Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က ကန့်ဘလူမြို့နယ် ကျေးရွာ ၂ရွာမီးရှို့ဖျက်ဆီးပြီး ပြည်သူ ၄၀ခန့် ဖမ်းဆီးသွား

ကျေးရွာများအတွင်း ဒရုန်းဖြင့် ဗုံးသီး ကြဲချခဲ့ရာ အိုင်ပေါင်းချောင်ကျေးရွာမှ အမျိုးသားတစ်ဦး ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

(စစ်ကောင်စီတပ် ဖျက်ဆီးမှုကြောင့် ပျက်စီးသွားသော ဘုန်းကြီးကျောင်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့)
(စစ်ကောင်စီတပ် ဖျက်ဆီးမှုကြောင့် ပျက်စီးသွားသော ဘုန်းကြီးကျောင်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့)

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ကျေးရွာ ၂ရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးပြီး ဒေသခံပြည်သူ ၄၀ခန့်အား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

ယမန်နေ့(အောက်တိုဘာ ၃၀ရက်) နေ့လည်ပိုင်းက ကန့်ဘလူမြို့နယ်၊ ကာဘိုးတိုက်နယ်အတွင်းရှိ ကျီစုရွာနှင့် ကျောက်တိုင်ကျေးရွာအား စစ်ကောင်စီတပ်နှင့်ပျူစောထီးပူးပေါင်းအင်အား ၁၆၀ ခန့်က ဝင်ရောက်မီးရှို့ဖျက်ဆီးသည့်အပြင် ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ ကျီစုကျေးရွာမှ ဘုန်းကြီးကျောင်း ၂ကျောင်းနှင့် နေအိမ် ၄၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

ထို့အပြင် ကျောက်တိုင်ကျေးရွာမှလည်း ဘုန်းကြီးကျောင်းတစ်ကျောင်း၊ စာသင်ဆောင်တစ်ဆောင်နှင့် နေအိမ် ၃၀၀ နီးပါး ပျက်စီးဆုံးရှုံးခဲ့ကြောင်း ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

“ကျီစုက အခုနဲ့ဆို ရှို့ခံရတာ သုံးကြိမ်၊ကျောက်တိုင်က နှစ်ကြိမ်ရှိပြီ။ ကျီစုက အရင်ရှို့ခံထားရတော့ အိမ်ခြေ ၂၀၀လောက်ကျန်တာ။ကျောက်တိုင်လည်း ၁၅၀လောက်ကျန်မှာပဲ။ နှစ်ရွာစလုံး ရှောင်နေရာကနေ အခုနောက်ပိုင်းမှ ကိုယ့်အိမ်ကွင်းနဲ့ကိုယ် အိမ်လေးတွေပြန်ဆောက်ပြီး နေကြတာ။ အခုတခါ စစ်ကြောင်းဝင်တော့ အရင်မရှို့ခံရတဲ့အိမ်တွေရော အကုန်ရှို့သွားတယ်တဲ့။”ဟု ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့တာဝန်ရှိသူက ပြောသည်။

(စစ်ကောင်စီတပ် ဖျက်ဆီးမှုကြောင့် ပျက်စီးသွားသော ဘုန်းကြီးကျောင်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့)
(စစ်ကောင်စီတပ် ဖျက်ဆီးမှုကြောင့် ပျက်စီးသွားသော ဘုန်းကြီးကျောင်းများအား တွေ့ရစဥ်။ ဓာတ်ပုံ – ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့)

ကျေးရွာများအတွင်း ဒရုန်းဖြင့် ဗုံးသီး ကြဲချခဲ့ရာ အိုင်ပေါင်းချောင်ကျေးရွာမှ အမျိုးသားတစ်ဦး ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် အိုင်ပေါင်းချောင်ကျေးရွာမှ ဘုန်းကြီးကျောင်းအတွင်း စစ်ရှောင်နေသည့် အမျိုးသား ၃၄ဦးနှင့် အမျိုးသမီး သုံးဦး၊စုစုပေါင်း ဒေသခံ ပြည်သူ ၃၇ ဦးအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

အဆိုပါ စစ်ကောင်စီတပ် စစ်ကြောင်းအန္တရာယ် ကြောင့် ပြည်သူထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ-၂၀၊၂၀၂၆၊ရှိန်း/People’s Spring စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်နဲ့ စစ်ကိုင်းမြို့နယ်က ကျေးရွာ ၃ရွာကို စစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသား တစ်ဦး သေဆုံးပြီး ၂ဦးဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဝက်လက်မြို့နယ်က မင်းဂန်ရွာနဲ့ စစ်ကိုင်းမြို့နယ်၊သာစည်နဲ့ ရွှေစည်းခုံရွာ​တွေကို စစ်တပ်ကဧပြီ ၁၉ရက် ည ၁၂နာရီ ကျော်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာလို့...

အတွေးအမြင်

လွတ်လပ်ရေးရပြီး ၁၉၅၈ ခုနောက်ပိုင်းကနေ ကနေ့အချိန်ထိ စုစုပေါင်း ၆၈ နှစ်လောက်ရဲ့ မြန်မာ့ နိုင်ငံရေးသမိုင်းကို ပြန်ကြည့်မယ်ဆိုရင် စစ်တပ်က အာဏာလက်လွှတ်ခဲ့တယ်ဆိုတာ မရှိသလောက်ကို ရှားပါးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်မြို့နယ် သိုင်းငင်းကျေးရွာကို ရောက်လာတဲ့ စစ်ကောင်စီတပ်ဟာ အင်အား ၁၀၀ ခန့်ရှိကြောင်း တီးတိန်မြို့နယ်အခြေစိုက် PDF ဇိုလဲန်းတပ်ဖွဲ့ စစ်ဦးစီးချုပ် ကိုဂိဒွန်က ပြောပါတယ်။

သတင်း

နိုင်ငံတကာကိုသွားရောက်ချိန်တိုင်းမှာ မြန်မာနိုင်ငံက စစ်အာဏာရှင်တွေရဲ့ ရက်စက်မှုတွေကို ဖော်ထုတ်ပြီး အာဏာရှင်စနစ်အဆုံးသတ်သည်အထိ ပါဝင်သွားမယ်လို့ တော်လှန်အနုပညာရှင် မေမြတ်နိုးက ကတိပေးလိုက်ပါတယ်။