Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့ရှိ စစ်ကောင်စီတပ်စွဲရာ ရပ်ကွက်ရုံးအား တော်လှန်ရေးရဲဘော်တစ်ဦးက တစ်ကိုယ်တော် ဝင်ပစ်

စစ်ကောင်စီက မီတာခမဆောင်ဟုဆိုကာ မုံရွာမြို့ပေါ်ရှိနေအိမ်များမှ လျှပ်စစ်မီတာပုံများအား အင်အားအများအပြားဖြင့် လိုက်လံဖြုတ်သိမ်းနေသည်။

(ပစ်ခတ်မှုခံရသည့် အလယ်ရပ်ကွက်ရုံးအား တွေ့ရစဥ်။(ပုံအဟောင်း)ဓာတ်ပုံ - CJ)
(ပစ်ခတ်မှုခံရသည့် အလယ်ရပ်ကွက်ရုံးအား တွေ့ရစဥ်။(ပုံအဟောင်း)ဓာတ်ပုံ - CJ)

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲရာ ရပ်ကွက်ရုံးအား တော်လှန်ရေးရဲဘော်တစ်ဦးက တစ်ကိုယ်တော် ဝင်ရောက်ပစ်ခတ်ရာ စစ်အုပ်စုဝင်များ ထိခိုက်မှုရှိကြောင်း ဒေသခံများက ပြောသည်။

ယနေ့(နိုဝင်ဘာ ၂၉ ရက်) နံနက်ပိုင်းက မုံရွာမြို့ပေါ်ရှိ စစ်ကောင်စီတပ်သားများအထိုင်ချရာ အလယ်ရပ်ကွက်ရုံးအား ရဲဘော်တစ်ဦးက ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်အုပ်စုဝင် တစ်ဦး ကျည်ထိမှန်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“တကိုယ်တော်ဝင်ပစ်သွားတာ။ ငွေတောင်းတဲ့စခ ထိတယ်။ ရဲဘော်ဘေးကင်းတယ် ပြောတယ်။”ဟု မုံရွာမြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ရပ်ကွက်ရုံးပစ်ခတ်ခံရပြီးနောက် ရုံးရှေ့လမ်းအား စစ်ကောင်စီက ပိတ်ထားလိုက်ကြောင်း သိရသည်။

အဆိုပါပစ်ခတ်မှုအား မည်သည့်အဖွဲ့က ပြုလုပ်သွားသည်ကို မသိရသေးပေ။

ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက မီတာခမဆောင်ဟုဆိုကာ မုံရွာမြို့ပေါ်ရှိနေအိမ်များမှ လျှပ်စစ်မီတာပုံများအား အင်အားအများအပြားဖြင့် လိုက်လံဖြုတ်သိမ်းနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...

သတင်း

အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့်အခမ်းအနားကျင်းပခဲ့ကြောင်း SOFက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး ပြည်သူ့ဘက်ရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ SOF တပ်ဖွဲ့မှူး ရဲဘော်အောင်စံရှားက ပြောပါတယ်။