Connect with us

Hi, what are you looking for?

သတင်း

ပင်လောင်းနှင့် ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် စစ်ကြောင်းထိုးမှုကြောင့် ဒေသခံပြည်သူ ၂၀,၀၀၀ခန့် ထွက်ပြေးတိမ်းရှောင်နေရ

ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီခြေမြန်တပ်ရင်း အမှတ်(၃၃၆)နှင့် (၄၂၁)တပ်ရင်းများရှိပြီး အမှတ်(၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ)လည်း အခြေစိုက်ထားသည်။

(ပင်လောင်း - ဖယ်ခုံမြို့နယ်စပ်၌ တွေ့ရသော စစ်ရှောင်ပြည်သူများ။ ဓာတ်ပုံ - CJ)
(ပင်လောင်း - ဖယ်ခုံမြို့နယ်စပ်၌ တွေ့ရသော စစ်ရှောင်ပြည်သူများ။ ဓာတ်ပုံ - CJ)

ရဲခေါင်/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းနှင့် ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ်(PNO)တို့ စစ်ကြောင်းထိုးလှုပ်ရှားမှုကြောင့် ထွက်ပြေးတိမ်းရှောင်ရသည့် ဒေသခံပြည်သူ ၂၀,၀၀၀ခန့်အထိရှိလာကြောင်း ကရင်နီလူမှုအသင်းအဖွဲ့များက ပြောသည်။

ပင်လောင်း – ဖယ်ခုံမြို့နယ်နယ်စပ်ရှိ နမ်းဖာမူ၊ လင်ခံ၊ လဲလောင်း၊ ပင်စုံ၊ကဘဲ၊ ပူချယ်၊ လွယ်ပတာ၊ဆောင်လန်၊ ဟိုဝိုး၊လွယ်ကျိုင်း၊ ဒေါပေါ်ကလဲ၊ ဟိုဖယ်၊ ဗန်းမောက်၊ ကုန်းပေါ စသည့် ကျေးရွာများအပြင် ဖယ်ခုံမြို့နယ်အတွင်း၌ပါ စစ်ကောင်စီတပ်နှင့် PNOတို့က ထိုးစစ်ဆင်နေသည်ဟု ဆိုသည်။

“လွိုင်ကော်ဘက်က စစ်ရှောင်တွေရော ဒေသခံတွေပါ ထပ်ပြီး စစ်ရှောင်ရတယ်။တစ်ရက်ထက်တစ်ရက် စစ်ရှောင် သူ ပိုများလာတယ်။စားနပ်ရိက္ခာရော နေဖို့အတွက်ပါ အကူအညီတွေပိုလိုလာတယ်”ဟု ဖယ်ခုံမြို့အခြေစိုက် စစ်ရှောင်ကူညီနေသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီနှင့် PNOတပ်သည် စစ်ကြောင်းထိုးစဥ် ရွာစဥ်အလိုက်မီးရှို့ခြင်းနှင့် အရပ်သားပြည်သူများ သတ်ဖြတ်မှုများရှိနေပြီး ပင်လောင်း – ဖယ်ခုံမြို့နယ်၌ သုံးလအတွင်းအရပ်သားသေဆုံးသူ ၂၀ ထက်မနည်းရှိကြောင်းလည်း ၎င်းက အသိပေးသည်။

ထို့အပြင် ပင်လောင်း – ဖယ်ခုံ – မိုးဗြဲနှင့် လွိုင်ကော်လမ်းပိုင်းကို ထိန်းချုပ်ရန် စစ်ကောင်စီက အမှတ်(၆၆)ခြေမြန်တပ်မဌာနချုပ်၏ တပ်မမှူး ဗိုလ်မှူးချုပ်ကျော်စိုးလင်းဦးစီးသည့် ဗျူဟာ နှစ်ခုကို စစ်ကူပို့ထားသည်ဟု စစ်ကောင်စီဝါဒ ဖြန့်သူများက ဆိုသည်။

ဖယ်ခုံမြို့ကို နယ်မြေစိုးမိုးနိုင်ရန် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် PNOတပ်က စစ်ကြောင်းသုံးခုဖြင့် စက်တင်ဘာလဆန်းပိုင်းကစ၍ မြေပြင်စစ်ကြောင်းထိုးခဲ့ပြီး တိုက်ပွဲများနေ့စဥ်ဖြစ်ပွားကာ နှစ်ဖက်ကျဆုံးမှုရှိကြောင်း ကရင်နီစစ်ရေးသတင်းရင်းမြစ်အချို့က ဆိုသည်။

ပင်လောင်း – ဖယ်ခုံမြို့နယ်တိုက်ပွဲနှင့်ပတ်သက်၍ နှစ်ဖက် သတင်းထုတ်ပြန်ခြင်းမရှိသေးဘဲ ကရင်နီတပ်ပေါင်းစုဘက်ကလည်း တိုက်ပွဲဖြစ်ပွားနေဆဲဟုသာ အသိပေးထားသည်။

ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီခြေမြန်တပ်ရင်း အမှတ်(၃၃၆)နှင့် (၄၂၁)တပ်ရင်းများရှိပြီး အမှတ်(၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ)လည်း အခြေစိုက်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းကတဆင့် ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ စစ်အုပ်စုအရာရှိတွေကို ရှင်းလင်းနိုင်ခဲ့ရင် ကျပ်သိန်း ၁၀၀ ကနေ ၁၀၀၀ အထိ ရာထူးအဆင့်ပေါ်မူတည်ပြီး ဆုပေးမယ်လို့ သရက်ခရိုင်ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တာ၀န်ခံကိုဗဟိန်းက ပြောကြားလိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမနဲ့ အနီးနေရာတွေကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကူအင်အား ၁,၅၀၀ ခန့်ရောက်ရှိပြီး တပ်ဖြန့်ကာ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် တန်ပြန်ထိုးစစ်ဆင်ဖို့ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းတွေပြင်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။