Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူမြို့နယ် ကျေးရွာ ၃ရွာကို စစ်တပ် မီးရှို့ဖျက်ဆီး၊ ဒေသခံတစ်ဦး မီးရှို့သတ်ဖြတ်ခံရ

နိုဝင်ဘာ ၈ ရက်ကလည်း စစ်ကောင်စီတပ်က ဘအင်းသရက်တောရွာအား မီးရှို့ဖျက်ဆီးပြီး အမျိုးသား၂ ဦးအား သတ်ဖြတ်ကာ ၃ ဦးအား ဖမ်းဆီးသွားသည်။

(စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးခဲ့သည့် ကျောင်းကုန်းရွာအား တွေ့ရစဥ်။ဓာတ်ပုံ-ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့)
(စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးခဲ့သည့် ကျောင်းကုန်းရွာအား တွေ့ရစဥ်။ဓာတ်ပုံ-ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့)

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ကျေးရွာ ၃ရွာ ထပ်မံ မီးရှို့ဖျက်ဆီးခံရပြီး နေအိမ် ၁၃ဝ ကျော်ပျက်စီကာ ဒေသခံပြည်သူတစ်ဦးလည်း မီးရှို့သတ်ဖြတ်ခံရကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ ၉ ရက်က အင်အား ၁၂၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် ကန့်ဘလူမြို့နယ် ဇီးကုန်းတိုက်နယ်အတွင်းရှိ ကျောင်းကုန်း၊ဖိုလ်ကုန်း နှင့် သပြေသာကျေးရွာတို့အား မီးရှို့ဖျက်ဆီးခဲ့ရာ ကျောင်းကုန်းရွာ နေအိမ် ၄၃ လုံး၊ဖိုလ်ကုန်းရွာမှ နေအိမ် ၂၃ လုံးနှင့် သပြေသာရွာရှိ နေအိမ် ၆၇ လုံး စုစုပေါင်း နေအိမ် ၁၃၃လုံး မီးလောင်ပျက်စီးခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

(စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးခဲ့သည့် ကျောင်းကုန်းရွာအား တွေ့ရစဥ်။ဓာတ်ပုံ-ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့)
(စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးခဲ့သည့် ကျောင်းကုန်းရွာအား တွေ့ရစဥ်။ဓာတ်ပုံ-ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့)

ထို့အပြင် သပြေသာကျေးရွာ၌ မီးရှို့သတ်ခံရသည့် ရုပ်အလောင်းတစ်လောင်းတွေ့ရှိခဲ့ရပြီး အခြားပြည်သူတစ်ဦးလည်း ဖမ်းဆီးခံထားရကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

“မီးရှို့အသတ်ခံရတာက ကျားလားမလား အတိအကျမသိရသေးဘူး။”ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်သည် ကန့်ဘလူခရိုင်တွင်း လှည့်လည်စစ်ကြောင်းထိုးမီးရှို့နေသည်မှာ နှစ်ပတ်နီးပါး ရှိလာပြီဖြစ်ပြီး ဒေသခံပြည်သူ ၈၀၀၀ခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

(စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးခဲ့သည့် ကျောင်းကုန်းရွာအား တွေ့ရစဥ်။ဓာတ်ပုံ-ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့)
(စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးခဲ့သည့် ကျောင်းကုန်းရွာအား တွေ့ရစဥ်။ဓာတ်ပုံ-ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့)

နိုဝင်ဘာ ၈ ရက်ကလည်း စစ်ကောင်စီတပ်က ဘအင်းသရက်တောရွာအား မီးရှို့ဖျက်ဆီးပြီး အမျိုးသား၂ ဦးအား သတ်ဖြတ်ကာ ၃ ဦးအား ဖမ်းဆီးသွားသည်။

စစ်ကောင်စီတပ်သ​ည် ကန့်ဘလူမြို့နယ်တွင် နိုဝင်ဘာလဆန်းပိုင်းအတွင်း နေအိမ် ၈၀၀ နီးပါး မီးရှို့ဖျက်ဆီးပြီး ကျေးရွာ ၃ ရွာမှ ဒေသခံပြည်သူ ၉၂ ဦးအား ဖမ်းဆီးသွားကာ ယနေ့အထိ လွတ်မြောက်လာခြင်းမရှိသေးပေ။

ထို့အပြင် အောက်တိုဘာ ၂၈ ရက်က ကာဘိုးကျေးရွာမှ စစ်တပ်ဂိတ်တိုက်ခိုက်ခံရကာ စစ်သား ၃ ဦးသေဆုံးခဲ့ပြီးနောက် ကျေးရွာများ စစ်ကြောင်းထိုးမီးရှို့မှုများ ပြုလုပ်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ-၂၀၊၂၀၂၆၊ရှိန်း/People’s Spring စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်နဲ့ စစ်ကိုင်းမြို့နယ်က ကျေးရွာ ၃ရွာကို စစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသား တစ်ဦး သေဆုံးပြီး ၂ဦးဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဝက်လက်မြို့နယ်က မင်းဂန်ရွာနဲ့ စစ်ကိုင်းမြို့နယ်၊သာစည်နဲ့ ရွှေစည်းခုံရွာ​တွေကို စစ်တပ်ကဧပြီ ၁၉ရက် ည ၁၂နာရီ ကျော်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာလို့...

အတွေးအမြင်

လွတ်လပ်ရေးရပြီး ၁၉၅၈ ခုနောက်ပိုင်းကနေ ကနေ့အချိန်ထိ စုစုပေါင်း ၆၈ နှစ်လောက်ရဲ့ မြန်မာ့ နိုင်ငံရေးသမိုင်းကို ပြန်ကြည့်မယ်ဆိုရင် စစ်တပ်က အာဏာလက်လွှတ်ခဲ့တယ်ဆိုတာ မရှိသလောက်ကို ရှားပါးခဲ့ပါတယ်။

သတင်း

​စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စစ်တပ်ရဲ့ အတင်းအဓမ္မ ဖမ်းဆီးခြင်းခံခဲ့ရတဲ့ လူငယ်တစ်ဦးစစ်သင်တန်းဆင်းပြီးနောက် တပ်ရင်းသို့ ပို့ဆောင်ချိန် ထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်း မုံရွာခရိုင်၊ အမှတ် (၁၂)တပ်ရင်း၊ တပ်ခွဲ (၃)ရဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်မြို့နယ် သိုင်းငင်းကျေးရွာကို ရောက်လာတဲ့ စစ်ကောင်စီတပ်ဟာ အင်အား ၁၀၀ ခန့်ရှိကြောင်း တီးတိန်မြို့နယ်အခြေစိုက် PDF ဇိုလဲန်းတပ်ဖွဲ့ စစ်ဦးစီးချုပ် ကိုဂိဒွန်က ပြောပါတယ်။