Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့တွင် စစ်ကောင်စီက မီတာပုံးများလိုက်ဖြုတ်၍ ဝါယာရှော့ဖြစ်ပြီး မီးလောင်

မီးလောင်မှုကို ရပ်ကွက်ဒေသခံများက ဝိုင်းဝန်းမီးငြှိမ်းသတ်ပေးခဲ့ကြောင်း၊ မီးသတ်ကားများမှာမီးငြိမ်းမှရောက်ရှိလာခဲ့ကြောင်း ဒေသခံများက ပြောသည်။

(လျှပ်စစ်မီတာနံပါတ်ကိုကြည့်ရှုနေသည့် အမျိုးသားတစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ - အေအက်ပီ)
(လျှပ်စစ်မီတာနံပါတ်ကိုကြည့်ရှုနေသည့် အမျိုးသားတစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ - အေအက်ပီ)

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် လျှပ်စစ်မီတာပုံးလိုက်လံဖြုတ်သိမ်းနေသော စစ်ကောင်စီအဖွဲ့က မီးကြိုးများ စနစ်တကျသိမ်းမသွား၍ ဝါယာရှော့ဖြစ်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

နိုဝင်ဘာ ၂၈ရက်က မုံရွာမြို့ပေါ်ရှိ နေအိမ်များအား မီတာမဆောင်၍ဆိုကာ စစ်ကောင်စီက မီတာပုံးများ လိုက်လံဖြုတ်သိမ်းခဲ့သည်။ ထိုသို့လိုက်လံဖြုတ်သိမ်းစဥ် ဗိုလ်ချုပ်လမ်းရှိ နေအိမ်တစ်လုံးမှ မီတာဖြုတ်စဥ် မီးကြိုးများအား သိမ်းဆည်းမထားဘဲ ချထားခဲ့၍ ညပိုင်းတွင် မီးလာစဥ် ဝါယာရှော့ဖြစ်ကာ မီးလောင်ကျွမ်းခဲ့ကြောင်း ဒေသခံများက ပြောသည်။

“မီတာရုံးကနေ ကြိုးဖြုတ်သွားတာ။ ကြိုးစကို ဒီတိုင်းထားခဲ့တော့ ညနေ မီးလာတဲ့အချိန် ရှော့ဖြစ်ပြီးမီးလောင်တာ။”ဟု မုံရွာကင်းထောက်များအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

မီးလောင်မှုကို ရပ်ကွက်ဒေသခံများက ဝိုင်းဝန်းမီးငြှိမ်းသတ်ပေးခဲ့ကြောင်း၊ မီးသတ်ကားများမှာမီးငြိမ်းမှရောက်ရှိလာခဲ့ကြောင်း ဒေသခံများက ပြောသည်။

မုံရွာမြို့တွင် စစ်ကောင်စီက မီတာမဆောင်၍ဆိုကာ နေအိမ်များအပါအဝင် မီးသတ်ရုံး၊ ရပ်ကွက်ရုံးတို့ရှိ မီတာပုံးများပါ လိုက်လံဖြုတ်သိမ်းနေသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီအား ဘဏ္ဍာငွေဖြတ်တောက်သည့်လှုပ်ရှားမှုအဖြစ် လျှပ်စစ်မီတာခများ မပေးဆောင်ရန် လှုပ်ရှားမှုပြုလုပ်ခဲ့ရာ မုံရွာမြို့နေပြည်သူများမှာ လေးနှစ်နီးပါး မီတာခပေးဆောင်ခြင်းမရှိဘဲ ပါဝင်ခဲ့ကြကြောင်း သိရသည်။

စစ်ကောင်စီက မီတာခများ အတင်းအကြပ် ကောက်ခံနေသော်လည်း လျှပ်စစ်မီးရရှိမှုမှာ မုံရွာမြို့တွင် တစ်ရက် ၃ နာရီခန့်သာ ရရှိကြောင်း မြို့ခံများက ပြောသည်။

၂၀၂၂ ဇွန်လအတွင်းက မုံရွာမြို့တွင် လျှပ်စစ်မီတာပုံးများလိုက်လံဖြုတ်သိမ်းသည့် မုံရွာမြို့နယ်လျှပ်စစ်မန်​နေဂျာရုံးမှ လက်ထောက်ကြီးကြပ်ရေးမှူးဦးနိုင်ဆန်းလင်းနှင့်ဒုလက်ထောက်ကြီးကြပ်ရေးမှူးဦးနေဝင်းထွန်းတို့ သေနတ်ဖြင့်ပစ်ခံရပြီး တစ်ဦးကျည်ထိမှန်ဒဏ်ရာရခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံမှာ အထည်အလိပ်စက်ရုံ မီးလောင်မှု ဖြစ်ပွားပြီး လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

မိုးပျံရထားလမ်း တစ်နေရာမှာ မီးလောင်မှု ဖြစ်ပွားရာက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပြေးဆွဲနေတဲ့ MRT ရထားခရီးစဉ် တချို့ကို ဆိုင်းငံ့ခဲ့ရပါတယ်။

သတင်း

ရန်ကုန်မြို့၊စမ်းချောင်းမြို့နယ်က Bar4U ဆိုင်မီးလောင်ခဲ့ပြီး အမျိုးသား ၂ ဦး​သေဆုံးတယ်လို့ သွားရောက်ကူညီတဲ့ လူမှုကူညီရေးအဖွဲ့ဝင်​တွေကပြောပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံမှာ အပြင်းအထန် မီးလောင်ခဲ့တဲ့ ကူးတို့ရေယာဉ်ပေါ်ကို နာရီပေါင်း ၄၀ လောက် ကြာပြီးမှသာ ကယ်ဆယ်ရေး အဖွဲ့တွေ တက်ရောက်နိုင်ခဲ့ပါတယ်။

Facebook