Connect with us

Hi, what are you looking for?

သတင်း

ဖယ်ခုံမြို့နယ်တွင် ဖမ်းဆီးခံထားရသည့်ဒေသခံ ၂၀၀ခန့်ကို စစ်တပ်က လမ်းပြနှင့်လူသားဒိုင်းအဖြစ် အသုံးပြုလာနိုင်ဟု KNDF ပြော

ဖယ်ခုံ – ပင်လောင်းမြို့နယ်နယ်စပ်သို့ စစ်ကောင်စီစစ် ကြောင်းထိုးမှု ကြောင့် စစ်ရှောင်ပြည်သူ ၂၀,၀၀၀ ထက်မနည်းရှိ ကြောင်းလည်း ကရင်နီအရပ်ဘက်လူမှုအဖွဲ့အစည်းများက ထုတ်ပြန်ထားသည်။

(၂၀၂၁အတွင်းက ဖယ်ခုံမြို့နယ် ရွှေပြည်အေးရွာမှ အမျိုးသားများကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားသည့် ပုံဟောင်းဖြစ်သည်။ဓာတ်ပုံ - CJ)
(၂၀၂၁အတွင်းက ဖယ်ခုံမြို့နယ် ရွှေပြည်အေးရွာမှ အမျိုးသားများကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားသည့် ပုံဟောင်းဖြစ်သည်။ဓာတ်ပုံ - CJ)

ရဲခေါင်/People’s Spring

ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်တွင် ဖမ်းဆီးခံထားရသော ဒေသခံပြည်သူ ၂၀၀ခန့်ကို စစ်ကောင်စီတပ်က လမ်းပြနှင့် လူသားဒိုင်းအဖြစ် အသုံးပြုလာနိုင်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

နိုဝင်ဘာ ၁၁ ရက်က ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် ပူချယ်ကျေးရွာမှ ကောက်ရိတ် ပြန်လာသော အရပ်သားပြည်သူ ၂၀၀ ထက် မနည်းအား ပင်လောင်း – ဖယ်ခုံမြို့နယ်တွင် စစ်ကြောင်းထိုးနေသာ စစ်ကောင်စီတပ်က မတရားဖမ်းဆီးခဲ့ကြောင်း ရှေ့တန်းမြေပြင် သတင်းများအရ KNDFက ကနဦး ထုတ်ပြန်ထား သည်။

“ဖမ်းဆီးသွားရတဲ့ ရည်ရွယ်ချက်ကို အတိအကျ မသိနိုင်ပေမယ့် စစ်ကြောင်းထိုးဖို့နေရာတွေမှာလမ်းပြခိုင်းတာတွေ လူသားဒိုင်းအနေနဲ့လည်း ဖြစ်လာနိုင်တယ်။အခုလို စစ်ရေးနဲ့ မပတ်သက်တဲ့ ပြည်သူတွေကို အဓမ္မဖမ်းဆီးသွားခြင်းဟာ စစ်ရာဇဝတ်မှု ကျူးလွန်တာလည်း ဖြစ်ပါတယ်”ဟု KNDF တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

ဖမ်းဆီးခံရသော ပြည်သူများအား စစ်ကောင်စီတပ်က ပင်လောင်းမြို့ အားကစားရုံးအတွင်း ထိန်းသိမ်းထားကြောင်း ကနဦးသိရှိရပြီး ဖမ်းစီးခံရသူ ပြည်သူများမှာ မည်သူမည်ဝါ ဖြစ်ကြောင်းနှင့် အမျိူးသား၊အမျိုးသမီး မည်မျှပါဝင်သည်ကို KNDFက စုံစမ်းနေဆဲ ဖြစ်သည်။

