Connect with us

Hi, what are you looking for?

News

မြန်မာစစ်တပ်၏ ဖိနှိပ်မှုများအဆုံးသတ်​ရေး ဝိုင်းဝန်းကူညီကြရန် ကုလတိုက်တွန်း

မြန်မာစစ်တပ်အနေဖြင့် ပြည်သူများ၏ ဆန္ဒကိုလေးစားရန် နှင့် နိုင်ငံ၏ အေးချမ်းတည်ငြိမ်ရေးကို အလေးထား၍ ဆောင်ရွက်ရန် ထပ်မံတိုက်တွန်း

မြန်မာစစ်တပ်၏ ဖိနှိပ်မှုများ အဆုံးသတ်ရေး ဒေသတွင်းအဆင့် ကြိုးပမ်းအားထုတ်မှုများကို ပံ့ပိုးကူညီပေးရန် အထွေထွေအတွင်းရေးမှူးချုပ်၏​ပြော​ရေးဆိုခွင့်ပုဂ္ဂိုလ်က နိုင်ငံတကာသို့ တိုက်တွန်း​တောင်းဆိုလိုက်​​ကြောင်း ယ​နေ့တွင် ထုတ်ပြန်သည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်မှ မြန်မာနိုင်ငံဆိုင်ရာ ထုတ်ပြန်ချက်အပြည့်အစုံမှာ ​အောက်ပါအတိုင်းဖြစ် သည်။

စစ်တပ်မှ အာဏာသိမ်းယူပြီး ရက်ပေါင်းတစ်ရာ ပြည့်လာချိန်တွင် အရပ်သားရာနှင့်ချီ သေဆုံးခဲ့ရပြီး တရားဥပဒေမဲ့ ဖမ်းဆီးခြင်းနှင့် အခြားလူ့အခွင့်အရေးချိုးဖောက်မှုပေါင်းများစွာ ဖြစ်ပေါ်ခဲ့ရာ ကုလသမဂ္ဂအထွေထွေအတွင်းရေးချုပ်က မြန်မာစစ်တပ်အနေဖြင့် ပြည်သူများ၏ ဆန္ဒကိုလေးစားရန် နှင့် နိုင်ငံ၏ အေးချမ်းတည်ငြိမ်ရေးကို အလေးထား၍ ဆောင်ရွက်ရန် ထပ်မံတိုက်တွန်းလိုက်ပါ သည်။

ထို့ပြင်အာဆီယံအသင်းကိုလည်း ၎င်းတို့ ဆောင်ရွက်နေသည့်ကိစ္စများအား အချိန်မဆိုင်းဘဲ ဆက် လက်လုပ်ဆောင်ရန်နှင့် နိုင်ငံတကာအသိုင်းအဝိုင်းကိုလည်း စစ်တပ်၏ ဖိနှိပ်မှုများ အဆုံးသတ်ရေး ဒေသတွင်းအဆင့် ကြိုးပမ်းအားထုတ်မှုများကို ပံ့ပိုးကူညီပေးရန် အထွေထွေအတွင်းရေးမှူးချုပ်က တိုက်တွန်းအားပေးပါသည်။ နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် တိုးပွားလာသော လူသားချင်း စာနာထောက်ထားမှု လိုအပ်ချက်များကို တုံ့ပြန်ဖြေဆည်းပေးကြရန်လည်း တိုက်တွန်းပါသည်။

Public Service Announcement

Public Service Announcement

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် Christine Schraner Burgener သည် ယခုအချိန်တွင် အာဆီယံဒေသသို့ ရောက်ရှိနေပြီး မြန်မာနိုင်ငံအကျပ်အတည်းကြောင့် ပိုမို ကျယ်ပြန့်သော ရိုက်ခတ်မှုများ ဖြစ်ပေါ်နိုင်သောကြောင့် အဓိကကျသည့် အကျိုးဆက်စပ်သက်ဆိုင်သူ အမျိုးမျိုးနှင့် အားသွန်ခွန်စိုက် ဆွေးနွေးညှိနှိုင်းနေပါသည်။ သူမအနေဖြင့် နိုင်ငံတကာလုပ်ဆောင်မှုများ အချိတ်အဆက်မိမိဖြစ်စေရေး ဆက်လက်အားပေးဆောင်ရွက်နေပါသည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်သည် မြန်မာပြည်သူများနှင့်အတူ ဆက်လက်ရပ်တည် သွားမည်ဖြစ်ပါသည်။

ဆက်စပ်သတင်းများ

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အိန္ဒိသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ တော်လှန်ပြည်သူတွေ ပူးပေါင်းပြီး အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်တပ်အပေါ် အသိအမှတ်ပြုဆက်ဆံနေခြင်းနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေခြင်းတို့ကို ကန့်ကွက်ရှုတ်ချတဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီကနေ့ (ဇွန် ၁၀) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

မြန်မာစစ်တပ်လက်နက်ပွဲစား ကျော်မင်းဦးရဲ့ကုမ္ပဏီတွေကို ထိုင်းစတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီ Advanced Connection Corporation Public Company Limited (ACC)ကရှယ်ယာရောင်းမယ့်ကိစ္စကို ထိုင်းနိုင်ငံရဲ့ ‌ချေးငွေသက်သေခံလက်မှတ်နှင့် လဲလှယ်ရေးကော်မရှင် (SEC)က ဆိုင်းငံ့လိုက်တဲ့အပေါ် Justice For Myanmar (JFM) က ကြိုဆိုလိုက်ပါတယ်။

သတင်း

ကုလသမဂ္ဂက အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၀ ကျော်ရဲ့ နိုင်ငံ့အကြီးအကဲ၊ အစိုးရခေါင်းဆောင်၊ နိုင်ငံခြားရေးဝန်ကြီးတွေကို အသိအမှတ်ပြုစာရင်းထုတ်ပြန်ရာမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံ့အကြီးအကဲနေရာမှာ သမ္မတဦးဝင်းမြင့်၊ နိုင်ငံခြားရေးဝန်ကြီးနေရာမှာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို ဆက်လက်ထားရှိပါတယ်။

သတင်း

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအခြေအနေ အထူးအစီရင်ခံစာတင်သွင်းသူ(Special Rapporteur)အဖြစ် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီဥက္ကဋ္ဌ အဆိုပြုခဲ့တဲ့ အမေရိကန်နိုင်ငံသူ မစ္စစ်ကယ်လီအန်းကို မတ်လ ၃၁ရက် မနေ့က အတည်ပြုခန့်အပ်လိုက်ပါတယ်။