Connect with us

Hi, what are you looking for?

သတင်း

ငါန်းဇွန်မြို့နယ်လေကြောင်းတိုက်ခိုက်မှု ဒေသခံနှစ်ဦး သေဆုံး၊ခြောက်ဦးထက်မနည်း ဒဏ်ရာရ

သားကျင်ကျေးရွာအနီးရှိ ငါန်းမြာကြီးကျေးရွာစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက သြဂုတ် ၁၉ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

(ငါန်းဇွန်မြို့နယ် မင်းဂျီ(မဂျီ)ရွာအား စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၂၃ ရက်တွင် မီးရှို့ဖျက်ဆီးနေစဉ်။ ဓာတ်ပုံ - CJ)
(ငါန်းဇွန်မြို့နယ် မင်းဂျီ(မဂျီ)ရွာအား စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၂၃ ရက်တွင် မီးရှို့ဖျက်ဆီးနေစဉ်။ ဓာတ်ပုံ - CJ)

ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့၍ ဒေသခံ အမျိုးသားနှစ်ဦးသေဆုံးပြီး ခြောက်ဦးထက်မနည်း ဒဏ်ရာရရှိကြောင်း ဒေသခံများက ပြောသည်။

ဒီဇင်ဘာ၅ရက် ည ၉နာရီခန့်ကစ၍ ၁၁နာရီခန့်အထိ စစ်ကောင်စီက ငါန်းဇွန်မြို့ပေါ်အနောက် ပိုင်းနှင့် သားကျင်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဟု ဒေသခံများက ပြောသည်။ သေဆုံးသူများ၏

ထို့အပြင် နေအိမ်များလည်း မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“သူတို့က မီးအလင်းရောင်ရှိတဲ့နေရာကို ပစ်တာ။ ဘုန်းကြီးကျောင်းပေါ် တစ်ခုရယ်။ ပြည်သူတွေရှိတဲ့နေရာကို ရမ်းပစ်သွားတာ”ဟု အားမာန်သစ် ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မီးလောင်ပျက်စီးခဲ့သည့် နေအိမ်အရေအတွ​က်ကိူမူ မသိရသေးပေ။

အလားတူ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် တွင်လည်း စစ်ကောင်စီက ဒီဇင်ဘာ ၂ ရက်မှ ၅ ရက်အတွင်း လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁၁ ဦးထက်မနည်း သေဆုံးခဲ့သေးသည်။

စစ်ကောင်စီသည် စစ်ရေးအပါအဝင် အဘက်ဘက်မှရှုံးနိမ့်နေ၍ တော်လှန်ရေးအဖွဲ့များသိမ်းပိုက်ထားသောဒေသများ၊ တော်လှန်ရေးအားကောင်းသောဒေသများအား လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည်။

ထို့အပြင် သားကျင်ကျေးရွာအနီးရှိ ငါန်းမြာကြီးကျေးရွာစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက သြဂုတ် ၁၉ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

စစ်တပ်ကလည်း စက်တင်ဘာအ​တွင်းကစ၍ ငါန်းမြာကြီးကျေးရွာစခန်းကို ပြန်လည်ရရှိရန် တိုက်စစ်ဆင်ခဲ့ရာ စက်တင်ဘာ ၂၀ရက်တွင် လေကြောင်းတိုက်ခိုက်ခဲ့၍ ပြည်သူ ၁၄ ဦး သေဆုံးခဲ့သေးသည်။

ငါန်းမြာကြီးစခန်းကိုမူ စစ်တပ်က အောက်တိုဘာ ၂၁ ရက်တွင် ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၁ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။