ဖယ်ခုံမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပင်လောင်း-ဖယ်ခုံမြို့နယ်ကြားရှိ နန့်ဖာမူ ၊ ပင်စုံ၊ လွုင်ကြိုင်း၊ ကုန်းပေါ၊ ဗန်းမောက်၊ ကျေးရွာများနှင့် ဖယ်ခုံမြို့ပေါ်ရပ်ကွက်ရှိ နေအိမ်များအား ဖောက်ထွင်း လုယက်ခြင်း၊ မီးရှို့ခြင်းများကို လုပ်ဆောင်ခဲ့ကြောင်း KNDFက ဆိုသည်။

“ပူချယ်၊ကုန်းဆောင်၊​ရွှေပြည်အေး၊ကဘဲ ရွာတွေက ပြည်သူတွေက လုပ်လက်စတောင်ယာတွေကို ပြန်ရိတ်သိမ်းတဲ့အချိန် စစ်ကောင်စီ စစ်ကြောင်း နဲ့ တွေ့ပြီး ဖမ်းခံရတာဖြစ်ပါတယ်”ဟု ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)၏ အတွင်းရေးမှူးဦးဗညားက လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီ၏ စစ်ကြောင်းထိုးရာ လမ်းလျှောက် တွင်လည်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု အကြိမ် (၁၀၀)ထက်မနည်း လုပ်ဆောင်ခဲ့သည့်အပြင်​ တိုက်ပွဲနှင့် မသက်ဆိုင် သည့် ကျေးရွာများ၊ စစ်ရှောင်စခန်းများကိုလည်း လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

နိုဝင်ဘာအတွင်း ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီ ၏ လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းဖြင့် တိုက်ခိုက်မှုတို့ကြောင့် (၈)နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် အရပ်သားပြည်သူ ခြောက်ဦးသေဆုံးခဲ့ရပြီး ငါးဦး ထိခိုက်ဒဏ်ရာရရှိထားသည်။

ထို့အပြင် စစ်ဖက်ရေးရာအချက်အလက်များအရ ပင်လောင်း- ဖယ်ခုံမြို့နယ်သို့ စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ်၏ မြေလှန်စစ်ကြောင်းထိုးမှုသည် သုံးလဝန်းကျင်ရှိပြီလည်း ဖြစ်သည်။

ဖယ်ခုံ – ပင်လောင်းမြို့နယ်နယ်စပ်သို့ စစ်ကောင်စီစစ် ကြောင်းထိုးမှု ကြောင့် စစ်ရှောင်ပြည်သူ ၂၀,၀၀၀ ထက်မနည်းရှိ ကြောင်းလည်း ကရင်နီအရပ်ဘက်လူမှုအဖွဲ့အစည်းများက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ်မှာ စစ်တပ်က အရပ်သားပြည်သူတွေကို လူသားဒိုင်းလုပ်ပြီး စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

တိုက်ပွဲပြင်းထန်နေတဲ့ကသာမြို့မှာ စစ်တပ်ရဲ့အဓိကစခန်းတစ်ခုကို တော်လှန်ရေးတပ်တွေကသိမ်းယူထားပြီး စစ်ကောင်စီက မြို့ခံတွေကို ထွက်ခွင့်မပေးဘဲ လူသားဒိုင်းလုပ်ထားတယ်လို့ သတင်းရရှိပါတယ်။

ဆောင်းပါး

လူသားဒိုင်းဆိုတဲ့ စကားလုံးဟာ စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း ကျယ်ကျယ်ပြန့်ပြန့် ကြားလာရတဲ့ စကားလုံးတစ်ခုပါ။ အထူးသဖြင့် အညာအပါအဝင် တော်လှန်ရေးအားကောင်းတဲ့ဒေသတွေမှာ မကြာခဏ ကြားနေကြရတာပါ။

သတင်း

စစ်ကောင်စီက တစ်နှစ်အတွင်း စစ်မှုထမ်းတပ်သားသစ်သောင်းချီ စုဆောင်းဖြည့်တင်းကာ စစ်မြေပြင်များ၌ လူသားဒိုင်းအဖြစ် အသုံးချသည့် ဗျူဟာကိုကျင့်သုံးနေကြောင်း CDM တပ်သား ကိုနောင်ရိုးက ဖွင့်ဟသည်။