Connect with us

Hi, what are you looking for?

သတင်း

မိုင်းကိုင်မြို့နယ်ရှိ SSPPတပ်စခန်းငယ် ၂ခုကို RCSSကတိုက်ခိုက်ပြီး တပ်ဖွဲ့ဝင် ၈ဦးဖမ်းဆီး

SSPPနှင့် RCSS ရှမ်းတပ်နှစ်ဖွဲ့လုံးသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့် ထိတွေ့ဆွေးနွေးနေသည့် တပ်ဖွဲ့များ ဖြစ်သည်။

(မိုင်းကိုင်မြို့နယ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA)​၏ တိုက်ခိုက်ခံရသော နေရာများအား တွေ့ရစဉ်။ ဓာတ်ပုံ - SSPP)
(မိုင်းကိုင်မြို့နယ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA)​၏ တိုက်ခိုက်ခံရသော နေရာများအား တွေ့ရစဉ်။ ဓာတ်ပုံ - SSPP)

ထားမြတ်/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA)​၏ တပ်စခန်းငယ်နှစ်ခုကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)က တိုက်ခိုက်လာကြောင်း SSPPက ထုတ်ပြန်သည်။

နိုဝင်ဘာ ၂၅ရက် နံနက် ၅နာရီခွဲတွင် RCSS စစ်ကြောင်း ၂ခုသည် မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စု ပန်ပွဲကျေးရွာအနီးရှိ SSPP/SSA တပ်စခန်းငယ်နှစ်ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

(မိုင်းကိုင်မြို့နယ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA)​၏ တိုက်ခိုက်ခံရသော နေရာများအား တွေ့ရစဉ်။ ဓာတ်ပုံ - SSPP)
(မိုင်းကိုင်မြို့နယ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA)​၏ တိုက်ခိုက်ခံရသော နေရာများအား တွေ့ရစဉ်။ ဓာတ်ပုံ – SSPP)

အဆိုပါ တပ်စခန်း ၂ခုတိုက်ခိုက်ပြီး SSPP တပ်သား ၄ဦးကို ဖမ်းခေါ်သွားပြီး RCSS စစ်ကြောင်းတစ်ခုက ပန်ပွဲကျေးရွာအတွင်းရှိ SSPP တပ်ဖွဲ့ဝင် ၄ဦးနှင့် ဒေသခံတစ်ဦးကို ထပ်မံ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

SSPP တပ်စခန်းသုံး မော်တောဆိုင်ကယ်(၄)စီး၊ ကားတစ်စီး အပါအဝင် စခန်းများကို RCSSက မီးရှိူ့ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။

(မိုင်းကိုင်မြို့နယ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA)​၏ တိုက်ခိုက်ခံရသော နေရာများအား တွေ့ရစဉ်။ ဓာတ်ပုံ - SSPP)
(မိုင်းကိုင်မြို့နယ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA)​၏ တိုက်ခိုက်ခံရသော နေရာများအား တွေ့ရစဉ်။ ဓာတ်ပုံ – SSPP)

ထို့ပြင် ပန်ပွဲကျေးရွာကော်မတီဝင်တစ် ဦး၏ နေအိမ်ကို လက်နက်ကြီး၊ငယ်ဖြင့် ပစ်ခတ် တိုက်ခိုက်ပြီး အိမ်ရှင်ကို ပစ်ခတ်သတ်ဖြတ်ကာ နေအိမ်ကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု SSPPက ထုတ်ပြန်သည်။

နေအိမ်အတွင်းရှိ အဖိုးတန် ရွှေငွေပစ္စည်းများကိုလည်း RCSSက မွှေနှောက်ယူဆောင်သွားသည်ဟု ဖော်ပြသည်။

ပန်ပွဲကျေးရွာအနောက်ဖက်ရှိ ဒေသခံပြည်သူတစ်ဦး၏ ကုန်စုံဆိုင်ကိုလည်း RCSSက ဖျက်ဆီးပြီး ဆိုင်အတွင်းရှိ စားသောက်ဖွယ်ရာကုန်ပစ္စည်းများနှင့် ရွှေငွေများကိုယူဆောင်သွားဟု SSPPက ထုတ်ပြန်သည်။

(မိုင်းကိုင်မြို့နယ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA)​၏ တိုက်ခိုက်ခံရသော နေရာများအား တွေ့ရစဉ်။ ဓာတ်ပုံ - SSPP)
(မိုင်းကိုင်မြို့နယ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA)​၏ တိုက်ခိုက်ခံရသော နေရာများအား တွေ့ရစဉ်။ ဓာတ်ပုံ – SSPP)

မိုင်းကိုင်မြို့၌ တိုက်ပွဲဖြစ်ပွားမှုနှင့်ပတ်သက်ပြီး RCSS ဘက်က သတင်းထုတ်ပြန်မှု တစုံတရာ မတွေ့ရသေးပေ။

SSPPနှင့် RCSSသည် ၂၀၂၃ နိုဝင်ဘာတွင် အပစ်အခတ်ရပ်စဲကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သော်လည်း ၂၀၂၄ မတ်လမှစ၍ တိုက်ပွဲဖြစ်ပွားမှုများ ရှိခဲ့သည်။

SSPPနှင့် RCSS ရှမ်းတပ်နှစ်ဖွဲ့လုံးသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့် ထိတွေ့ဆွေးနွေးနေသည့် တပ်ဖွဲ့များ ဖြစ်သည်။

ရှမ်းတပ်အချင်းချင်းအကြား တိုက်ပွဲဖြစ်ပွားမှုများရှိသော်လည်း နှစ်ဖွဲ့စလုံးသည် စစ်ကောင်စီတပ်ကို တိုက်ခိုက်သည့် တိုက်ပွဲများကြီကြီးမားမားမရှိပေ။

ဆက်စပ်သတင်းများ

သတင်း

လက်ရှိရရှိထားတဲ့ ငြိမ်းချမ်းရေးရလဒ်တွေ တည်ငြိမ်မှုရှိစေဖို့ ဆက်လက်ထိန်းသိမ်းထားပြီး နယ်မြေ တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေမယ့် အခြားလက်နက်ကိုင်အဖွဲများနဲ့ ပူးပေါင်းပါဝင်ပါတ်သက်မှု မရှိစေရေး ထိန်းသိမ်းဆောင်ရွက်သွားဖို့ စစ်ကောင်စီ ဘက်က ဆွေးနွေးလာကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)က ဒီကနေ့ ဇွန်လ ၁၇ရက်ညမှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)နဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဇွန် ၁၂ရက်က နေပြည်တော်မှာ တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီ ဝါဒဖြန့် မီဒီယာတွေက ဖော်ပြပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အာရက္ခတပ်တော်(AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA) လားရှိုးဆက်ဆံရေးရုံးတို့က အလှူငွေတွေ ပေးအပ်ခဲ့ကြောင်း ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ် ခိုလမ်ဒေသ ခိုအွတ်ကျေးရွာအုပ်စု ဝမ့်နန်းကျေးရွာကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်နဲ့အဖွဲ့ ရောက်ရှိပြီး ဒေသခံတွေနဲ့ တွေ့ဆုံစဉ် စစ်တပ်က တိုက်လေယာဉ်နဲ့ အနီးကပ်ပျံသန်းခြိမ်းခြောက်ခဲ့ကြောင်း RCSSက ဒီကနေ့ မေလ ၂၈ရက်မှာ ထုတ်ပြန်ပါတယ်။