Connect with us

Hi, what are you looking for?

News

ဒီးမော့ဆိုတိုက်ပွဲ စစ်ကောင်စီတပ်မှ ၁၀ဦးထက်မနည်းသေဆုံးဟု KNDF ထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီတပ်များ သည် ဒီး‌‌မော့ဆိုနှင့် ဖရူဆိုမြို့နယ်တို့မှ စစ်ကြောင်းများဖြင့် ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖက်မှ ၁ဝဦး ထက်မနည်း သေဆုံးကာ စစ်ကားနှစ်စီး ပျက်စီးခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် ယနေ့(အောက်တိုဘာ၂၆) ညနေပိုင်းက ကရင်နီလက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်၍ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးထက်မနည်းသေဆုံးခဲ့သည်ဟု ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)က ထုတ်ပြန်သည်။

ယနေ့ညနေ ၄နာရီတွင် ဒီးမော့ဆိုမြို့နယ် ထွီလွီးဘီလာကျေးရွာနှင့် ငွေတောင်ရွာသစ်ကျေးရွာအကြား၌ ၂နာရီခွဲ နီးပါး တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များ သည် ဒီး‌‌မော့ဆိုနှင့် ဖရူဆိုမြို့နယ်တို့မှ စစ်ကြောင်းများဖြင့် ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖက်မှ ၁ဝဦး ထက်မနည်း သေဆုံးကာ စစ်ကားနှစ်စီး ပျက်စီးခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

ကရင်နီတပ်မတော် (KA)နှင့် KNDF တပ်တို့မှ ထိခိုက်မှုမရှိကြောင်းဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်များက ဒီး‌မော့ဆိုသဲတောင်နှင့်ခြေရာတော်ဘုရား အနီးတဝိုက်တွင် တပ်စွဲလျက်ရှိပြီး လက်နက်ကြီး လက်နက်ငယ်များဖြင့် လူနေရပ်ကွက်များသို့ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ ယနေ့ညနေပိုင်းတွင် တိုက်ပွဲ ဖြစ်ပွားရာ ဒီး‌မော့ဆိုမြို့ကောင်းကင် ၌ အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်သုံးလေယာဥ် ပျံဝဲခဲ့ကြောင်း KNDFက ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဖယ်ခုံ၊ မိုးဗြဲ၊ ဒီးမော့ဆိုနှင့် ဖရူဆိုမြို့နယ်တို့၌ စစ်ဆင်‌ရေး များပြုလုပ်လျက်ရှိပြီး ယခုရက်ပိုင်း မိုးဗြဲနှင့် ဒီးမော့ဆိုတို့တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက် ရှိသည်ဟုဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

Facebook