Connect with us

Hi, what are you looking for?

သတင်း

AA က နခခ (၅)ကိုသိမ်းပိုက်ပြီး​မောင်​တောတစ်မြို့နယ်လုံးကိုသိမ်းပိုက်ထိန်းချုပ်

​AA က​မောင်​တောမြို့ကို အလုံးစုံသိမ်းပိုက်နိုင်ပြီဖြစ်၍ မြန်မာ-ဘဂ်လား​​ဒေရှ်နယ်စပ် ​ဒေသတစ်ခုလုံးကိုထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

AA က နခခ (၅)ကိုသိမ်းပိုက်ပြီး​မောင်​တောတစ်မြို့နယ်လုံးကိုသိမ်းပိုက်ထိန်းချုပ်
AA က နခခ (၅)ကိုသိမ်းပိုက်ပြီး​မောင်​တောတစ်မြို့နယ်လုံးကိုသိမ်းပိုက်ထိန်းချုပ်

▪︎မြန်မာ-ဘဂ်လား​ဒေရှ်နယ်စပ် ​ဒေသတစ်ခုလုံးကိုAA ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်

အိမ်သွင်/People’s Spring

မောင်တောမြို့မှ တစ်ခုတည်းသော နောက်ဆုံးလက်ကျန်စခန်း နယ်ခြားစောင့်ရဲ ဌာနချုပ်- နခခ (၅)ကို အာရက္ခတပ်တော်(AA)က သိမ်းယူလိုက်ပြီး တမြို့လုံးကို ရာနှုန်းပြည့် ထိန်းချုပ်နိူင်ပြီဟု ရခိုင်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

” တပ်တော်က နခခ(၅)ထဲကို မနေ့က(ဒီဇင်ဘာလ ၆ရက်) ဝင်စီးနိုင်ပြီး ထိန်းချုပ်နိုင်ခဲ့ပါပြီ။ စစ်ကောင်စီက လေကြောင်းကနေ ဆက်တိုက်ပစ်နေဆဲပါ။ ဒါပေမယ့် တပ်တော်က ရပြီးပါပြီ” ဟု အထက်ပါစစ်ရေးသတင်းရင်းမြစ်ကပြောသည်။

မောင်တောမြို့သိမ်းတိုက်ပွဲကို AAက သြဂုတ်၄ ရက်မှစတင်ခဲ့ခြင်းဖြစ်သည်။ အောက်တိုဘာလအထိ တိုက်ပွဲများတွင် နခခ(၅)မှလွဲ၍ကျန် စခန်းများကိုသိမ်းယူထားနိုင်ခဲ့သည်။ စစ်‌ကောင်စီက နခခ (၅) ကို လေကြောင်းမှတစ်ဆင့် လက်နက်၊ လူ၊ ရိက္ခာများ ပို့ပြီး မြို့ပေါ်ရပ်ကွက်များကို လေကြောင်းမှတိုက်ခိုက်ကာ ခုခံနေခဲ့သည်။ AAကလည်း နခခ(၅) ကို သိမ်းယူရေး အပြင်းအထန်ထိုးစစ်ဆင်နေကြောင်း ရခိုင်စစ်ရေးသတင်းများနှင့်အတူ ထုတ်ပြန်သည်ပေးခဲ့သည်။

Public Service Announcement

Public Service Announcement

အာရက္ခတပ်တပ်၏ ဒီဇင်ဘာ ၆ ရက် ညပိုင်းထုတ်ပြန်ချက်တွင် နခခ(၅)စခန်းအတွင်းမှ ခုခံနေသော ရန်သူများအဖို့ ဝေဟင်မှ ခဲယမ်း၊ ရိက္ခာများ ဖြည့်တင်းပေး ရုံမှလွဲ၍ ကုန်းလမ်း၊ ရေလမ်းမှ မည်သည့်စစ်ကူမျှ လာရောက်ဖြည့်တင်းပေးနိုင်သော အခြေအနေမျိုး မဟုတ်သောကြောင့် နခခ (၅) စခန်းကို မကြာမီသိမ်းပိုက် ရရှိနိုင်တော့မည့် မောင်တောမြို့၏ နောက်ဆုံး လက်ကျန်စခန်းဟု ထုတ်ပြန်ခဲ့သည်။ ယခု‌နောက်ဆုံးအခြေနေကို ထုတ်ပြန်လာခြင်းမရှိသေးပေ။

AAသည် နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်းတိုက်ပွဲများ၌ တောင်ကုတ်၊အမ်း၊ မောင်‌‌‌တောမြို့နယ်တို့ကို သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီး ဂွမြို့နယ်ကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်နေသည်။

​AA က​မောင်​တောမြို့ကို အလုံးစုံသိမ်းပိုက်နိုင်ပြီဖြစ်၍ မြန်မာ-ဘဂ်လား​​ဒေရှ်နယ်စပ် ​ဒေသတစ်ခုလုံးကိုထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

AA က ရခိုင်ပြည်နယ်တွင် မြို့နယ် ၁၁မြို့နယ်ကိုအလုံးစုံသိမ်းပိုက်ထိန်းချုပ်ထားပြီး ၊ အမ်း နှင့် ​တောင်ကုတ်မြို့နယ်တို့တွင် လည်း မြို့များကိုထိန်းချုပ်ထားနိုင်ကာ စစ်တပ်လက်ကျန် စခန်းများကို အပြီးသတ်သိမ်းပိုက်ရန်ထိုးစစ်ဆင်​နေသည်။

ဆက်စပ်သတင်းများ

သတင်း

အမြောက်ခုနစ်ချက်ပစ်ဖောက် ဂုဏ်ပြု

ဆောင်းပါး

စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ကရောင်းချနေတဲ့ ထီလက်မှတ်တွေဟာဝယ်သူများပြားတဲ့အတွက်မြို့နယ်အချို့မှာ လမကုန်ခင်တပတ်လောက်အလိုကတည်းက ထီလက်မှတ်ဝယ်​တွေကုန်သွားပြီး ဝယ်မရတော့ဘူးလို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA)တို့ တနာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEF ကဒီက​နေ့သတင်းထုတ်ပြန်ပါတယ်။