Connect with us

Hi, what are you looking for?

သတင်း

ငါန်းဇွန်မြို့နယ် မြေတိုင်းရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်၍ (၆)နှစ်အရွယ်ကလေးတစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရ

နိုဝင်ဘာ ၁၁ ရက်ညကလည်း စစ်ကောင်စီတပ်က မြင်းခြံမြို့နယ်၊ ကွမ်းစိုက်ရွာ၊ ကူရွာနှင့် ခြေဆေးကျေးရွာတို့ကိုပါ လေကြောင်းမှ ဗုံးသီးအလုံးရေ ၇၀ကျော် ကြဲချတိုက်ခိုက်ခဲ့ရာ ထိခိုက်ပျက်စီးမှုများရှိကြောင်း ​ဒေသခံများက ပြောသည်။

ငါန်းဇွန်မြို့နယ် မြေတိုင်းရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်၍ (၆)နှစ်အရွယ်ကလေးတစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရ
ငါန်းဇွန်မြို့နယ် မြေတိုင်းရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်၍ (၆)နှစ်အရွယ်ကလေးတစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရ

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်ရှိ မြေတိုင်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ (၆)နှစ် အရွယ်ကလေးတစ်ဦးသေဆုံးပြီး ပြည်သူသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ ၁၃ရက် ည ၁၀နာရီခန့်က မြေတိုင်းကျေးရွာကို စစ်ကောင်စီတပ်က Y12 ​​လေယာဥ် ဖြင့် ဗုံးသီးအလုံး ၄၀ခန့် ကြဲချတိုက်ခိုက်ခဲ့ရာ (၆)နှစ်အရွယ် ကလေးတစ်ဦးသေဆုံးပြီး ပြည်သူ သုံးဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“တိုက်ပွဲ ဘာမှမရှိဘဲ ပြည်သူ့အိမ်တွေ တိုက်သွားတာ။ ပြည်သူမိန်းကလေးတစ်ဦးသေတယ်။ ငယ်ငယ်လေးရှိသေးတယ်။ ၆ နှစ်သားအရွယ်။ ယောကျာ်း၂ဦးနဲ့ မိန်းမတစ်ဦးလည်း ထိခိုက် ဒဏ်ရာရတယ်”ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် နေအိမ်များလည်းပျက်စီးခဲ့ပြီး စာရင်းသွားရောက်ကောက်ယူနေကြောင်း ဒေသခံအဖွဲ့အစည်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အလားတူ ည ၉နာရီ၃၅မိနစ်ခန့်ကစ၍ ငါန်းဇွန်မြို့နယ်၊ ဆင်ဖြူကုန်းရွာကို Y12လေယာဥ်ဖြင့် ဗုံးသီး အလုံး ၃၀ကျော်ချကာ တိုက်ခိုက်ခဲ့ပြီး အထိအခိုက်မသိရသေးကြောင်းဒေသတွင်းကင်းထောက်ရဲဘော်အချို့က ပြောသည်။

လေကြောင်းတိုက်ခိုက်ချိန် တိုက်ပွဲဖြစ်ပွားခြင်းမရှိကြောင်း ဒေသတွင်းအဖွဲ့အစည်းများက ပြောသည်။

နိုဝင်ဘာ ၁၃ ရက် နံနက် ၃ နာရီခွဲခန့်ကလည်း ငါန်းဇွန်မြို့မှ မြို့သာဘက်သို့ ထွက်ခွာလာသော စစ်ကား ၄ စီးအား မိုင်းကြီး၄ပွိုင့်ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကားတစ်စီး ပျက်စီးပြီး ကားပေါ်ပါ စစ်အုပ်စုဝင်များ ထိခိုက်သေဆုံးမှုရှိကြောင်း ငါန်းဇွန်အခြေစိုက် TGYR ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

နိုဝင်ဘာ ၁၁ ရက်ညကလည်း စစ်ကောင်စီတပ်က မြင်းခြံမြို့နယ်၊ ကွမ်းစိုက်ရွာ၊ ကူရွာနှင့် ခြေဆေးကျေးရွာတို့ကိုပါ လေကြောင်းမှ ဗုံးသီးအလုံးရေ ၇၀ကျော် ကြဲချတိုက်ခိုက်ခဲ့ရာ ထိခိုက်ပျက်စီးမှုများရှိကြောင်း ​ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Facebook