Connect with us

Hi, what are you looking for?

သတင်း

ရှမ်းတဲလေတပ်စခန်းနှင့် ခြေမြန်တပ်မ(၉၉)တိုက်ခိုက်ခံရမှု စစ်အုပ်စုဝင်များ ထိခိုက်သေဆုံးမှုရှိ၊ အဆောက်အဦးအချို့ ပျက်စီး

လေကြောင်း အချက်ပြစက် ၃လုံးနှင့် ခဲယမ်းတပ်ဆင်သည့် စက် ၃လုံးပျက်စီးခဲ့ကြောင်း Voice Of Wundwin အဖွဲ့က ဆိုသည်။

ရှမ်းတဲလေတပ်စခန်းနှင့် ခြေမြန်တပ်မ(၉၉)တိုက်ခိုက်ခံရမှု စစ်အုပ်စုဝင်များ ထိခိုက်သေဆုံးမှုရှိ၊ အဆောက်အဦးအချို့ ပျက်စီး
ရှမ်းတဲလေတပ်စခန်းနှင့် ခြေမြန်တပ်မ(၉၉)တိုက်ခိုက်ခံရမှု စစ်အုပ်စုဝင်များ ထိခိုက်သေဆုံးမှုရှိ၊ အဆောက်အဦးအချို့ ပျက်စီး

ဇေအောင်/People’s Spring

စစ်ကောင်စီအဖွဲ့ဝင် အများအပြားစိုးမိုးထိန်းချုပ်ရာမြို့ဖြစ်သော မိတ္တီလာမြို့ရှိ ရှမ်းတဲလေတပ်စခန်းနှင့် ခြေမြန်တပ်မဌာနချုပ် အမှတ်(၉၉)အား ရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရမှုအတွင်း စစ်အုပ်စုဝင်များ ထိခိုက်သေဆုံးမှုရှိကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ ၁၁ ရက် နံနက် ၄နာရီ ၄၅မိနစ်ခန့်က မိတ္ထီလာမြို့ရှိ ရှမ်းတဲလေတပ်စခန်းနှင့် ခြေမြန်တပ်မဌာနချုပ် အမှတ်(၉၉)အား တော်လှန်ရေးတပ်များက ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသည်။ ရှမ်းတဲလေတပ်စခန်းနှင့် ခြေမြန်တပ်မဌာနချုပ် အမှတ်(၉၉)တို့သည် တော်လှန်ရေးအဖွဲ့များ၏ ပထမဆုံးအကြိမ် တိုက်ခိုက်ခံရမှုလည်း ဖြစ်သည်။

တိုက်ခိုက်မှုကြောင့် လေတပ်ထိန်းချုပ်ခွဲရုံးရှိသော စုမှူး ဗိုလ်ကြီး တစ်ဦးနှင့် စစ်သား လေးဦး နေရာတွင် သေဆုံးခဲ့ပြီး အဆောက်အဦးအချို့လည်း ပျက်စီးခဲ့ကြောင်း၊ ထို့အပြင် လေယာဥ်အပိုပစ္စည်းထားသည့် အဆောက်အအုံ မီးလောင်ပျက်စီးခဲ့၍ စက်ပြင်စစ်သား နှစ်ဦး မီးလောင်သေဆုံးခဲ့သည်ဟု သတင်းရရှိထားကြောင်း Voice Of Wundwin အဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် လေကြောင်း အချက်ပြစက် ၃လုံးနှင့် ခဲယမ်းတပ်ဆင်သည့် စက် ၃လုံးပျက်စီးခဲ့ကြောင်း Voice Of Wundwin အဖွဲ့က ဆိုသည်။

တပ်တွင်းသတင်းရင်းမြစ်နှင့် နီးစပ်သူတစ်ဦးကလည်း တိုက်ခိုက်မှုအတွင်း ရှော့တိုက်ဒုံး ၊ ကာမေကာဇေ Fix Wing ဒရုန်းများဖြင့် ၁၄လုံး ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ပြီး ရှမ်းတဲ လေဆိပ် Apron(ဥပစာ)နှင့် လေယာဥ်ထုတ်လုပ်လုပ်ပြင်ဆင်ရေးဌာနချုပ်(လထခ)ဘက်သို့ ၄လုံးခန့်ကျရောက်ခဲ့ကြောင်း၊ ရှမ်းတဲ လေတပ်စခန်းရှိ Y12 လေယာဥ်ထားသည့်ရုံဘေးကိုလည်း ကာမေကာဇေ Fix Wing ဒရုန်းတစ်လုံး ကျရောက်ကာ ထိခိုက်ပျက်စီးမှုရှိကြောင်း​ ပြောသည်။

တိုက်ခိုက်ခံရချိန်က မိတ္ထီလာမြို့ကောင်းကင်တွင် ​တောင်မှ ​မြောက်သို့ မီးတန်း ၁၀ခု ခန့်​တွေ့လိုက်ရပြီး ပေါက်ကွဲသံများကြားလိုက်ရကြောင်း ဒေသခံအချို့က ပြောသည်။

“ရန်ကုန် – မန္တလေးလမ်းဟောင်း Max & Petro 7 ဆီဆိုင်နားက (၃၀၅)အမြောက်တပ်ထဲလည်း ကျတယ်ပြောတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

သို့သော် စစ်အုပ်စု၏ သေဆုံးမှုများအား ထပ်မံအတည်ပြု၍ မရသေးပေ။

” ထီလာဆည်မြောင်းဘက်က ပလစ ၃တပ်ကို ပစ်တယ်လို့ အစောပိုင်းကနဦးတုန်းက ထင်ကြတာ။ အဲတပ်ဘက် ပစ်တာမဟုတ်ဘူး အဓိကက (၉၉)နဲ့ ရှမ်းတဲပစ်တာ”ဟု ဒေသခံက ပြောသည်။

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က မိတ္ထီ​လာမြို့တွင်း၊ မြို့ပြင် စစ်ဆေးရေး တင်းကြပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“မြို့နေရာအနှံ့စစ်ဆေးရေးတွေ လုပ်နေတယ်။ရှမ်းတဲနားက ရွာတွေဘက်မှာလည်း စစ်တာဆေးတာတွေလုပ်နေတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ရှမ်းတဲလေတပ်စခန်းသည် စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းများရှိ ကျေးရွာများအား လေကြောင်းတိုက်ခိုက်နေသည့် လေတပ်စခန်းတစ်ခုဖြစ်သည်။

နိုဝင်ဘာ ၅ ရက်ကလည်း ရန်ကုန်မြို့ရှိ မင်္ဂလာဒုံလေတပ်စခန်း၊ နိုဝင်ဘာ ၉ ရက်တွင် မှော်ဘီလေတပ်စခန်းတို့ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသေးသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံအနှံ့မှာ ခွဲထွက်ရေး အင်အားစုတွေနဲ့ ဂျီဟတ်ဝါဒီ စစ်သွေးကြွတွေရဲ့ အချိတ်အဆက်မိမိ တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးဝန်ကြီး သေဆုံးခဲ့ကြောင်း မာလီ အစိုးရက အတည်ပြုခဲ့ပါတယ်။

သတင်း

​မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အကျနေ့မှာ စစ်တပ်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို ပါရာမိုတာနဲ့ လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ထန်းသမားတစ်ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့က မရှီကထောင်ဆုတောင်းကုန်းအနီးမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ကောင်စီက Y8 လေယာဉ်နဲ့ လက်နက်ခဲယမ်းနဲ့ လူအင်အား ထပ်ပို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။