Connect with us

Hi, what are you looking for?

သတင်း

နောင်ချိုမြို့ကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်၍ ဒေသခံ ၂ဦး ထပ်မံသေဆုံး

ကုန်းကြီးရွာ လေကြောင်းတိုက်ခိုက်မှုတွင် (၂၃)နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး သေဆုံးပြီး အမျိုးသား ၂ဦး ဒဏ်ရာရခဲ့ကြောင်း TNLAက အသိပေးသည်။

(နောင်ချိုမြို့နယ်အား စစ်ကောင်စီလေကြောင်းတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)
(နောင်ချိုမြို့နယ်အား စစ်ကောင်စီလေကြောင်းတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)

▪️လေကြောင်းတိုက်ခိုက်မှုကြောင့် နိုဝင်ဘာအတွင်း နောင်ချိုဒေသခံ ၁၇ဦးအထိ သေဆုံး

ထားမြတ်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့ရာ အမျိုးသမီးတစ်ဦးအပါအဝင် ဒေသခံ ၂ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း တအာင်းတပ်မတော် (TNLA)က ထုတ်ပြန်သည်။

နိုဝင်ဘာ ၂၀ရက် ညနေပိုင်းတွင် စစ်ကောင်စီက နောင်ချိုမြို့နယ် ကုန်းကြီးကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့ပြီး ညသန်းခေါင်တွင် လည်း ကံကြီးကျေးရွာကို လေကြောင်း ထပ်မံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(နောင်ချိုမြို့နယ်အား စစ်ကောင်စီလေကြောင်းတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)
(နောင်ချိုမြို့နယ်အား စစ်ကောင်စီလေကြောင်းတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ – TNLA)

ကုန်းကြီးရွာ လေကြောင်းတိုက်ခိုက်မှုတွင် (၂၃)နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး သေဆုံးပြီး အမျိုးသား ၂ဦး ဒဏ်ရာရခဲ့ကြောင်း TNLAက အသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် ကံကြီးကျေးရွာလေကြောင်း တိုက်ခိုက်ခံရမှုတွင် အမျိုးသားတစ်ဦး သေဆုံးပြီး ၃ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

ကံကြီးကျေးရွာလေကြောင်းတိုက်ခိုက်မှုတွင် TNLA​၏ အရာရှိများ ထိခိုက်မှုရှိခဲ့သည်ဟု စစ်ကောင်စီ​၏ ဝါဒဖြန့်တယ်လီဂရမ်များတွင် ရေးသားနေသည်။

နောင်ချိုမြို့နယ် လေကြောင်းတိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီး TNLAထံ မေးမြန်းရာ ဆက် သွယ်ရာ၍ မရသေးပေ။

(နောင်ချိုမြို့နယ်အား စစ်ကောင်စီလေကြောင်းတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)
(နောင်ချိုမြို့နယ်အား စစ်ကောင်စီလေကြောင်းတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ – TNLA)

စစ်ကောင်စီတပ်သည် လေကြောင်းကိုအသုံးပြုပြီး နေ့စဥ်ရက်ဆက် ပြည်သူများကို ဦးတည်ပြီး ဗုံးကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သားသေဆုံးမှုများ ဆက်တိုက်ရှိနေရာ နောင်ချိုမြို့နယ်တွင် နိုဝင်ဘာ ၁ရက်မှ ၂၁ရက်အထိ ဒေသခံ (၁၇)ဦးသေဆုံးပြီး (၂၆)ဦး ဒဏ်ရာရခဲ့ကြောင်း TNLAက ထုတ်ပြန်သည်။

ထို့ပြင် ဒေသခံများ၏ နေအိမ်များစွာ ပျက်စီးခဲ့ရသည်ဟု ဆိုသည်။

TNLA ထိန်းချုပ်ထားသည့် မိုးကုတ်၊ မိုင်းငေါ့၊ ကွတ်ခိုင်မြို့များကိုလည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူများစွာ သေဆုံးထိခိုက်ခဲ့ရသည်။

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် ပြည်သူများအနေဖြင့် စစ်ရေးသတိရှိရန်၊ လူစုလူဝေးမပြုလုပ်ကြရန်နှင့် လေကြောင်းရန် ကာကွယ်မှုဆိုင်ရာ အသိပေးထုတ်ပြန်ချက်များ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း TNLAက ထပ်မံသတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဖျက်အားပြင်း ဗုံးတွေအပါအဝင် ဗုံးအလုံး ၆၀ ကျော်ကြဲချ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။