိုက် ကြုံနေသလို နိုင်ငံအနောက်ဖျားက ရခိုင်ပြည်နယ်မှာလည်း အလုံးစုံ စစ်ရှုံးဖို့ နီးစပ်တဲ့ အခြေအနေတွေ ဖြစ်နေပါတယ်။

တချို့လေ့လာသူတွေက စစ်တပ်ဟာ တစ်နိုင်ငံလုံး ဧရိယာရဲ့ ၈၆ ရာခိုင်နှုန်းကို လက်လွှတ် ဆုံးရှုံးထားပြီး ဖြစ်တယ်လို့ ခန့်မှန်းထားတာကြောင့် နေပြည်တော်က ဗိုလ်ချုပ်တွေ ဘယ်လောက်ဆက်ပြီး ခေါင်းမာဦးမလဲ ဆိုတာကို မေးခွန်းထုတ်နေကြပါတယ်။

ကိုးကား-Bangkok Post

ဆက်စပ်သတင်းများ

ဆောင်းပါး

ချင်မင်းဆက်အပေါ် ဝေဖန်ပြစ်တင်မှုများက ကွန်မြူနစ်ပါတီကို အဘယ်ကြောင့် ထိတ်လန့်စေသနည်း

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရောက်နေချိန်မှာ စစ်တပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။